KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၃၀) ရက်၊ (ဗုဒ္ဓဟူးနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ဖရူဆိုမှာ ဝက်သားပေါက်စျေး မြှင့်တက်နေ၊ တပိုင်တနိုင် ဝက်မွေးမြူတဲ့ အိမ်ရှင်မတွေ ဝယ်ယူရန်ခက်ခဲလာ
– စစ်ရှောင်နဲ့ ရွာခံများပူးပေါင်းပြီး ကိုယ်ထူကိုယ်ထ လမ်းပြုပြင်
– မိုးဗြဲမြို့အတွင်းကို ပြည်သူတွေ ဖြတ်သန်းသွားလာမှုမလုပ်ဖို့ မိုးဗြဲ PDF ထပ်မံ သတိပေး
– K-Pioneer အဖွဲ့က ဦးဆောင်ပြီး ကရင်နီပြည်အတွင်းက ကျောင်း ၃ ကျောင်းကနေထုတ်လုပ်တဲ့ မုန်ညှင်းချဥ်ခြောက် ထုတ်လုပ်ရောင်းချ
– မိုးရာသီအမီ ကျောင်းဆောင်အမိုးပြုပြင်ဖို့ ရောင်နီဦးကျောင်းမှ အရေးပေါ် အကူအညီလိုအပ်
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့ မိုးလေဝတွေကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးတဲ့ “ကုန်ဈေးနှုန်းသတင်း” နဲ့ သုတအဖြာဖြာ အစီအစဉ်ကနေ “ “ ကရင်နီက HIV ပိုးကူးစက်ခံရသူတွေ ART ဆေးကို ဘယ်လိုရယူနေကြရသလဲ ” ဆိုတဲ့အကြောင်းကို နားဆင်ရမှာ ဖြစ်ပါတယ်ရှင်…..။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။