spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၉) ရက်၊ (ဗုဒ္ဓဟူးနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၉) ရက်၊ (ဗုဒ္ဓဟူးနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ဖရူဆို၊ အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ ရိုးရာ တောလိုက်ခြင်းပြုလုပ်ခဲ့ ၊ တောဝက်နဲ့ ဂျီ ရရှိ
– ဆိုမိုဖေစိုးလေးမြို့နယ်က အမှတ် ၂ စစ်ရှောင်စခန်းမှာ အလယ်တန်းအဆင့်ထိ ကျောင်းဖွင့်နိုင်ဖို့ အကူအညီလိုအပ်နေ
–  လေဖိအားနည်းရပ်ဝန်းကြောင့် ကရင်နီအပါအဝင် တိုင်းနဲ့ ပြည်နယ် တချို့မှာ နေရာ စိပ်စပ်နဲ့ နေရာကွက်ကြား မိုးရွာသွန်းမည်ဟုဆို
– လွိုင်ကော်အရှေ့ခြမ်းမှာ တောမီးကြောင့် တဲအိမ် ၅လုံး မီးလောင်ပြာကျပြီး ကိုင်းရှည်ထွန်စက်တစ်စီး မီးလောင်ပျက်စီး
–ဖရူဆိုမြို့နယ်တွင် တပတ်သာ နွေရာသီ လူငယ်သင်တန်း ပြုလုပ်ခဲ့
–မိုးဗြဲ ရှေ့တန်းတိုက်ပွဲမှာ ကျသွားတဲ့ KNDF တပ်ရင်း ၂၉ ကရဲဘော် ၂ဦးရဲ့ စျာပနာအခမ်းအနားပြုလုပ်
–ဒီးမော့ဆိုမြို့နယ်မှာ (၂၅ ) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အကြို အခမ်းအနားကို ကျင်းပ
စတဲ့သတင်းတွေအပါအဝင် မိုးလေဝါသသတင်းနဲ့ ဒေသတွင်းသတင်းတွေ ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးတဲ့  “ကုန်ဈေးနှုန်းသတင်း” နဲ့ သုတအဖြာဖြာအစီအစဉ်ကနေပြီး “ နွေရာသီမှာအဖြစ် များတဲ့ ခန္ဓာကိုယ်အတွင်း ရေဓာတ်လျော့နည်းခြင်း (သို့မဟုတ်) ရေဓာတ်ခန်း ခြောက်ခြင်း” အကြောင်းကို နာဆင်ရမှာပါရှင်….။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img