spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်၊ (တနင်္လာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မတ်လ (၃၁) ရက်၊ (တနင်္လာနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ငလျင်ဘေးသင့်ပြည်သူတွေ ကရင်နီပြည်တွင်းလာရောက်ခိုလှုံနိုင်တယ်လို့ IEC ပြော
– နန်းစံဖူးချောင်း ရေကျဆင်းပြီး ၃ ရက်ကြာအထိ အသုံးပြုလို့ မရသေး
– ကရင်နီကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက် ၊ လူနေအိမ်ပျက်စီး
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
အမျိုးသမီးကဏ္ဍကနေပြီး “သမီးလေးတွေအနာဂတ်လှဖို့ ရင်ကို အခွဲခံခဲ့တဲ့မိခင် (သို့မဟုတ်)မော်ငါးမြာ” ဆိုတဲ့အကြောင်းကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “ရှားတောမြို့နယ်မှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း”ကိုလည်း ကြားကြရဖို့ ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img