KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁ ) ရက်၊ (ဗုဒ္ဓဟူးနေ့)
ဒီကနေ့ မှာတော့ ထုတ်လွှင့်မည့်အစီအစဉ်များ
-ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဌ ခူဦးရယ်ရဲ့ ကရင်နီလူထုတွေအတွက် နှစ်သစ်မိန်းခွန်း။
-နေ့ထူးနေ့မြတ်တွေမှာ ကျည်ဆံဖြုန်းတီးစေတဲ့ သေနတ်ဖောက်တာ၊ မိုင်းခွဲတာတွေကို မပြုလုပ်ဖို့ KA အမှတ် ၅ တပ်ရင်းမှူး အမိန့်ညွှန်ကြားတဲ့သတင်းနဲ့ မိုးလေဝသ သတင်း…
-အထူးအစီအစဉ်အနေနဲ့ ကရင်နီအုပ်ချုပ်ရေးပိုင်းမှာ တာဝန်ရှိသူတွေ၊ အဝေးရောက်နေတဲ့ ကရင်နီလူမျိုးတွေရဲ့ ကရင်နီလူထုအတွက် နှစ်သစ်ဆုတောင်းစကားသံတွေကို နားဆင်ရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။