spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာအစီအစဉ် ၊ ၂၀၂၃၊ ဧပြီလ ၈ ရက်နေ့ (စနေနေ့)

ဒီကနေ့ ထုတ်လွှင့်မယ့် KT-FM မြန်မာဘာသာရေဒီယို အစီအစဉ် သတင်းတွေထဲက …..

– ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)မှာ ကရင်နီအမျိုးသားကောလိပ် (KnNC)ရဲ့ ဘွဲ့နှင်းသဘင်အပ်နှင်းခြင်း နဲ့ ကျောင်းဆင်းပွဲအခမ်းအနားပြုလုပ်

– တဲအိမ်တွေ ဝါးပိုးထိုးတဲ့ ပြဿနာ မကြာခဏ ဖြေရှင်းနေရလို့ စစ်ရှောင်တွေ အခက်တွေ့နေကြပါတယ်

– ရောက်တဲ့နေရာမှာ အစဉ်အလာမပျက် ရိုးရာ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲ ကို ကရင်နီစစ်ရှောင်တွေ ပြုလုပ်ကြပါတယ်

စတဲ့သတင်းတွေအပါအဝင် ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေ၊ ဒေသတွင်းသတင်းတွေ

– မော်ချီးဒေသမှာ ကုန်စျေးနှုန်း ၃ဆနီးပါးမြင့်တက်တာကြောင့် ဒေသခံတွေ အခက်အခဲတွေ့နေရတယ် ဆိုတဲ့ သတင်းပေးပို့ချက် နဲ့ ‘မတူကွဲပြားမှုတွေကြားက ရှေ့ဆက်ရမယ့် ကရင်နီစစ်ရှောင်များ ’ ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာဖြစ်ပါတယ်။

ဒါအပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။ FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ ၊ မြန်မာစံတော်ချိန် မနက် ၆ခွဲ အချိန်မှာ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။

spot_img
spot_img