NUCC မှာ KNPP အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစု ၈ ဖွဲ့ ပါဝင်
ကန္တာရဝတီတိုင်း(မ်) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)မှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အပါအဝင် မတူညီတဲ့ပုံစံနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) ၈ဖွဲ့ ပါဝင်တယ်လို့ NUCC ခေါင်းဆောင်တစ်ဦးဖြစ်သလို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီမှ တာဝန်ရှိသူ ဦးအောင်ဆန်းမြင့်က ဒီကနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ပြုလုပ်တဲ့ NUCC ရဲ့ ပထမဦးဆုံးအကြိမ် အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။ “တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ မတူညီတဲ့ပုံစံအမျိုးမျိုးနဲ့ပေါ့လေ စုဖွဲ့မှုမှာပါကြပါတယ်။ တချို့ကတော့ အဖွဲ့အစည်းအနေနဲ့တိုက်ရိုက်ပါဝင်ခဲ့ကြသလို တချို့ကတော့ ပြည်နယ်ကိုယ်စားပြုအတိုင်ပင်ခံကောင်စီဆိုပြီးတော့ ကိုယ့်ရဲ့ပြည်နယ်ကိုယ်စားစုဖွဲ့ပြီးတော့မှ ပါဝင်လာကြတာဖြစ်ပါတယ်။ ဆိုတော့ လောလောဆယ်ကတော့ ကြားထဲမှာပေါ့နော။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ဖွဲ့လောက်ရှိပါတယ်။” လို့ ဦးဆောင်ဆန်းမြင့်က ပြောပါတယ်။ NUCC မှ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် လုပ်ဆောင်နေတဲ့အရာတွေကို အများပြည်သူအား ရှင်းလင်းချပြတဲ့ ဒီကနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ … Continue reading NUCC မှာ KNPP အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစု ၈ ဖွဲ့ ပါဝင်
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed