KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၁) ရက်၊ (အင်္ဂါနေ့)
– ဒီးမော့ဆိုအခြေစိုက် စစ်ကောင်စီတပ်ကနေ ဒီးမော့ဆိုအနောက်ခြမ်းကို လက်နက်ကြီးတွေပစ်ခတ်နေ
– ဒေလကြိုအုပ်စုအတွင်းရှိ ဝေးလံခေါင်ဖျားတဲ့ ကျေးရွာသုံးရွာကလူထုတွေ ဆေးခန်းတစ်ခုရရှိနိုင်ဖို့ မျှော်လင့်နေ
– ဒေလကြိုကျေးရွာမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များပြီး ဆေးဝါးအကူအညီလိုအပ်နေ
– မိုးဗြဲမြို့ လမ်းမကြီးကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြပါဖို့ ရှမ်းတောင် – (ကရင်နီ) တပ်ပေါင်းစု သတိပေး
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသတင်းနဲ့ ဒေသတွင်းသတင်းတွေကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးတဲ့ လူငယ်အစီအစဉ်ကနေပြီး “တေးသံရှင် ခူးထဲဖဲ” နဲ့ တွေ့ဆုံမေးမြန်းထားတာကို နားဆင်ရပါမယ်ရှင်…။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။