spot_imgspot_imgspot_imgspot_img
Monday, May 19, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၄) ရက်၊ (ကြာသပတေးနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၄) ရက်၊ (ကြာသပတေးနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– PNLO ရဲ့ ဌာနချုပ်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ လူနေအိမ်တချို့ ထိခိုက်ပျက်စီး
– လေပြင်းတိုက်ခတ်မှုကြောင့် ပွန်ချောင်းစစ်ရှောင်စခန်းက တဲအိမ် (၁၅) လုံး နဲ့ ကိုယ်ထူကိုယ်ထ ဆေးပေးခန်း ပျက်စီး၊ အရေးပေါ်အကူညီ လိုအပ်နေ
– လွိုင်ကော် သီရိမင်္ဂလာတောင်စျေးမှာ  အလုပ်သမား ၁ ဦး ဓါတ်လိုက် သေဆုံး
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
အင်တာဗျူးကဏ္ဍကနေပြီး “ ကရင်နီလူမျိုးတွေရဲ့ ရိုးရာဓလေ့တခုဖြစ်တဲ့ တံခွန်တိုင် ပွဲတော်မှာ ဘာကြောင့် အမျိုးသမီးတွေ ကပြခွင့် မရှိတာလဲ။” ဆိုတာနဲ့ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားတာကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “ စိုက်ပျိုးစရာမြေရှိရင် မငတ်ဘူးလို့ ပြောတဲ့ စစ်ရှောင်တောင်သူ ဒေါ်ဖဲမြာ”ဆိုတဲ့ဆောင်းပါးကိုလည်း နားဆင်ကြရမှာပါ။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img