spot_imgspot_imgspot_imgspot_img
Sunday, October 13, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက် (စနေနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက် (စနေနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဖရူဆိုအနောက်ဘက်ခြမ်းက အများပြည်သူသွားလာတဲ့ လမ်းမကြီးမှာ မြေပြိုမှုထပ်ဖြစ်ပွား၊ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ ပွန်ချောင်းရေမြှင့်တက်လာတာကြောင့် စစ်ဘေးရှောင်အိမ်ခြေ ရာနဲ့ချီ နစ်မြုပ်
– ဆိုမိုဖေစိုးလေးမြို့နယ်က ကျေးရွာ ၃ရွာမှာ မိုးရေကြီးပြီး နေအိမ်အများစု ရေနစ်မြုပ် စတဲ့သတင်းတွေနဲ့အတူ
– မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကရင်နီ ၊ ရှမ်း – ကရင်နီနယ်စပ်က နေရာဒေသ ၆ ခုမှာ ရေကြီးမှုနဲ့ မြေပြိုမှုဖြစ်နေ ၊ စစ်ရှောင်တဲ ၁၀ လုံးကျော် ပျက်စီးမှုရှိ
– ရှမ်း-ကရင်နီနယ်စပ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ဦး သေဆုံး၊ ၃ဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိ ဆိုတဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ကြရမှာပါ။
ဒါတွေအပြင် ဒေသတွင်းသတင်းတွေနဲ့
–  “လူထုစာလွှာ” အစီအစဉ်ကနေပြီး ပြည်သူတွေ ပေးပို့လာတဲ့ စာလွှာတွေကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်းတေးသီချင်းတွေနဲ့ voaနိုင်ငံတကာသတင်းတွေကို ဆက်လက်နားဆင်ရဖို့ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz  နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ  ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့်  ဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img