spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာအစီအစဉ် ၊ ၂၀၂၃၊ မေလ ၂၇ ရက်နေ့ ( ‌‌စနေနေ့)

ဒီကနေ့ ထုတ်လွှင့်မယ့် KT-FM မြန်မာဘာသာရေဒီယို အစီအစဉ်
သတင်းတွေထဲက …..
– ရှေ့တန်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ KNDFတပ်ရင်း(၉) ရဲဘော် မောင်ဂျွန်ရောဘက် ဈာပန ကို ဒီကနေ့ ပြုလုပ်
– အသက်(၆၀) ကျော်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦး ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေ
– လွိုင်ကော်မြို့တွင်း စာသင်ကျောင်းတွေမှာ ၂၀၂၃-၂၀၂၄ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေ
− စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် ကရင်နီလူထုတွေ စိုးရိမ်မှုများနေ
စတဲ့ကရင်နီဒေသမှ နောက်ဆုံးရသတင်းတွေနဲ့ ဒေသတွင်းသတင်တွေနဲ့
– “လက်ဝှေ့ချန်ပီယံဖြစ်ချင်တဲ့ အန်တောညို (M Taw Nyo) ” ဆိုတဲ့  ဆောင်းပါးကို ကြားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

FM မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ ခွဲ ၊ မြန်မာစံတော်ချိန် မနက် ၆ခွဲ  မှ ၇ နာရီအထိ  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။  ထိုင်း-ကရင်နီနယ်စပ်နှင့် ကရင်နီပြည်အတွင်းနေရာအချို့မှာတော့ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် FM ရေဒီယိုလိုင်း 100 mhz တွင် ဖမ်းယူနားဆင်နိုင်ပါတယ်။

spot_img
spot_img