spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မေလ (၂၂) ရက်၊ (ကြာသပတေးနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မေလ (၂၂) ရက်၊ (ကြာသပတေးနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– မိုးဗြဲမြို့မှာ စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေတဲ့သတင်း၊
– အပြီးသတ်သဘောတူညီမှု မရမချင်း သတင်းအချက်အလက် မပေါက်ကြားရေးအပါအဝင် ၇ ချက်ဖြင့် လေးပွင့်ကြယ်ကုမ္ပဏီနဲ့ ဆွေမျိုးစုကြား သတောတူညီခဲ့တယ်ဆိုတဲ့အကြောင်း၊
– နန်းမယ်ခုံက စေတနာ့၀န်ထမ်း ကျောင်းဆရာ၊ဆရာမတွေကို သင်တန်းပို့ချပေးခဲ့ပါတယ်
– နွေစပါးစိုက်ပျိုးထားတဲ့ တောင်သူတချို့ရဲ့ စပါးခင်းကို ကြွက်နဲ့ ငှက် ကိုက်ဖြတ်ဖျက်ဆီး
ဒီသတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
“ ကရင်နီပြည်သူတွေရဲ့ ဆန်၊ စပါး လိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ ကိုယ်တိုင် လယ်စိုက်ပြီး စပါးမျိုးသန့်ထုတ်နေတဲ့ ဒေါက်တာ စောဦးရယ်” ဆိုတဲ့ ဆောင်းပါးကိုလည်း နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ စားနပ်ရိက္ခာလျှော့ချခံရတဲ့ ကရင်နီ ဒုက္ခသည်စခန်း – ၂ က လူထုတွေရဲ့ စိုးရိမ်ပူပန်မှုနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားတာကိုလည်း ထုတ်လွှင့်ပေးသွားပါမယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img