Myanmar Radio Sept 1st Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (မြန်မာ)
(ဗုဒ္ဓဟူးနေ့ ည ၇ နာရီတိုင်း)
ယခုတစ်ပတ်မှာတော့ စွပ်စွဲပြစ်တင်မှုအောင်မြင်ပြီးနောက် ကယားပြည်နယ်ဝန်ကြီးချုပ်ရာထူးမှ ရပ်နားရန် သမ္မတထံဆက်လက်တင်ပြမယ်ဆိုတဲ့ သတင်း၊ ကယန်းဒေသအတွင်း covid 19 ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် ၅ခုထားရှိမယ်ဆိုတဲ့သတင်းနဲ့ “၂၀၂၀ အလွန်မှာ ငြိမ်းချမ်းချင်တယ် ” ဆိုတဲ့ ဆောင်းပါးလေးအပြင် တေးရေး justice dove ရေးသားဖန်တီးထားပြီး တေးဆို နွေးနွေးပြည့်စုံ သီဆိုထားသည့် “ဒီအတိုင်းလေးဘဲ” ဆိုတဲ့ သီချင်းကောင်းလေး တစ်ပုဒ်ကို ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Comments

comments

Next Post

ကယားပြည်နယ်က မဲဆန္ဒနယ်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇၀ ကျော်ရှိ

Wed Sep 2 , 2020
ကန္တာရဝတီတိုင်း (မ်) ကယားပြည်နယ်က မဲဆန္ဒနယ်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၁၃ ပါတီရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇၂ ဦးရှိတယ်လို့ ပြည်နယ်ရွေးကောက်ကော်မရှင်ကနေ သြဂုတ် ၃၀ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြည်နယ်က မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇၂ ဦးမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၂ ဦး၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကေရစီအဖွဲ့ချုပ်ပါတီ၊ ကရင်အမျိုးသားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ ဆိုပြီးတော့ စုစုပေါင်း ၁၃ ပါတီက ကိုယ်စားလှယ်လောင်းတွေဖြစ်ကြပါတယ်။ ကယားပြည်နယ်မှာ မြို့နယ်ခုနစ်မြို့နယ်ရှိပြီး ရွေးကောက်ပွဲဝင်ရောက်နိုင်မယ့် မဲဆန္ဒနယ် […]