spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာအစီအစဉ် ၊ ၂၀၂၃၊ မေလ ၁၂ ရက်နေ့ ( ‌‌သောကြာနေ့)

ဒီကနေ့ ထုတ်လွှင့်မယ့် KT-FM မြန်မာဘာသာရေဒီယို အစီအစဉ်
သတင်းတွေထဲက …..
– မြန်မာပြည်သူအားလုံးအတွက် လူသားချင်းစာနာထောက်ထားပံ့ပိုးမှုလုပ်ငန်း ပြုလုပ်နိုင်ဖို့ EROs နဲ့ NUG တို့မှ အာဆီယံကို တိုက်တွန်း
– ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ သောက်သုံးရေ ရရှိဖို့ ကိုယ်ထူကိုယ်ထ ရေသွယ်ယူ
– စစ်ကောင်စီကို တန်ပြန်တော်လှန်ရာမှာ အဓိကျတဲ့ အရေးပေါ်လိုအပ်ချက် ပွိုင့် 5 အတွက် ကမ်ပိန်းကို အားဖြည့်ပေးကြဖို့ KNDF မေတ္တာရပ်ခံ
စတဲ့ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေ၊ ဒေသတွင်းသတင်းတွေ …..
-ကရင်နီပြည်အစိုးရ တရားရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူတော်ရယ်(အက်စ်) နှင့် တွေ့ဆုံမေးမြန်းခြင်းကို ကြားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင်  ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ ခွဲ ၊ မြန်မာစံတော်ချိန် မနက် ၆ခွဲ  မှ ၇ နာရီအထိ  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။  ထိုင်း-ကရင်နီနယ်စပ်နှင့် ကရင်နီပြည်အတွင်းနေရာအချို့မှာတော့ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် FM ရေဒီယိုလိုင်း 100 mhz တွင် ဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img