spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၅) ရက်၊ (အင်္ဂါနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၅) ရက်၊ (အင်္ဂါနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– မိုးဗြဲမှာ စစ်ကောင်စီရဲ့ မီးလောင်ဗုံးကြောင် နေအိမ် ၂ လုံး ထပ်မံမီးလောင်ပျက်စီး၊ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဟုဆို
– တိုက်ပွဲဖြစ်ပွားနေတဲ့ ဘောလခဲမြို့ပေါ်မှာ ပြည်သူ ၁၀၀ ဝန်းကျင် ကျန်ရှိနေဆဲဟုဆို
– လွိုင်ကော်မြို့မှာ ပြန်လည်နေထိုင်သူတွေရဲ့ စာရင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လိုက်လံကောက်ခံ
– တိုက်ပွဲတွေမှာ အဆိပ်ငွေ့ ပိုသုံးလာတဲ့အပေါ် စစ်ကောင်စီက ဝါဒဖြန့်ပြီး ငြင်းဆို
– ကရင်နီအမျိုးသားကောလိပ်ကျောင်းမှာ သင်ကြားမယ့် ဆရာ၊ဆရာမတွေအပြင် ပစ္စည်းကိရိယာတွေ လိုအပ်နေတယ်လို့ ကျောင်းတာဝန်ခံဆို
စတဲ့သတင်းတွေအပါအဝင် နောက်ဆုံးရသတင်းတွေနဲ့ မိုးလေဝါသသတင်း။
 ဒေသတွင်း သတင်းတွေနဲ့ သတင်းဆောင်းပါးဖြစ်တဲ့  “အိပ်မက်အတွက် အိမ်ကို စွန့်ခွာခဲ့သူ (သို့) ခူးဘိုလော” အကြောင်းကိုကြားရမှာပါ။
အဲဒီနောက်မှာတော့ အပတ်စဉ် တင်ဆက်ပေးတဲ့ Local Star အစီအစဉ်ကနေ “ “The voice of freedom” သီချင်းဆိုပြိုင်ပွဲမှ ဒုတိယဆုရှင် ပီတာ” နဲ့ တွေ့ဆုံမေးမြန်းထားတာကို နာဆင်ရမှာပါရှင်….။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img