spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

LAIN နည်းပညာ အထောက်အကူပြုအဖွဲ့ ဘုတ်ဥက္ကဌ ဆရာကျော်ထင်အောင်နဲ့ တွေ့ဆုံမေးမြန်းခြင်း။

Author

Date

Category

“COVID ကြောင့် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မြေပြင် လုပ်ဆောင်မှု အားနည်းနေတယ်” လို့ ပြောဆိုလိုက်တဲ့

LAIN နည်းပညာအထောက်အကူပြုအဖွဲ့ ဘုတ်ဥက္ကဌ ဆရာကျော်ထင်အောင် နဲ့ တွေ့ဆုံမေးမြန်းခြင်း။

စိုးထိုက်အောင်

မေး။ ။ အခုလက်ရှိမှာ ရွေးကောက်ပွဲကော်မရှင်တွေက ဘာတွေလုပ်ဆောင်နေတာကို ဆရာတို့အနေနဲ့တွေ့ရလဲ။ ဘာတွေလုပ်ဆောင်သင့်နေပြီလဲ။

ဖြေ။ ။ ဟုတ်ကဲ့ကျတော်တို့လက်ရှိ Covid ကာလက ဒီသူတို့တွေရဲ့ ဟို လုပ်ကိုင်ဆောင်ရွက်မှု အချိန်မြင့်ရမဲ့ ကာလမှာကို ဒါ လာကျသွားတယ်ပေါ့ အဲ့ကြောင့် လာကျသွားတဲ့ အတွက်ကြောင့်မလို့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲအတွက် ၂၀၂၀ပြည့်နှစ်အစ ကျတော်တို့အခု ၅လကြီးမှာ မြေပြင်လှုပ်ရှားမှု အတိုင်းအတာ ဘာမှမလုပ်ဆောင်နိုင်သလို ဖြစ်ပြီးတော့ စာရင်းအင်းပိုင်းဆိုင်ရာ နဲ့သူတို့ရုံးပိုင်းဆိုင်ရာတွေဘဲ လုပ်နေရတယ်ဆိုတဲ့အနေအထားဖြစ်တယ်။ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းတွေရယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်တွေကလည်း အခုချိန်ထိ အခြေခံမဲစာရင်းကိစ္စ၊ မဲပေးပိုင်ခွင့် ကိစ္စတွေကို On Paper ဘဲလုပ်နေရပြီးတော့၊ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ၊ ဒီ လ.ဝ.က တွေနဲ့အခုချိန်ထိကို မဲပေးပိုင်ခွင့် စာရင်း အကြမ်းအနေနဲ့ ပေါ့နော် ဒီရွေးကောက်ပွဲကျင်းပမဲ့ ရက်မှာ ၁၈နှစ်ပြည့်ပြီးသူတွေရဲ့အရေအတွက် ပဏာမ စာရင်းတောင်မှ ဒါဘယ်လိုမှ မလုပ်နိုင်သေးသလို အခုလိုအခြေခံမဲစာရင်းဆိုပြီးတော့ လူတွေကို ကပ်ပေးဖို့အတွက်တောင်မှ မပြီးသေးဘူးလို့ကျတော်တို့သိထားရတယ်။

LAIN နည်းပညာအထောက်အကူပြုအဖွဲ့ ဘုတ်ဥက္ကဌ ဆရာကျော်ထင်အောင်

မေး။ ။ အရင် ၂၀၁၅ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲနီးကပ်တဲ့အချိန်မှ မဲစာရင်းတွေကိုကြေညာတဲ့အတွက် ရွေးကောက်ပွဲမှာ မဲမပေးရတဲ့လူတွေရှိတယ်လို့သိရတယ်။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ အဲ့လိုမျိုးတွေ မဖြစ်ဖို့အတွက် အခုချိန်မှာ ဘာတွေလုပ်ဆောင်ဖို့လိုနေပြီလဲ။

