KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၆) ရက်၊ (ဗုဒ္ဓဟူးနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ကရင်နီလူမှုဖွံ့ဖြိုးရေးသင်တန်းကျောင်း (KSDC ) မှ လက်မှတ်အပ်နှင်းခြင်းနဲ့ ကျောင်းဆင်းပွဲ အခမ်းအနားကျင်းပ ပြုလုပ်
– ဒီးမော့ဆိုနဲ့ ဖရူဆိုမှာ မနှစ်ကထက် မန်ကျည်းသီးမှည့် ဈေးနှုန်း ပိုရ
– လွိုင်ကော်မြို့အဝင်အထွက်ပြုလုပ်သူတွေကို အားကာသိပ္ပံကျောင်း စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်ကို Tablet နဲ့ တိုက်ဆိုင် စစ်ဆေးနေ
စတဲ့သတင်းတွေအပါအဝင် နောက်ဆုံးရသတင်းတွေနဲ့ မိုးလေဝါသသတင်း၊ ဒေသတွင်းသတင်းတွေနဲ့ သတင်းဆောင်းပါးတွေကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးတဲ့ ကုန်ဈေးနှုန်း သတင်းတွေနဲ့ သုတအဖြာဖြာအစီအစဉ်ကနေ “ သက်တမ်းကုန် ဆုံးရက်မရှိတဲ့ မြေမြုပ်မိုင်း” နဲ့ တွေ့ဆုံမေးမြန်းထားတာကို နာဆင်ရမှာပါရှင်….။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။