spot_imgspot_imgspot_imgspot_img
Monday, May 19, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၅) ရက်၊ (သောကြာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၅) ရက်၊ (သောကြာနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ဧပြီလ ၂၄ ရက်နေ့ တရက်အတွင်း စစ်ကောင်စီဟာ မယ်စဲ့မြိုန့ယ်တစ်နေရာနဲ့ ဖားဆောင်းမြို့နယ် မော်ချီးဒေသ တစ်နေရာကို  လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
– မော်ချီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူ ၅ ဦးရှိပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
– ငလျင်ဘေးသင့် စစ်ရှောင်လူထုတွေ မိုးရာသီအမီ နေအိမ်ပြန်ဆောက်နိုင်ဖို့ အကူအညီလိုအပ်
– လေးပွင့်ကြယ်ကုမ္ပဏီကိုယ်စားလှယ် ဦးဘက်စုံကို ပရာဒေါင်းဆွေမျိုးစုက နယ်နှင်ဒဏ်ပေးကြောင်း အသိပေး
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့ “စိုးရိမ်ပူပန်မှုကြားက စားဝတ်နေရေး ဖြေရှင်းနေကြတဲ့ ဖယ်ခုံအရှေ့ဖက်ကမ်းက ဒေသခံတွေရဲ့စကားသံများ” ကိုလည်း နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “သဘာဝဘေး နဲ့ စစ်ဘေး တွေကြောင့် မြေစာပင်ဖြစ်ခဲ့ရတဲ့ မိသားစု” ဆိုတဲ့ဆောင်းပါးနဲ့အတူ “လွိုင်ကော်ြမိုန့ယ်အရှေ့ခြမ်းမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်း” သတင်းကိုလည်း ထုတ်လွှင့်တင်ဆက်ပေးပါမယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img