KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်၊ (ကြာသပတေးနေ့)
– လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတဲ့ မော်ချီးမှာ အမျိုးသား ၇ ဦးသေဆုံးခဲ့ဟုဆို
– မိုးဗြဲတိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ရဲဘော်ရဲဘော်ဒေးဗစ် ရဲ့ စျာပနအခမ်းအနားပြုလုပ်ခဲ့
ဒီသတင်းတွေအပါအဝင် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေနဲ့ “ခွဲစိတ်ကုသနိုင်ဖို့ အကူအညီရရှိရေး မျှော်လင့်နေတဲ့ မွေးရာပါ မသန်စွမ်း သမီးလေးမာရ်နာ” ဆိုတဲ့အကြောင်းကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ ကြာသပတေးနေ့မှာ ထုတ်လွှင့်တင်ဆက်ပေးနေတဲ့ အင်တာဗျူးအစီအစဉ်ကနေ “ ဖွံဘော်ခွတ်မြို့နယ် ကျန်းမာရေးဦးစီးအရာရှိ ဒေါ်ဂျူးလစ်နဲ့ တွေ့ဆုံမေးမြန်းခြင်း”ကိုလည်း ကြားကြရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။