KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မေလ (၉) ရက်၊ (သောကြာနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ဘန်ကောက်တိုက်ပြိုကျမှုမှာ ပိတ်မိနေတဲ့ ကရင်နီဒေသခံ မောင်လူစီယားနိုကို မတွေ့ရှိသေး
– မိုးဗြဲဆည်မြောင်းဘေးရှိ လက်ပံကွင်း စစ်ဘေးရှောင်တွေ သောက်သုံးရေအခက်အခဲဖြစ်နေပြီး အကူအညီတောင်းခံ
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသ သတင်းကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “အစိုးရအပြောင်းအလဲကြောင့် ကြားကာလမှာ မြေယာရောင်းဝယ်မှုက တရားမဝင်” ဆိုတဲ့အကြောင်း၊ ဒီမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်းနဲ့အတူ “လူထုစာလွှာ” အစီအစဉ်ကနေပြီး ပြည်သူတွေ ရေးသားပေးပို့လာတဲ့ စာလွှာတွေကိုလည်း တင်ပြပေးသွားပါမယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။