spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

KySDP မှ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအချို့ရဲ့ရွေးကောက်ပွဲကတိကဝတ်၊ ဒေသလိုအပ်ချက်အတွက် ဆောင်ရွက်ပေးလိုတဲ့ အကြောင်းအရာအချို့

Author

Date

Category

နိုဝင်ဘာလ(၈)ရက်နေ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကယားပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေ ပြည်နယ်တွင်း မြို့နယ် (၇)မြို့နယ်ထဲက မဲဆန္ဒနယ် (၃၄)ရှိတဲ့အနက် (၃၀)နေရာ အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။


ဝင်ရောက်ယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအချို့ရဲ့ရွေးကောက်ပွဲကတိကဝတ်၊ ဒေသလိုအပ်ချက်အတွက် ဆောင်ရွက်ပေးလိုတဲ့ အကြောင်းအရာအချို့ကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

ခူးမိုက်ကယ်ဘိုးရယ် (ရှားတောမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁))

ခူးမိုက်ကယ်ဘိုးရယ် (ရှားတောမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁))
ခူးမိုက်ကယ်ဘိုးရယ်ဟာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေ ဝင်ရောက်အရွေးခံမယ့် အသက်အငယ်ဆုံးလူငယ်ကိုယ်စားလှယ်လောင်းဖြစ်ပါတယ်။ ရှားတောဒေသခံဖြစ်တဲ့အတွက်ကြောင့် ဒေသရဲ့လိုအပ်ချက်တွေကို ဆောင်ရွက်သွားပေးချင်တယ်လို့ ဆိုပါတယ်။

“ဒေသရဲ့လိုအပ်ချက်နဲ့အညီ လူထုတွေရဲ့တောင်းဆိုလာတဲ့အကြောင်းအရာတွေကို အစောနပြောခဲ့သလိုပဲ ညီအစ်ကိုစိတ်ထားနဲ့ကျတော်တို့အကောင်းဆုံး ကူညီပေးပြီးတော့မှ လုပ်ဆောင်သွားဖို့ကတိပေးပါတယ်။”

ခူးပလုရယ် (ဒီမော့ဆိုမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁))

ခူးပလုရယ် (ဒီမော့ဆိုမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁))
ခူးပလုရယ်ဟာ ဒေသရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ထဲထဲဝင်ဝင်ပါဝင်လုပ်ရှားတဲ့သူဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအပြင် ဌာနေတိုင်းရင်းသားတွေရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကား စတာတွေကို မြှင့်တင်ပေးချင်တယ်လို့ဆိုပါတယ်။

“ကျတော်ကနယ်ခံတစ်ယောက်ဖြစ်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းဖက်မှာလည်း ပြည်သူလူထုဖက်ကနေ နှစ်ပေါင်းဆယ်စုနှစ် နှစ်ခုလောက်ကျတော်တို့လုပ်လာခဲ့တယ်။ ကိုယ့်ပြည်နယ်အခြေအနေကို အကောင်းဆုံးသိတယ်။ အဲဒါကြောင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှုဖြစ်စဉ်ပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကို ရပ်တည်ကြိုးပမ်းတဲ့နေရာမှာ လူထုနဲ့ပူးပေါင်းဆောင်ရွက်ဖို့ ကျတော်အသင့်ဖြစ်တယ်ပေါ့။အားလုံးပါဝင်ပြီးတော့ ပွင့်လင်းတဲ့ ဒေသန္တရအုပ်ချုပ်ရေးပေါ့လေ အဓိက ဘတ်ဂျက်ပေါ့ ရပ်ကျေးအဆင့်ကနေ မြို့နယ် ခရိုင် အစရှိသဖြင့် အဆင့်ဆင့်လူထုတွေက သိရှိပြီးတော့မှ ဝင်ပြီးတော့ သူတို့စီမံကိန်းအတွက် မြို့နယ် ဒေသအတွက်လုပ်ဖို့ ဒီလိုအဆင့်ဆင့်သော ပွင့်လင်းမြင်သာမှုနဲ့ ဒေသန္တရအုပ်ချုပ်ရေးအဆင့်ဆင့်ကို ကျတော်တို့ အားကောင်းအောင်လုပ်ချင်တယ် တည့်မတ်ချင်တယ်။ ဒီအတွက် ကျတော့်ကိုယ် ကျတော်လည်း ယုံကြည်မှုအပြည့်အဝရှိတယ်။”

