Myanmar Radio July 2nd Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (မြန်မာ)
(ဗုဒ္ဓဟူးနေ့ ည ၇ နာရီတိုင်း)
ယခုတစ်ပတ်မှာတော့ ကယားပြည်နယ်တွင် ထိုင်းနှင့် ကယားနယ်စပ်ဂိတ်တွေမှာ နေရပ်ပြန်လာသူတွေကို အစိုးရနှင့် လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီးကြပ်မတ်လျက်ရှိတယ်ဆိုတဲ့သတင်း၊ ပြည်နယ်အစိုးရသည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အရေးတယူမရှိကြောင်း အရပ်ဖက်အဖွဲ့ပြောလိုက်တယ်ဆိုတဲ့သတင်းနဲ့ ဒေါဆိုရှေ့တောင်သူတွေရဲ့ တောင်ယာတွေကို တခြားသူဝင်ရောက် လုပ်ကိုင်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတဲ့ အကြောင်းကို တင်ပြသွားမယ့် ဆောင်းပါးလေးအပြင် သီချင်းလက်ဆောင်အနေနဲ့ တေးရေး၊ တေးဆို – G San ရဲ့ “ငွေတောင်ပြည်သား” ဆိုတဲ့ သီချင်းကောင်းလေး တစ်ပုဒ်ကို ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Comments

comments

Next Post

ဒေါဆိုရှေ့တောင်သူတွေကို စစ်တပ်က ပြည်နယ်တရားလွှတ်တော်ရုံးမှာ ပြင်ဆင်ချက်တက်

Wed Jul 8 , 2020
ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ် တရားလွှတ်တော်ရုံးက ဒေါဆိုရှေးတောင်သူ တွေဖြစ်တဲ့ ဦးသောမတ်စ်၊ ဦးပါစကွားလယ်၊ ဦးကျော်ကျော်၊ ဦးမာတီးယာ၊ ဦးအိုင်ဗင်၊ ဦးငါးရယ် တို့ကို ဇူလိုင်လ ၇ ရက်နေ့က ပြန်လည်ဆင့်ခေါ် တာဖြစ်ပြီး လာမယ့် ဇူလိုင်လ ၁၀ ရက်နေ့မှာ ပြည်နယ် တရားရုံးမှာ အမှုကို ကြားနာရမှာ ဖြစ်ပါတယ်လို့ ဒေါဆိုရှေ့တောင်သူ တစ်ဦးဖြစ်တဲ့ ဦးပါးရယ်က ပြောပတယ်။ “၆ ယောက်နာမည်နဲ့ ခေါ်စာရောက်တယ်ပေါ့နော်။ အရင်တရားစွဲတုန်းကဆိုလည်း အဲလိုပဲ ၆ ယောက်ခေါ်တယ်။ သူတို့ကိုရုံးက ခေါ်ရင်တော့ သွားကြမှာပဲ။ တရားဥပဒေနည်းလမ်းကလည်းရှိနေတာကိုး သွားရောက်ဖြေရှင်းဖို့ သွားကြဖို့လည်းရှိတယ်။” လို့ဦးပါးရယ်က ပြောပါတယ်။ အမတ (၃၆၀)ကနေ တရားစွဲဆိုထားတဲ့ ဒေါဆိုရှေးတောင်သူနဲ့ စက်သမား […]