KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မေလ (၁) ရက်၊ (ကြာသပတေးနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ဒီးမော့ဆိုမြို့၊ မြောင်းအောက်ရပ်ကွက်အနီးမှာ ကြိုးဆွဲချ သေဆုံးနေတဲ့ အမျိုးသားတစ်ဦး အလောင်းတွေ့ရှိ
– KNPP ကပြုလုပ်တဲ့ ပါတီကေဒါသင်တန်း အပတ်စဉ်(၈) ကို သင်တန်းသား ၂၁ ဦး တက်ရောက်ပြီးစီး
– ရန်သူသတင်းပေးတွေကြောင့် လိုပွာခိုခရိုင်မှာ star link တွေ ကို တစ်လတိတိပိတ်ထားရန် ညွန်ကြားထား
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့ “စစ်ကောင်စီကင်းစင်တဲ့ တော်လှန်ရေးနယ်မြေက ဒေသခံတွေရဲ့ ဆရာဝန်ရရှိရေး မျှော်လင့်ချက် ပြည့်စုံနိုင်မလား”ဆိုတဲ့ ဆောင်းပါးကိုလည်း နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “အင်တာဗျူးကဏ္ဍ” ကနေပြီး “ ကရင်နီပြည်တွင်း မြေယာမူဝါဒနဲ့ပတ်သက်ပြီး ကရင်နီအတိုင်ပင်ခံကောင်စီ KSCC အထွေထွေအတွင်းရေးမှူး မော်ဒေးမြာ… နဲ့ တွေ့ဆုံမေးမြန်း” ထားတာကိုလည်း ထုတ်လွှင့်တင်ဆက်ပေးသွားပါမယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။