KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၇) ရက်၊ (ကြာသပတေးနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– နန်းစံခမ်း ကျေးရွာ လယ်တောမှာ မိုင်းနင်းမိတဲ့ အမျိုးသမီး ညာခြေတစ်ဖက်ဖြတ်ရ
– KSDC ကျောင်းမှာ စာသင်ကြားမှုအပြင် လက်တွေ့ ကွင်းဆင်းမှုပါ သင်ကြားဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်
– ဖရူဆို အရှေ့ဘက်ခြမ်းကို လက်နက်ကြီး ၂ လုံး ကျရောက်ပြီး ဒေသခံအမျိုးသမီးတစ်ဦး ထိမှန်၍ ဒဏ်ရာပြင်းထန်
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့ ဆောင်းပါးတွေကိုလည်း နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ အင်တာဗျူးကဏ္ဍကနေပြီး “ကရင်နီအမျိုးသားကောလိပ် (KnNC ) ရဲ့ ဘွဲ့လက်မှတ် အပ်နှင်းခြင်း အခမ်းအနားမှာ KnNC ကျောင်းတာဝန်ခံ ဆရာမကြီး မော်မိမာနှင့် တွေ့ဆုံမေးမြန်းခြင်း”ကိုလည်း ကြားကြရဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။