KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃၀) ရက်၊ (တနင်္လာနေ့)
– စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် (၆၀) အရွယ် မိုးဗြဲဒေသခံအမျိုးသမီးတစ်ဦး သေဆုံး
– လွိုင်ကော်မြို့တွင်းမှာ မြေမြုပ်မိုင်းကြောင့် အရပ်သားတွေ ထိခိုက်မှုရှိ
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေ၊ “ပြည်တွင်းကုန်စည်ပြတ်လပ်မှု ထပ်မဖြစ်အောင် နယ်မြေထိန်းချုပ်ရေးအဖွဲ့တွေ ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း လုပ်ငန်းရှင်တွေပြော”တဲ့အကြောင်းကိုလည်း နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ တနင်္လာနေ့မှာ တင်ဆက်ပေးနေတဲ့ “အမျိုးသမီးအစီအစဉ်” နဲ့အတူ၊ “ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်း” သတင်းကို နားဆင်ကြရမှာပါ။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။