spot_imgspot_imgspot_imgspot_img
Saturday, June 14, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မေလ (၂၆) ရက်၊ (တနင်္လာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မေလ (၂၆) ရက်၊ (တနင်္လာနေ့)
ဒီနေ့မှာတော့
– ဘောလခဲ၊ ရေနီပေါက်က စစ်ကောင်စီရဲ့ ကာကင်းစခန်း သိမ်းပိုက်မှုအတွင်း ပူးပေါင်းတပ်ဖက်မှ ၄ ဦး ကျဆုံး
– မိုးဗြဲမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ Mobye Local PDF ရဲဘော်တစ်ဦး စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး စိုးရိမ်ရ
– မော်ချီး  ဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေနဲ့အတူ ကျောက်‌ခဲတွေပါလာပြီး လူနေအိမ်များထိခိုက်
ဒီသတင်းတွေအပါအဝင် အပတ်စဉ် တနင်္လာနေ့မှာ ထုတ်လွှင့်ပေးနေတဲ့ အမျိုးသမီး အစီအစဉ်ကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ လွိုင်ကော်မြိုနယ် အရှေ့ခြမ်းမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်းကိုလည်း ထုတ်လွှင့်တင်ဆက်ပေးသွားပါမယ်ရှင့်…….

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img