Tuesday, January 19, 2021

NCA မထိုးထားတဲ့ နယ်မြေမှာ နိုင်ငံရေးပါတီတွေ ဘယ်လိုတွေပြင်ဆင်ထားကြလဲ

Must read

(၄) ကြိမ်မြောက် ပရဲ့နှစ်သစ်ကူးပွဲတော်ကို အကျဉ်းချုပ်သာပြုလုပ်

https://youtu.be/05ItsqfCAcA စိုးထိုက်အောင်၊ အန်ထော်နီ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့မှာ ကျရောက်တဲ့ ပရဲ့ နှစ်သစ်ကူးပွဲတော်ကို ပရဲ့လူမျိုးစုတွေ အများစုနေထိုင်တဲ့ ကေကော...

သီရိမင်္ဂလာစျေးကို အဆင့်မြှင့်တင်မယ့်အစီအစဉ် ဈေးသူ/သားများ သဘောမတူတဲ့အတွက် ပြန်ရုတ်သိမ်း

https://youtu.be/KsNrpitFoPg ကန္တာရဝတီတိုင်း(မ်) သီရိမင်္ဂလာစျေး (တောင်ဈေး)ကို အဆင့်မြှင့် တိုးချဲ့ဆောက်လုပ်သွားနိုင်ဖို့ကို လွှတ်တော်မှာ အဆိုတင်သွင်းမယ့် အစီအစဉ်ကို စျေးသူ၊စျေးသား တွေသဘောမတူတာကြောင့် အစီအစဉ်ကိုပြန်ရုတ်သိမ်း သွားတယ်လို့...

ဘောလခဲမြို့နယ်မှာ ဆေးပင်စင်စားတစ်ဦးမှ သံဃာတော်တစ်ပါးကိုရိုက်နက်မှုဖြစ်

ဦးမြာ ကယားပြည်နယ် ဘောလခဲမြို့နယ် မြို့လယ်လမ်းဆုံအနီးဈေးဆိုင်ရှေ့မှာ ဒီနေ့မနက်(ဇန်နဝါရီလ ၁၉ရက်) ၈နာရီလောက်က ဆေးပင်စင်စားတစ်ဦးကနေ သံဃာတော်တစ်ပါးကို ဒုတ်နဲ့ရိုက်နက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဦးခေါင်းထိခိုက်သွားသူမှာ ရေနီပေါက်ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းမှမြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဌ ကျောင်းထိုင်ဆရာတော်...

NCA မထိုးနိုင်သေးပေမဲ့ ပြည်နယ်တည်ငြိမ်ရေးအတွက် ဆက်လက်ထိန်းသိမ်းသွားမည်ဟု KNPP ဆို

ကန္တာရဝတီတိုင်း(မ်) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)မှာ ပါဝင်လက်မှတ်ထိုးထားတာမရှိပေမယ့် ကယား(ကရင်နီ)ပြည်နယ်ရဲ့ တည်ငြိမ်ရေးအတွက် ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP)ရဲ့ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့် က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။ “ပြည်နယ်တည်ငြိမ်ရေးကတော့ KNPP...

စိုးထိုက်အောင်

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ ကယား(ကရင်နီ)ပြည်နယ်ဟာဆိုရင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေနဲ့တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးစာချုပ် (NCA) မထိုးထား သေးတဲ့ပြည်နယ်ဖြစ်ပါတယ်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းမှာဆိုလျှင် ရွေးကောက်ပွဲ ကျင်းပရမှာဖြစ်ပါတယ်။

ကယားပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီတွေအနေနဲ့တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးစာချုပ်(NCA) မထိုးထားတဲ့ လက်နက်ကိုင်တိုင်းရင်းသားဒေသတွေဘက်က နယ်မြေအတွင်းမှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက ဘယ်လိုမဲဆွယ်စည်းရုံးရေးဆင်းကြမလဲဆိုတာ ဒီးမော့ဆိုမြို့နယ်အတွင်းက နိုင်ငံရေးပါတီ ၄ ခုကို သွားရောက်မေးမြန်းထားတာကို ကောက်နုတ်တင်ပြလိုက်ရပါတယ်။

