KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၅) ရက်၊ (ဗုဒ္ဓဟူးနေ့)
– စစ်ကောင်စီတပ်နဲ PNO ပူးပေါင်းတပ်ဖွဲ့စစ်ကြောင်း ဆောင်နန်းခဲကျေးရွာအထိ ရောက်လာ
– ဆောင်နန်းခဲကျေးရွာက နေအိမ်တွေကို စစ်ကောင်စီနဲ့ PNO တို့ မီးရှို့ဖျက်ဆီး၊ တစ်ဝက်ကျော် မီးလောင်ပြာကျဟုဆို
– ကရင်နီမှာ ဆား တစ်ထုပ်ကို နှစ်ထောင်ဝန်းကျင်ထိ ရှိလာ
– မိုးဗြဲတိုက်ပွဲအတွင်း ဒီးမော့ဆိုအမှတ် (၁၁၀၂)တပ်ရင်းက ရဲဘော်တစ်ဦး ကျဆုံး
– မော်ချီးဒေသကို စစ်ကောင်စီဗုံးထပ်ကြဲ၊ ထိခိုက်မှုများရှိနေ
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသတင်းနဲ့ ဒေသတွင်းသတင်းတွေကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးတဲ့ “ကုန်ဈေးနှုန်းသတင်း” နဲ့ “သုတအဖြာဖြာ” အစီအစဉ်ကနေပြီး “ပျောက်လိုက် ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေတဲ့ အရေပြားရောဂါကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေတဲ့အကြောင်း” နားဆင်ရပါမယ်ရှင်…။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။