နော်မားကရက်စိန် (ဖားဆောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်)

နော်မားကရက်စိန် (ဖားဆောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်)
နော်မားကရက်စိန်ဟာ ခဲသတ္တုထွက်ရှိတဲ့ မော်ချီးဒေသခံတစ်ယောက်ဖြစ်သလို ကျန်းမာရေးမှူးအငြိမ်းစားတစ်ယောက်လည်းဖြစ်ပါတယ်။ ခဲသတ္တုတူးဖော်ရေးလုပ်ငန်းက ဒေသခံတွေရဲ့စားဝတ်နေရေးဖြစ်တဲ့အတွက် မြေပြိုမှုမဖြစ်ပွားနိုင်အောင် နည်းပညာပိုင်းတွေကိုရှာဖွေပေးချင်တယ်လို့ ဆိုပါတယ်။

“မော်ချီးဒေသမှာ အဓိက ပြဿနာကတော့ ခဲသတ္တုတူးဖော်ရေးလုပ်ငန်းပဲဖြစ်တယ်ပေါ့နော။ သူတို့ရဲ့အဓိက အသက်မွေးဝမ်းကြောင်း ဝမ်းစာကလည်း ခဲဖြစ်တယ်။ ဒါကြောင့်မလို့ ခဲသတ္တုတူးဖော်တဲ့နေရာတွေပေါ့ တောင်တန်းတွေ ဘာတွေဆိုလို့ရှိရင်လည်း ဘယ်လောက်ကြာကြာသူတို့ သူတို့လုပ်စားလို့ရမလဲ အဲ့အတွက်ကို ကိုယ်တစ်ယောက်အနေနဲ့ကတော့ နည်းပညာပေါ့နော ဒီဟာတွေကို ပြိုတဲ့နေရာတော့ပြိုပြီ တကယ်လို့ မပြိုဘူး အမာခံရှိတဲ့နေရာတွေကိုကော ဘယ်လိုဆက်လက်ပြီး လုပ်ကိုင်စားသောက်နိုင်မယ်ဆိုတဲ့နည်းပညာရယ် တကယ်လို့ လုပ်စားပိုင်ခွင့်ရမယ်ဆိုရင်လည်း အဓိက ဌာနေတိုင်းရင်းသားဒေသခံတွေကို ဦးစားပေးဖို့ နေရာတွေလည်းကျန်နေပါသေးတယ်ပေါ့။ ခဲတကယ်လုပ်မယ် တကယ်လုပ်တဲ့အချိန် အခုလိုဆိုးဆိုးဝါးဝါးမြေပြိုမှုတွေမဖြစ်အောင် ဘယ်လိုနည်းပညာတွေသုံးမယ် အဲ့နေရာကိုပြန်လုပ်စားတဲ့အခါမှာလည်း ပြည်သူတွေထဲကတောင်မှ တကယ့်ဒေသခံတွေ ဌာနေတိုင်းရင်းသားတွေ ဘယ်လိုလုပ်စားလို့ရမလဲဆိုတဲ့နည်းပညာကိုတော့ သူတို့ကို တကယ်ရှာဖွေပေးချင်သလို တကယ်လည်းလုပ်ပေးချင်တဲ့ရည်ရွယ်ချက်ရှိပါတယ်လို့။”

ဦးစောဆောလမုန် (ဘောလခဲမြို့နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂))

