KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မေလ (၃၀) ရက်၊ သောကြာနေ့)
ဒီနေ့မှာတော့
– ဆောင်းပြောင်းကျေးရွာ တိုက်ပွဲ ၁၀ ရက်ကြာအတွင်း တော်လှန်ရေးတပ်ပေါင်းစုဖက်ကနေ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းခဲ့တဲ့အပြင် စခန်းကုန်းပါ သိမ်းပိုက်ရရှိထားဟုဆို
– ကော်ယော် သို့မဟုတ် မနုမနော ဆိုတဲ့ လူမျိုးအမည်ကို ကော်ယော်မနုမနော အဖြစ်ပြောင်းလဲ ခေါ်ဆိုဖို့ သတ်မှတ်
– မယ်ဟောင်ဆောင်ခရိုင်အတွင်း ဖမ်းဆီးခံရတဲ့ အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ထောင်ဒဏ်နဲ့ ငွေဒဏ်ဆောင်ရ
ဒီသတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့ မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ အစိုးရအပြောင်းအလဲကြောင့် ကြားကာလမှာ မြေယာရောင်းဝယ်မှုက တရားမဝင် ဆိုတဲ့ ဆောင်းပါးနဲ့အတူ လူထုစာလွှာအစီအစဉ်၊ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကို ထုတ်လွှင့်တင်ဆက်ပေးသွားပါမယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။