ဖြေ။ ။ ဟုတ်ကဲ့ တကယ်တန်း အနီးကပ်ဆုံးရွေးကောက်ပွဲကိုကျင်းပသွားတဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ကြည့်မယ်ဆိုရင် ဒီမေလမှာနောက်ဆုံးပတ်မှာဆိုရင် ဒါအခြေခံမဲစာရင်း ဒုတိယအသုတ်ကို ဒါကြေညာနေတဲ့ ကာလဖြစ်နေပြီပေါ့ အဲ့ဆိုတော့ အခုချိန်မှ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပထမ အသုတ်တောင်မှ ဒီအခြေခံမဲစာရင်းကို မကြေညာနိုင်သေးဘူး။ လူထုတွေလည်းကိုယ်ဒီမဲဆန္ဒနယ်မှာ မဲစာရင်းပါ မပါဆိုတဲ့ အခြေအနေကိုမသိကြသေးဘူး။ မှားယွင်းတဲ့ အမည်တို့၊ သက္ကရာဇ်တို့ အချက်အလက်တွေကို ပြင်ဆင်၊ပယ်ဖျက်တာတို့၊ ဖြည့်စွတ်တာတို့ လုပ်ဖို့တွေကိုလဲ ဒါကလိုအပ်တယ်။

မေး။ ။ ကျတော်တို့ပြည်နယ်မှာ မှတ်ပုံတင်မကိုင်ဆောင်ထားတဲ့လူက ၂၀၁၄ သန်းခေါင်စာရင်းအရ ၂၀၀၀၀ နီးပါးရှိတယ်လို့သိရတယ်။ သူတို့ကျတော့ရော မကိုင်ဆောင်ထားတဲ့အတွက်မဲမပေးရတော့ဘူးလား။ ရွေးကောက်ပွဲကော်မရှင်ရုံးတွေက ဘာတွေလုပ်ပေးသင့်လဲ။

ဖြေ။ ။ ဟုတ်ကဲ့ တကယ်တမ်းကတော့ ဒါတွေသည်နိုင်ငံသားဖြစ်တယ်။ ကျတော်တို့၉၄-၉၅-၉၆ ဒီ ကျတော်တို့ပြည်နယ်ရဲ့ပြည်တွင်းစစ်ကြောင့်မို့လို့စစ်ရှောင့်ခဲ့ရတဲ့သူတွေ၊ ရွာတွေ ၊ အိမ်တွေ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့သူတွေ အဲ့ဒီကာလတွေမှာ ဒါ ကဒ်တွေဆုံးရှုံးခဲ့မှုတို့၊ ပုံစံ ၁၀တွေဆုံးရှုံးခဲ့ရမှုတို့ရှိပေမဲ့ ဒါတွေကို အခုချိန်ထိ ဒါပြန်ပြီးတော့ လုပ်ဆောင်ပေးနိုင်စွမ်းတွေ တော်တော်အားနည်းနေသေးတယ်။

မေး။ ။ နောက်တစ်ခုကလေ ၂၀၂၀ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့မဲဆန္ဒနယ်တစ်ချို့ဆုံးရှုံးမယ်လို့ဆရာရေးသားတဲ့ ဆောင်းပါးထဲမှာ ဖော်ပြထားတာတွေ့ရတယ်။ အဲ့ဒါကိုရော ဘယ်လိုအချက်တွေနဲ့သုံးသပ်ပြီးပြောဆိုတာလဲ ဆရာရှင်းပြပေးပါ။

ဖြေ။ ။ လက်ရှိ NLD ရဲ့ဒါ အနိုင်ရရှိမှု ၄နှစ်ကျော်လာပြီ ဒီ ၄နှစ်အတွင်းမှာ ကျတော်တို့ပြည်နယ် အတွင်းမှာရ်ှိနေတဲ့NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ကြိုးပမ်းအားထုတ်မှု အားနည်းတာတွေ၊ လက်ရှိ NLD ပါတီ ဝင်တွေကနေ ဦးဆောင်နေတဲ့ ကယားပြည်နယ် အစိုးရ အဖွဲ့ရဲ့ဒေသခံပြည်သူတွေ သဘောမကျတဲ့ ကိစ္စရပ်တွေကို အတင်းလုပ်ကိုင်ဆောင်ရွက်မှု၊ လုပ်ပိုင်ခွင့် အာဏာအလွဲ သုံးစားမှု၊ ဒေသခံတွေရဲ့သဘောဆန္ဒတွေကို လစ်လှူရှုမှုတွေကြောင့် မို့လို့ကို ဒါ လူထုတွေအနေနဲ့၂၀၁၅မှာ မဲပေးခဲ့သော်ညားလည်း ဒီ ၂၀၁၉ နှစ်လယ်လောက်မှာ ကတည်းကတော့ လက်ရှိ အာဏာရပါတီ NLD အပေါ်မှာ ဒေသခံလူထုတွေရဲ့အားပေးထောက်ခံမှုနဲ့ နောက်တစ်ကြိမ်မဲပေးလိုမှုတွေကတော့ တော်တော်လေးလျော့ကျသွားတယ်ဆိုတာကို ကျတော်တို့မြေပြင်မှာ သိရှိနေရတယ်။