ဦးစောဆောလမုန် (ဘောလခဲမြို့နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂))
ဦးစောဆောလမုန်ဟာ စီးပွားရေးနယ်ပယ်မှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒေသအတွက် စီးပွားရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်းတွေကို ပိုပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်တယ်လို့ဆိုပါတယ်။

“စိုက်ပျိုးရေးကဏ္ဍမှာ ကယားပြည်နယ်မှာရှိတဲ့စိုက်ပျိုးရေးလုပ်ငန်းကနေထွက်ရှိတဲ့ ပြောင်း၊ မြေပဲ၊ နှမ်း၊ ကြက်သွန်၊ ငရုတ် အားလုံးကို ဒေသဖူလုံအောင် ဆောင်ရွက်ပေးသည့်သာမကပဲ နိုင်ငံကိုတင်ပို့ပေးနိုင်တဲ့အထိ ပြင်ဆင်ထားတာရှိပါတယ်။ အဓိကကတော့ ကျတော်တို့ပြည်နယ်ကနေ စိုက်ပျိုးရေးကဏ္ဍကနေ ထွက်ရှိတဲ့ ပစ္စည်းတွေကို ကယားပြည်နယ်အနေနဲ့ကတော့ မယ်စဲ့ကုန်သွယ်ရေးစခန်းအနေနဲ့ မယ်စဲ့ဖက်မှာရှိပါတယ်။ ပြောင်းကိုတော့ အဓိကတင်ပို့လျက်ရှိတယ်။ ပြီးတော့ ငရုတ်တွေကိုတင်ပို့လျက်ရှိတယ်။ နောက်နောင် ဒီထက်မက တင်ပို့နိုင်အောင် ဈေးကွက်တွေဖန်တီးပေးဖို့အများကြီးစီစဉ်ထားတာရှိပါတယ်။ ဒုတိယတစ်ချက်ကတော့ ကုန်သွယ်ရေးလုပ်ငန်းပေါ့လေ ကုန်သွယ်ရေးလုပ်ငန်းမှာလည်း ကျတော်တို့အနေနဲ့ ထိုင်းနိုင်ငံဖက်နေ ချင်းမိုင်၊ ဘန်ကောက်ဖက်က ကုန်သည်ကြီးတွေနဲ့ချိတ်ဆက်ပြီးတော့ ကုန်သွယ်မှုလုပ်ငန်းတွေ လုပ်ထားတာရှိပါတယ်။ စိုက်ပျိုးရေးထွက်ကုန်တွေကိုတင်ပို့မယ်။ Input အနေနဲ့ကတော့ အိမ်ဆောက်ပစ္စည်းလုပ်ငန်းတွေတင်ပို့မယ် ပြန်တင်သွင်းမယ်။ ပြီးတော့ စားသောက်ကုန်တွေတင်သွင်းမယ် အဝတ်အထည်တွေပြန်တင်သွင်းမယ် ပြည်နယ်တွင်းမှာလိုအပ်တဲ့ ပစ္စည်းသုံးကုန်မှန်သမျှပေါ့လေ ဒေသလူထုလိုအပ်ချက်တွေနဲ့အညီ တင်သွင်းဖို့အတွက် ဆောင်ရွက်မယ်ဆိုတဲ့အခါ ကုန်သွယ်ရေးလုပ်ငန်းကို ကြီးကြီးမားမားလုပ်ဖို့အတွက် ရည်ရွယ်ထားတာရှိပါတယ်။ တတိယတစ်ချက်ကတော့ ခရီးသွားလုပ်ငန်းကတော့ ကယားပြည်နယ် သဘာဝမြေပြင်အနေအထားအရကတော့ အများကြီးဆွဲဆောင်မှုရှိပါတယ်။ အဓိကအားဖြင့် ကျတော့်တို့အတွေ့အကြုံအနေနဲ့ မယ်ဟောင်ဆောင်မှာရှိတဲ့ ခရီးသွားအေဂျင်စီတွေနဲ့အဆက်အသွယ်အများကြီးရှိပါတယ်။ မယ်ဟောင်ဆောင်ကနေတဆင့် မယ်ပန်ချောင်း၊ သံလွင်မြစ် ပြီး တောတောင်သဘာဝအလှကိုဆွဲဆောင်တဲ့နေရာတွေ အများကြီးရှိတဲ့အတွက်ကြောင့် ခရီးသွားလုပ်ငန်းအတွက် အများကြီးအထာက်အကူပြုမယ့် ရှုခင်းတွေ သဘာဝပထဝီအနေအထားတွေရှိပါတယ်။
ထိုနည်းတူစွာ ခရီးသွားလုပ်ငန်းတွေ တိုးတက်ဖို့အတွက် တိုးတက်ပြီးတာနဲ့ သူနဲ့ဆက်နွယ်နေတဲ့ ဟိုတယ်လုပ်ငန်းတွေ မော်တော်ယာဉ်လုပ်ငန်းတွေ ဘာသာပြန်အသက်မွေးဝမ်းကြောင်းတွေ နောက်ပြီးတော့ အမှတ်တရပစ္စည်းဆိုင်တွေ အဲဒီအပေါ် တစ်ပြေးညီတိုးတက်မယ်လို့ မျှော်လင့်ပါတယ်။”

