KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မေလ (၁၄) ရက်၊ (ဗုဒ္ဓဟူးနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ကလေးနဲ့ အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်တဲ့ အနာဂတ်ပြည်ထောင်စု ကာကွယ်ရေးတပ် ပေါ်ပေါက်လာဖို့ ကြိုးပမ်းရမယ်လို့ KNDF တိုက်တွန်း
– မော်ချီးမှာ Starlink Wifi စက်သိမ်းဆည်းမှုအပေါ် KNDF လိုဂိုတံဆိပ်နဲ့ ထုတ်ပြန်ချက်ဟာ အတုသာဖြစ်ဟုဆို
– မော်ချီးဒေသကို စစ်ကောင်စီ ၅ကြိမ်မြောက် ထပ်မံဗုံးကြဲ၊ အရပ်သားထိခိုက်မှုရှိ
ဒီသတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့ မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေကိုလည်း နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “ဖရူဆိုမြို့နယ်အနောက်ခြမ်း ဟိုယာကျေးရွာမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း”၊
အပတ်စဉ် ဗုဒ္ဓဟူးနေ့မှာ ထုတ်လွှင့်တင်ဆက်ပေးနေတဲ့ “သုတအဖြာဖြာ” အစီအစဉ်ကနေပြီး “မုတ်သုံရာသီမှာ သတိပြုသင့်သည်များ” ဆိုတဲ့အကြောင်းကိုလည်း ထုတ်လွှင့်တင်ဆက်ပေးသွားပါမယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။