spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

KT-FM ကရင်နီဘာသာ အစီအစဉ် ဇူလိုင်လ ( ၂၃ ) ရက်၊ ၂၀၂၂ ခုနှစ် (စနေနေ့)

ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့

  • ဒီးမော့ဆိုမြို့မှာ ၅နှစ်အောက်စစ်ရှောင်ကလေး ၃၀ရာခိုင်နှုန်း အာဟာရချို့တဲ့မှု ကြုံတွေ့နေရ
  • ဖရူဆိုမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၄ဦးသေဆုံး
  • တပ်မဆုတ်နိုင်ဟု SSPP မှ စစ်ကောင်စီထံ အကြောင်းပြန် ဆိုတဲ့သတင်း၊ “အနာဂတ်အိမ်မက်ပိုင်ဆိုင်နိုင်ဖို့ လက်နက်ကိုင်တော်လှန်ကြတဲ့ အာဂပျိုမေများ” ဆိုတဲ့ဆောင်းပါးနဲ့အတူ၊ ယင်းတလဲဘာသာအစီစဉ်နဲ့ ကရင်နီ သီချင်းကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။
    KT-FM ကရင်နီဘာသာအစီအစဉ်ကို နေ့စဉ် ည ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးလျက်ရှိပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာဘဲ ထိုင်း-ကရင်နီနယ်စပ်နှင့် ကရင်နီပြည်အတွင်းနေရာအချို့တွင် ရေဒီယိုနှင့် လက်ကိုင်ဖုန်းများဖြင့် FM 100 mhz တွင် ဖမ်းယူနားဆင်နိုင်ပါတယ်။
spot_img
spot_img