ဦးစောဒယ်နီယယ် (ဖားဆောင်းမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂))

ဦးစောဒယ်နီယယ် (ဖားဆောင်းမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂))
ဦးစောဒယ်နီယယ်ဟာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီရဲ့ ဒုတိယဥက္ကဌဖြစ်သလို လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံမယ့်ကိုယ်စားလှယ်လောင်းတစ်ဦးလည်းဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်ကို လိုလားသူတစ်ဦးဖြစ်ပါတယ်။

“ကျတော်တို့က ဖက်ဒရယ်ကိုလိုချင်ကြတယ်။ အပေါ်ကချပေးတဲ့ဖက်ဒရယ်က တော်တော်နဲ့ရနိုင်မှာမဟုတ်ဘူး ကိုယ့်ပြည်နယ်အနိုင်ရမှ ကိုယ့်ဘာသာကိုယ် ဖန်တီးမှ ဖက်ဒရယ်ဆိုတာထွက်လာမှာ အဲဒါတစ်ခုပြောချင်ပါတယ်။ ကျတော်တို့ ဖက်ဒရယ်ကို လိုချင်တယ်ဆိုပြီးတော့ ပြည်နယ်ပါတီကိုမဲမပေးဘဲနဲ့ တခြားကို မဲသွားပေးရင်တော့ ကျတော်တို့လိုချင်တဲ့ ဖက်ဒရယ်ဆိုတာ ဝေးအုံးမယ်ဖြစ်တယ်ဆိုတဲ့သတင်းစကားလေး ပါးချင်ပါတယ်။”

ကျော်ကျော်ထွန်း (မယ်စဲ့မြို့နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅))

ကျော်ကျော်ထွန်း (မယ်စဲ့မြို့နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅))
“ကျတော်မြို့နယ်အပေါ်မှာ ကတိကဝတ်ပေးထားတဲ့ဟာကတော့ ရွေးကောက်ပွဲမှာသာ အနိုင်ရခဲ့မယ်ဆိုရင် နယ်စပ်ကုန်သွယ်ရေးကို ဖွင့်လှစ်နိုင်အောင်ကြိုးစားသွားမယ် မျှတတဲ့တရားစီရင်ရေးကိုဖော်ဆောင်သွားမယ်။ သီးနှံဈေးကွက်ပေါ့ သီးနှံဈေးကွက်အခိုင်အမာရရှိအောင် ဖော်ဆောင်သွားမယ်လို့ ကတိကဝတ်ပြုပါတယ်။”

spot_img
spot_img

Recent posts