မေး ။ ။ ၂၀၁၅ တုန်းကတော့ လူငယ်တွေ NLD ကိုဝန်းရံခဲ့ကြတယ်ဆိုတော့ လာမည့် ရွေးကောက်ပွဲ ဘယ်ပါတီကို ဝန်းရံမလဲ။

ဖြေ ။ ။ ကျတော်တို့လက်ရှိကာလမှာဆိုရင်လည်း ဒီကရင်နီပြည်က လူငယ်အများစုတွေကတော့ NLD ကို ၂၀၁၅လို ဝန်းရံမှု မပြုတော့ဘဲနဲ့ဒီ၂၀၂၀မှာတော့ ကိုယ့်ဒေသ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်နဲ့အနာဂတ် ဖက်ဒရယ်ဒီမိုဂရေစီနိုင်ငံ တည်ဆောက်ဖို့အတွက် ကိုယ့်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေကို ဝန်းရံသင့်ပြီ ၊ ဝန်းရံမယ်လို့ပြောဆိုလာကြတဲ့ အနေအထားအရ ကျတော့်အနေနဲ့ကတော့ ၂၀၁၅ မှာ ကျတော်တို့ကယားပြည်ရဲ့မဲဆန္ဒနယ်ပေါင်း ၃၄နေရာ NLD ၂၆နေရာ ရခဲ့ပေမဲ့လည်း ၂၀၂၀မှာကတော့ အဲ့ဒီနေရာအထိကတော့ ဘယ်လိုမှမရနိုင်တော့ဘဲနဲ့ရာခိုင်နှုန်း တော်တော်များများအထိတောင် လက်လွှတ်ဆုံးရှုံးသွားရနိုင်တယ်။ ရာခိုင်နှုန်း ၅၀ ဝန်းကျင်လောက်ဘဲနိုင်ခြေရှိနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ၅၀အောက်ကိုလည်း လျော့သွားနိုင်သေးတယ် ဆိုတာမျိုးတွေကိုလဲ ကျတော်အနေနဲ့သုံးသပ်ပါတယ်။

မေး။ ။ အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်းမဲထည့်နိုင်တယ်လို့တော့ပြောထားတယ်။ ဒါပေမဲ့ မဲစာရင်းမှာ မပါတဲ့ လူတွေကိုရော ဘယ်လိုမျိုးလုပ်ပေးသင့်လဲ ဆရာအဲ့ဒါလေး ပြောပြပေးပါ။

ဖြေ။ ။ ၂၀၁၅ မေလမှာဆိုရင် ဒုတိယ အသုတ်အနေနဲ့ဒါ ၁၄ရက် ရပ်ကွက်ရုံးတွေမှာ ကပ်ပြီပေါ့။ အဲ့ဒီအချိန်မှာ ကိုယ့်အမည်ပါခြင်း၊ မပါခြင်း ဟုတ်လား ကိုယ်က ၁၈နှစ်ပြည့်ပြီးတဲ့ ဆိုတဲ့ ပထမဦးဆုံးမဲပေးမည့်သူ အနေနဲ့ဆိုရင်လည်း ကိုယ်ဥစ္စာပါမပါ ဆိုတာမျိုးတွေ ကြည့်ရမှာဖြစ်သလို ဒီသေဆုံးတာတွေပါနေသေးလား၊ ဟုတ်လား ရွှေ့ပြောင်းသွားတဲ့ လူတွေပါနေသေးလားဆိုတာကို ကြည့်ဖို့အတွက်က ဒီအခြေခံမဲစာရင်းကို ဒါ ရပ်ကျေး ရွေးကောက်ပွဲ ကော်မရှင်တွေနဲ့ ရပ်ကျေး အုပ်ချုပ်ရေးရုံးတွေမှာ လုပ်ရမှာဖြစ်တယ်။ အခုကျတော့ ဒါကို ဒီလ ထဲမှာ မလုပ်နိုင်တော့ဘူးပေါ့။

