KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၂) ရက်၊ (ဗုဒ္ဓဟူးနေ့)
– ကရင်နီပြည် တိုက်ပွဲ တစ်နေရာတွင် KNDF တပ်ရင်း (၈)မှ ဒု-ရင်းမှုး အပါအဝင် (၃)ဦးကျဆုံး
– KNPDP အပတ်စဥ်(၃) စစ်သင်တန်း ဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့
– ဇွန်လတစ်လအတွင်း ကရင်နီ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ်(၆၂၆) တပ်ရင်းက ရဲဘော် ၂ ဦးကျဆုံး
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသတင်းနဲ့ ဒေသတွင်းသတင်းတွေကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးတဲ့ သုတအစီအစဉ်ကနေပြီး “ မုန်တိုင်းနှင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားလာရင် ဘေးကင်းအောင် ဘယ်လိုနေထိုင်မလဲ” ဆိုတဲ့အကြောင်း နားဆင်ရပါမယ်ရှင်…။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။