spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက်၊ (ကြာသပတေးနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၀) ရက်၊ (ကြာသပတေးနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ဘန်ကောက် တိုက်ပြိုကျမှုအတွင်း ပိတ်မိနေတဲ့ ကရင်နီလူငယ်ရဲ့ မိသားစုဝင်က DNA စစ်ဆေးဖို့ ဘန်ကောက်ကိုလာမည်
– လွိုင်ကော်မြို့ထဲ ဝင်ရောက်လာသူတွေရဲ့ ငွေလွဲအ‌ကောင့်တွေကို စစ်ကောင်စီ စစ်ဆေး၊ ဖမ်းဆီးခံရသူရှိ
– စစ်ဘေးရှောင်ရင်း လွိုင်ကော်စစ်ရှောင်တချို့ ရိုးရာအစဉ်အလာမပျက်အောင် ကေးထျိုးဘိုးပွဲကို ကျင်းပပြုလုပ်
– လာမယ့် စာသင်နှစ်အမီ ရေဘေးသင့်ခဲ့တဲ့ ကျောင်းဆောင်ကို ပြန်လည် ပြုပြင်ဖို့ အကူအညီလိုအပ်နေ
– ဖရူဆိုမှာ ဆေးဖက်ဝင် သစ်ဥသစ်ဖုတွေ နည်းပါးလာတာကြောင့် တနိုင်တပိုင် ရှာဖွေရောင်းချသူတွေ အခက်တွေ့
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့  ဒီကနေ့မှာ ကျရောက်တဲ့ “၂၅ ကြိမ်မြောက် ငွေရတု ကယန်းအမျိုးသားနေ့”မှာ ကယန်းတိုင်းရင်းသားတွေရဲ့ စကားသံတွေကိုလည်း ကြားကြရဖို့ ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img