KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မေလ (၂၉) ရက်၊ ကြာသပတေးနေ့)
ဒီနေ့မှာတော့
– ဆောင်းပြောင်းကျေးရွာမှာ လူနေအိမ် မီးလောင်ပျက်စီးမှု များပြားတယ်လို့ ဒေသခံတွေပြော
– မယ်စဲ့မြို့နယ်က စစ်ရှောင်စခန်းတနေရာမှာ အလယ်တန်းကနေ အထက်တန်းအဆင့်ကို တိုးချဲ့ဖွင့်လှစ်ရန်ပြင်ဆင်ပြီး အကူအညီတွေ လိုအပ်နေ
ဒီသတင်းတွေအပါအဝင် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ တန်ဖိုးမဖြတ်နိုင်တဲ့ ပြည်သူပေးတဲ့ ထမင်းထုပ် ဆိုတဲ့ ဆောင်းပါးနဲ့အတူ
အင်တာဗျူးအစီအစဉ်ကနေပြီး “ဖေစိုးလေး”လူငယ်အဖွဲ့ရဲ့ အတွင်းရေးမှူး-၁ ခူးငါးရယ်နဲ့ တွေ့ဆုံမေးမြန်းထားတာကိုလည်း ထုတ်လွှင့်တင်ဆက်ပေးသွားပါမယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။