ကယားပြည်နယ်ဒီမိုဂရက်တစ်ပါတီ ပြည်နယ်ဥက္ကဌ ဦးဖိုးရယ်

ကယားပြည်နယ်ဒီမိုဂရက်တစ်ပါတီ ပြည်နယ်ဥက္ကဌ ဦးဖိုးရယ်

“ ကျတော်တို့ပါတီအနေနဲ့ကတော့ ဒီ KNPP နဲ့ပတ်သတ်ပြီးတော့မှ ကျတော်တို့ဘယ်လိုမှ မပတ်သတ်ဘူးပေါ့လေ မပတ်သတ်နိုင်ဘူးပေါ့ ဆိုတော့ သူတို့ထိန်းချုပ်တဲ့နေမြေမှာ ဆိုလို့ရှိရင်တော့ ကျတော်တို့တော့ အတတ်နိုင်ဆုံးတော့သွားမှာပေါ့လေ အတတ်နိုင်ဆုံးတော့ ကျတော်တို့သွားမှာဘဲ သူတို့ကန့်သတ်ချက်ရှိတယ်ဆိုရင်လဲ ကျတော်တို့တော့ အတတ်နိုင်ဆုံးရှောင်ရမှာပေါ့။”

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒီးမော့ဆိုမြို့နယ် ဥက္ကဌ – ဒေါ်မေးရီယာန်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒီးမော့ဆိုမြို့နယ် ဥက္ကဌ – ဒေါ်မေးရီယာန်

“ အားလုံးတစ်မြို့နယ်လုံးတော့ ကျမတို့စည်းရုံးသွားမှာဘဲလေး ဒါပေမဲ့ ဟို လူထုက သူတို့စိတ်ပါမပါဆိုတော့ သူတို့အပိုင်းပေါ့ ကျမတို့တော့ ပါတီရဲ့အလုပ်ကတော့ ဘယ်ရွာမှမကျန် အကုန်လုံးဘဲ စည်းရုံးသွားမယ်။”

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဒီးမော့ဆိုမြို့နယ် အလုပ်အမှူအောင် ကော်မတီ အဖွဲ့ဝင် ဦးကိုရယ်မိုးလွင်

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဒီးမော့ဆိုမြို့နယ် အလုပ်အမှူအောင် ကော်မတီ အဖွဲ့ဝင် ဦးကိုရယ်မိုးလွင်

“ မဲဆွယ်မှာကတော့ နေရာတိုင်းမှာပေါ့ ဒီ ဒီးမော့ဆိုမြို့နယ် တစ်မြို့နယ်လုံးမှာလိုက်ပြီတော့ မဲဆွယ်မယ်လေး ဟို KNPP အဖွဲ့နဲ့လည်း ညှိ့ထားတာရှိပြီးသား ညှိ့ထားတယ် ဆိုတာက အခုပြောသလို နားလည်မှုပေါ့ နော် ကိုယ့်ရဲ့စည်းရုံးရေးအနေအထားကို သူတို့ကတော့ လေ့လာရင် လေ့လာမှာပေါ့ လေ့လာလည်းကျတော်တို့က ကိုယ့်ဟာကိုစည်းရုံးရေးကိုယ့်ဟာကို ဆင်းမှာဘဲလေး ပြည်သူ့ကောင်းကျိုးအတွက် ကျတော်တို့ဆောင်ရွက်ဖို့အတွက်လှူပ်ရှားနေတာကော။”

ကယန်းအမျိုးသားပါတီမှ ဒီးမော့ဆိုမြို့နယ် ဥက္ကဌ ဦးခွန်းလျို့

ကယန်းအမျိုးသားပါတီမှ ဒီးမော့ဆိုမြို့နယ် ဥက္ကဌ ဦးခွန်းလျို့

“ ကျတော်တို့ကယန်းပါတီ ခါကျတော့ ဟို လူမျိုးရဲ့ကိုယ်စားပြုပါတီလိုမျိုးဘဲ ဖြစ်တဲ့ခါကျတော့ ဒီ ကျတော်တို့ကယန်းနည်းနည်းများတဲ့ဒေသလောက်ဘဲ ဆင်းဖြစ်မှာပေါ့ အဲ့လိုမျိုးဘဲလုပ်ထားတာ”

ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ရောကြောင့် ရွေးကောက်ပွဲမည်သည့်အချိန်လုပ်မည်ဆိုတာကိုတော့ ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေး အစီအစဉ်ကို ထုတ်ပြန်ဖို့ မေလ ၃၁ ရက်နေ့မှာ ကြေညာသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

၂၀၂၀၊ ဧပြီလ ၉ရက်နေ့အထိ ဒီးမော့ဆိုမြို့နယ်အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေကတော့