ဒါသည် ပုံမှန်လုပ်ကိုင်ရမည့် အချိန်မှာ မလုပ်လို့ပေါ့ တကယ်လို့ တကယ့်ရွေးကောက်ပွဲကြီးကျင်းပ ရမဲ့ ရက်သာလျှင် နောက်ဆုတ်သွားမယ်ဆိုရင်တော့ ဒါက ကြားထဲမှာ အစားထိုးပြီးတော့ အချိန်အနေနဲ့ပေးမယ်ဆိုရင်တော့ ဒါက ဟို ကာဗာ ဘဲဖြစ်မယ်ပေါ့ သို့သော် ၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဥပဒေအရ (၅)နှစ်တစ်ကြိမ် ဖြစ်တယ် ။ လွှတ်တော်ရဲ့သက်တမ်းကလည်း (၅)နှစ်ဘဲ ဖြစ်သလို သမ္မတ သက်တမ်းကလည်း(၅)နှစ်လို့ဘဲပြောထားတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့လပေါင်း၆၀ဆိုတာဒါ သိပ် မကျန်တော့နော်။

မေး။ ။ နောက်ထပ်ရော ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီးတော့ ဆရာဘာတွေပြောပြချင်သေးလဲ။

ဖြေ။ ။ ဟုတ်ကဲ့ ကျတော်တို့ ၅နှစ် တစ်ကြိမ် လူထုကနေ ၇၅ ရာခိုင်နှုန်း သော လွှတ်တော်ကိုယ်စားလှယ်တွေကို မဲပေးရတဲ့ ၂၀၀၈ဖွဲ့စည်းပုံအောက်ကနေ ဒီ ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲသည် တတိယအကြိမ်ဖြစ်တယ်ပေါ့။ အဲ့ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံကို မကြိုက်ဘူး ၇၅ ရာခိုင်နှုန်း ကိုမနှစ်သက်ဘဲနဲ့ ၁၀၀ ရာခိုင်နှုန်း လိုလားတယ် ဆိုပေမဲ့လည်း လက်ရှိ ဒုတိယအကြိမ်လွှတ်တော်နဲ့၊ ဒုတိယအကြိမ် NLD ပါတီဦးဆောင်တဲ့ အစိုးရတို့က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက်ကို ဘာမှ မလုပ်လိုက်နိုင်ဘူး။ လုပ်လိုက်နိုင်တဲ့ ဥစ္စာကလည်း ရွေးကောက်ပွဲနဲ့အတူ မဲဆန္ဒကောက်ခံသွားမယ်ဆိုတဲ့ မသန်မစွမ်းကနေ မသန်စွမ်းတို့၊ သက်ကြီးရွယ်အို တို့ဆိုတဲ့ စကားလုံး(၂)လုံးလောက်ဘဲဖြစ်တယ်ပေါ့။ အနာဂတ် ဖက်ဒရယ်ဒီမိုဂရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအထိကိုကော၊ ဒီလွှတ်တော်အတွင်းလမ်းကြောင်းကနေ လုပ်ဆောင်ဖို့ဆိုရင်တော့ ဒါ ၂၀၂၀ပြည့်နှစ် တတိယအကြိမ်ရွေးကောက်ပွဲကလည်း သတ်မှတ်ရက်အတိုင်း ကို ၅နှစ်တစ်ကြိမ်နဲ့လုပ်ဆောင်သွားနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးလည်းဖြစ်သလို ဒီမိုဂရေစီနောက်ပြန် လိမ့်တာမျိုးမဟုတ်ဘဲနဲ့ ရှေ့မတိုးရင်တောင် တန့် နေအောင်လေးကတော့ဒါ ကျတော်တို့ရွေးကောက်ပွဲကတော့ လိုအပ်တယ်။

spot_img
spot_img

Recent posts