spot_imgspot_imgspot_imgspot_img
Tuesday, May 20, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၁) ရက်၊ (တနင်္လာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၁) ရက်၊ (တနင်္လာနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– မိုးဗြဲမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် အထိနာကာ ပြန်လည်ဆုတ်ခွာခဲ့ရ၊ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရဟုဆို
– ဖယ်ခုံမြို့မှာ ဦးဇင်းနဲ့ ကပ္ပိယ တို့ကို ပစ်ခတ်သတ်ဖြတ်သူကို ပြည်နယ်တရားရုံးမှာတရားစွဲ
– ရှမ်းတောင်အခြေစိုက် တပ်ရင်း၊တပ်ဖွဲ့တွေ KNDF ဗျူဟာအမှတ် ( ၉ ) အဖြစ် ပူးပေါင်းဖွဲ့စည်း
– ဖရူဆိုအနောက်ခြမ်းမှာ ခွေးကိုက်ခံရသူရှိပြီး ကာကွယ်ဆေးထိုးနှံဖို့ ငွေကြေးမတတ်နိုင်သူရှိနေ
– စစ်ကောင်စီတပ်သား ၂ဦး Loikaw Local PDF ထံ အလင်းဝင်လာ
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
အမျိုးသမီးကဏ္ဍကနေပြီး “ချည်အခက်အခဲကြောင့် ရိုးရာဝတ်စုံတွေ ဝတ်ဆင်နိုင်ဖို့ အခက်အခဲဖြစ်လာတဲ့ ဆိုမိုဖေစိုးလေးက အမျိုးသမီးများ” ဆိုတဲ့အကြောင်းကိုလည်း နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “ဖရူဆိုမြို့နယ်အနောက်ခြမ်း ဟိုယာကျေးရွာမှာ‌ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း”ကိုလည်း ထုတ်လွှင့်တင်ဆက်ပေးပါမယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img