spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၀) ရက်၊ (ကြာသပတေးနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၀) ရက်၊ (ကြာသပတေးနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– လွိုင်ကော်မြို့မှာ မတ်လအတွင်း မိုင်းနင်းမိတဲ့ ပြည်သူ ၅ဦး ရှိပြီး ၂ဦးသေဆုံး
– လွိုင်ကော်မြို့တွင်း အဝေးပြေးယာဥ်ရပ်နားစခန်းကို ကယားဒေးကွင်းအနီး ပြန်လည်ဖွင့်လှစ်ထား
– ဒီးမော့ဆိုမြို့ရှိ ကွိုင်ငံရေထွက်ပေါက်မှာ အမျိုးသားတဦးရဲ့ အလောင်းကို တွေ့ရှိ
– IEC ထိန်းချုပ်နယ်မြေမှာ အဆင့်မြင့်ပညာရေးတက္ကသိုလ် ၅ ကျောင်း ဖွင့်လှစ်ထား စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
“စစ်ရှောင်မိသားစုတွေ ကြုံနေရတဲ့ အရေပြားယားယံမှု ပြဿနာ”ဆိုတဲ့ ဆောင်းပါးကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ အင်တာဗျူးအစီအစဉ်ကနေပြီး ကနျားမော်ဖောင်ဒေးရှင်းတည်ထောင်သူ မော်ရီးရီနဲ့ တွေ့ဆုံမေးမြန်းထားတာကို ကြားကြရဖို့ ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img