spot_imgspot_imgspot_imgspot_img
Tuesday, May 20, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၄) ရက်၊ (တနင်္လာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၄) ရက်၊ (တနင်္လာနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ကရင်နီပြည်တပ်မတော် ထိန်းချုပ်နယ်မြေမှာ အရေးပေါ်အခြေခံ ဆေးသင်တန်း အပတ်စဉ် ( ၁ ) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
– ဆိုမိုဖေစိုးလေးမြို့နယ်က ရေဘေးနဲ့ စစ်ဘေး ကြောင့် နေအိမ်ပျက်စီးသွားသူတွေ ပြန်လည်ထူထောင်ရေးအတွက် သစ်ထုတ်လုပ်ခွင့် လိုလားနေပါတယ်။
– ဒေသခံတွေကန့်ကွက်တဲ့ကြားက မြင်းမထိတောင် သတ္တုတူးဖော်ရေးကို လေးပွင့်ကြယ်နဲ့ မစ္စတာဝမ် ကုမ္ပဏီ ဆက်လုပ်ဆောင်နေတယ် ဆိုတဲ့အကြောင်း၊
– သိကျိတ်ကျေးရွာကို ဗုံးကြဲတဲ့ စစ်ကောင်စီက အပစ်ခတ်ရပ်စဲရေးပါ သဘောတူညီချက်ကို ချိုးဖောက်တာလို့ ကယန်းပြည်သစ်ပါတီပြောတယ် ဆိုတဲ့သတင်း၊
– ဒီးမော့ဆိုက ပြိုကျနေဆဲ တွင်းကြီးကို အန္တရာယ်မဖြစ်အောင် အနီးဝန်းကျင်မှာ ခြံစည်းရိုးခတ်ထားလိုက်တဲ့အကြောင်း တွေနဲ့ ဒေသတွင်းသတင်းတွေကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ အမျိုးသမီးကဏ္ဍကနေပြီး “အိမ်တွင်းအကြမ်းဖက်မှုတွေ နှုတ်ပိတ်ခံနေရဆဲလား” ဆိုတဲ့အကြောင်း၊ “ဆုံးရှုံးမှုတွေကို ပျော်ရွှင်မှုနဲ့ အစားထိုးကြသူတွေ…” ဆိုတဲ့ဆောင်းပါးနဲ့အတူ “လွိုင်ကော်မြို့နယ် အရှေ့ခြမ်းမှာရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း”ကိုလည်း ထုတ်လွှင့်တင်ဆက်ပေးပါမယ်ရှင့်။..

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img