spot_imgspot_imgspot_imgspot_img
Tuesday, May 20, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၃) ရက်၊ (ဗုဒ္ဓဟူးနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၃) ရက်၊ (ဗုဒ္ဓဟူးနေ့)

ဒီကနေ့ နားဆင်ရမှာကတော့

– မြင်းမထိတောင် သတ္တုတူးဖော်မှု လက်မခံနိုင်ကြောင်း ဒေသခံတွေဆန္ဒပြထုတ်ဖော်

– ဒီးမော့ဆိုမြို့ပေါ်က စစ်ရေးအရအရေးပါတဲ့ မြေတွေကို အကွက်ရိုက် ရောင်းချတာတွေမလုပ်ဖို့ ယာယီအုပ်ချုပ်ရေးကောင်စီ က စည်းကမ်းချက်ထုတ်

– ရှမ်းတောင်ဒေသမှာ အဓိကထားပြီး စစ်ရေးဖော်ဆောင်မယ်လို့ အသစ်ဖွဲ့စည်းလိုက်တဲ့ KNDF ဗျူဟာ ၉ ရဲ့ စစ်နည်းဗျူဟာမှူး ပြော

– ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်းက ဦးဆောင်ပြီး ဒေသတွင်း လူငယ် နဲ့ ရဲဘော်ကို အခြေခံကွန်ပြူတာ သင်တန်းပို့ချပေးခဲ့

– ဆိုမိုဖေစိုးလေး(ရှားတော)မြို့နယ်မှာ ကျောင်းနေအရွယ် လူငယ်တွေ ကျောင်းထွက်နှုန်း (၅၀) ရာခိုင်နှုန်းထိ ရှိနေ

–အဓမ္မစုဆောင်းပြီး ရှေ့တန်းပို့ဆောင်ခံရတဲ့ စစ်ကောင်စီတပ်သား ၂ဦး လက်နက်နှင့်တကွ KNDF ထံ ဘက်ပြောင်းခိုလှုံလာ

စတဲ့သတင်းတွေအပါအဝင် မိုးလေဝသ သတင်းနဲ့ ဒေသတွင်းသတင်းတွေကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးတဲ့ ကုန်ဈေးနှုန်းသတင်းနဲ့ သုတအဖြာဖြာအစီအစဉ်ကနေပြီး “ ကယားရိုးရာ တျားအီလူး (ခေါ် ) ရိုးရာကေ့ထျိုးဘိုးအကြောင်း” ကို နားဆင်ကြရမှာပါရှင်…..။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img