spot_img
Saturday, December 2, 2023
spot_imgspot_imgspot_imgspot_img

NLD အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ လူငယ်များ ပါဝင်ခွင့်မရ

Author

Date

Category

မော်ဦးမြာ

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေမှာ လူငယ်တွေအနေနဲ့ ပါဝင်ခွင့်မရဘူးလို့ ကယား(ကရင်နီ) ပြည်နယ်အတွင်းမှ လူငယ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကယန်းမျိုးဆက်သစ်လူငယ်မှ အတွင်းရေးမှူး မူကက်သရင်းက ပြောပါတယ်။

“ ပါဝင်ခွင့်လုံးဝကို မရတဲ့ အနေအထားမှာ ရှိတယ်ပေါ့နော။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတို့၊ ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို အစိုးရဖက်ကနေ တရားဝင် လုပ်တဲ့ဟာမျိုးဆိုရင် မရှိသလို နောက်တစ်ခုက လူငယ်ရေးရာ မူဝါဒတွေကိုလည်း အရေးတယူလုပ်တာတွေ မရှိဘူး။” လို့ မူကက်သရင်းက ပြောပါတယ်။

ကရင်နီမျိုးနွယ်စု လူငယ်တွေကနေပြီး နိုင်ငံရေး၊ ငြိမ်းချမ်းရေး အကြောင်းအရာတွေကို တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်။

လူငယ်တွေဟာ နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည်တစ်ခုအတွက် အနာဂါတ်ကို ဦးဆောင်နိုင်တဲ့သူတွေ ဖြစ်တဲ့အတွက် လူငယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို အစိုးရတွေအနေနဲ့ အသိအမှတ်ပြုဖို့ လိုအပ်သလို ငြိမ်းချမ်းရေးလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ နေရာတွေမှာ လူငယ်တွေကို နေရာချပေးခြင်းအားဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကို များစွာ အထောက်အကူပြုနိုင်မှာဖြစ်လို့ မူကက်သရင်းက ဆက်ပြောပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ် ( KNGY) မှ စစ်တမ်းကောက်ယူပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ဝေတဲ့ “ငြိမ်းချမ်းရေးအတွက် လူထုအသံ” စာအုပ်မှာ လူငယ်နှင့် ငြိမ်းချမ်းရေးကဏ္ဍဆိုတဲ့ ခေါင်းစဉ်အောက်က လူငယ်များမှာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသအဆင့်သော်လည်းကောင်း၊ ပြည်နယ်အဆင့်သော်လည်းကောင်း၊ နိုင်ငံအဆင့်သော်လည်းကောင်း စည်းရုံးလှုံ့ဆော်သည့် လုပ်ငန်းစဉ်တွင် လူငယ်များ ပါဝင်မှု မြင့်တင်ပေးရန် ဆိုတဲ့အချက်အပါအဝင် အချက်(၁၀) ချက် တောင်းဆိုထားပါတယ်။

NLD အစိုးရဟာ လူငယ်တွေရဲ့ အသံကို နားမထောင်တဲ့အပြင် လူငယ်တွေ လုပ်ဆောင်မှုကို ပိတ်ပင်တားဆီးနေတဲ့အတွက် ငြိမ်းချမ်းရေးရဖို့ အလှမ်းဝေးနေသေးတယ်လို့ ယင်းတလဲလူငယ်မှ ကိုရွှေမိုးက ပြောပါတယ်။

“ငြိမ်းချမ်းရေးရဖို့ဆိုရင် ကျတော်တို့တွေရဲ့ မှန်ကန်တဲ့ လုပ်ရပ်တွေကို အစိုးရက အသိအမှတ်ပြုဖို့ လိုပါလိမ့်မယ်။ အကယ်၍သာ ကျတော်တို့တွေ ဆောင်ရွက်နေတဲ့ဟာက အစိုးရဖက်က အသိအမှတ်ပြုပေးမယ်ဆိုရင် ငြိမ်းချမ်းရေးက အလျင်အမြန်ရမယ်ပေါ့နော။ ကျတော်တို့တွေ လုပ်နေတာက ဖြစ်စေချင်တာတွေပါ မမှန်မကန် မလုပ်ပါဘူး။ အစိုးရတွေရဲ့ ကန့်သတ်ချက်တွေကြောင့် ကျတော်တို့က ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေတုန်းပါ။”လို့ ယင်းတလဲ လူငယ်တစ်ဦးဖြစ်တဲ့ ကိုရွှေမိုးက ပြောပါတယ်။

NLD အစိုးရလက်ထက်မှာတော့ ကယားပြည်နယ်အတွင်းမှာ လူငယ်တွေကို ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုမှု ပြုလုပ်တာ အများဆုံး ဖြစ်ပေါ်ခဲ့ပါတယ်။

spot_img
spot_img

Recent posts