spot_imgspot_imgspot_imgspot_img
Saturday, June 14, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃) ရက်၊ (အင်္ဂါနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃) ရက်၊ (အင်္ဂါနေ့)
ဒီနေ့မှာတော့
– ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ဒေသခံကျေးရွာတချို့  စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ လက်နက်ကြီးကြောင့် ညတွင်းချင်းထွက်ပြေးတိမ်းရှောင်ရ
– လွိုင်ကော်မြို့အတွင်း ပြည်သူ့စစ်နဲ့ ယာဥ်ထိန်းရဲတွေ ပူးပေါင်းပြီး လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီး
– ဒီးမော့ဆို အနောက်ဖက်ခြမ်းက လေးမိုင်ဈေးတန်းလမ်းဆုံမှာ  ယာဉ်တိုက်မှုဖြစ်ပွား၊ တစ်ဦးသေဆုံး
– ထိုင်းနိုင်ငံ သစ်စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ ကရင်နီလူငယ်တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိပြီး အကူအညီလိုအပ်နေ
ဒီသတင်းတွေအပါအဝင် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့
အပတ်စဉ် အင်္ဂါနေ့မှာ တင်ဆက်ပေးနေတဲ့ “Local Star အစီအစဉ်” ကနေ
“MC Kayahlay နဲ့ တွေ့ဆုံမေးမြန်းခြင်း” ကိုလည်း ထုတ်လွှင့်တင်ဆက်ပေးသွားပါမယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img