  • (၁) အမျိုးသားဒီမိုဂရေစီအဖွဲ့ချုပ်ပါတီ
  • (၂) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွင့်ဖြိုးရေးပါတီ
  • (၃) တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ
  • (၄) ကယန်းအမျိုးသားပါတီ
  • (၅) ကယားပြည်နယ်ဒီမိုဂရက်တစ်ပါတီ
  • (၆) အမျိုးသားတိုးတက်ရေးပါတီ
  • (၇) ရှမ်းတိုင်းရင်းသားများ ဒီမိုဂရက်တပါတီ
  • (၈) ရှမ်းတိုင်းရင်းသားများ ဒီမိုဂရေစီအဖွဲ့ချုပ်ပါတီ
  • (၉) ညီညွှတ်သော ဒီမိုဂရက်တစ်ပါတီ
  • (၁၀) အမျိုးသားဒီမိုဂရေစီ အင်အားစုပါတီ
  • (၁၁) ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
  • (၁၂) အမျိုးသားနိုင်ငံရေးဒီမိုဂရက်တစ်ပါတီ

တို့ပဲဖြစ်ပါတယ်။

Comments

comments

- Advertisement -
- Advertisement -

Latest article

(၄) ကြိမ်မြောက် ပရဲ့နှစ်သစ်ကူးပွဲတော်ကို အကျဉ်းချုပ်သာပြုလုပ်

https://youtu.be/05ItsqfCAcA စိုးထိုက်အောင်၊ အန်ထော်နီ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့မှာ ကျရောက်တဲ့ ပရဲ့ နှစ်သစ်ကူးပွဲတော်ကို ပရဲ့လူမျိုးစုတွေ အများစုနေထိုင်တဲ့ ကေကော...

သီရိမင်္ဂလာစျေးကို အဆင့်မြှင့်တင်မယ့်အစီအစဉ် ဈေးသူ/သားများ သဘောမတူတဲ့အတွက် ပြန်ရုတ်သိမ်း

https://youtu.be/KsNrpitFoPg ကန္တာရဝတီတိုင်း(မ်) သီရိမင်္ဂလာစျေး (တောင်ဈေး)ကို အဆင့်မြှင့် တိုးချဲ့ဆောက်လုပ်သွားနိုင်ဖို့ကို လွှတ်တော်မှာ အဆိုတင်သွင်းမယ့် အစီအစဉ်ကို စျေးသူ၊စျေးသား တွေသဘောမတူတာကြောင့် အစီအစဉ်ကိုပြန်ရုတ်သိမ်း သွားတယ်လို့...

ဘောလခဲမြို့နယ်မှာ ဆေးပင်စင်စားတစ်ဦးမှ သံဃာတော်တစ်ပါးကိုရိုက်နက်မှုဖြစ်

ဦးမြာ ကယားပြည်နယ် ဘောလခဲမြို့နယ် မြို့လယ်လမ်းဆုံအနီးဈေးဆိုင်ရှေ့မှာ ဒီနေ့မနက်(ဇန်နဝါရီလ ၁၉ရက်) ၈နာရီလောက်က ဆေးပင်စင်စားတစ်ဦးကနေ သံဃာတော်တစ်ပါးကို ဒုတ်နဲ့ရိုက်နက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဦးခေါင်းထိခိုက်သွားသူမှာ ရေနီပေါက်ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းမှမြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဌ ကျောင်းထိုင်ဆရာတော်...

NCA မထိုးနိုင်သေးပေမဲ့ ပြည်နယ်တည်ငြိမ်ရေးအတွက် ဆက်လက်ထိန်းသိမ်းသွားမည်ဟု KNPP ဆို

ကန္တာရဝတီတိုင်း(မ်) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)မှာ ပါဝင်လက်မှတ်ထိုးထားတာမရှိပေမယ့် ကယား(ကရင်နီ)ပြည်နယ်ရဲ့ တည်ငြိမ်ရေးအတွက် ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP)ရဲ့ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့် က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။ “ပြည်နယ်တည်ငြိမ်ရေးကတော့ KNPP...

ကယားကနေ ကရင်နီပြန်ပြောင်းရင် စည်းလုံးညီညွှတ်မှုတွေပိုမိုရှိလာနိုင်မှာလား

https://youtu.be/_-KmXMfdMHg ခွန်းကလိုင်းဖရီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့ဟာဆိုရင် ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ် အမည်နာမပြောင်း လဲလိုက်တာ ၆၉ နှစ်ရှိသွားပြီဖြစ်ပါတယ်။

Comments

comments