မူအက်စတာ ကယားပြည်နယ်တွင်းရှိ တောင်သူအများစုမှာ ပြောင်းဖူးများကို စိုက်ပျိုးနေကြသူများဖြစ်ရာ ယခုကဲ့သို့ ဈေးကွက်မရှိသည့်အခြေအနေသည် တောင်သူများအတွက် ခက်ခဲသည့် ကာလတစ်ခု ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့်နှစ်များက ပြောင်းဖူးများစိုက်ပျိုးကြပြီး ပြောင်းဖူးဈေးကောင်းရကြသဖြင့် ယခုနှစ်တွင် လည်း ပြောင်းဖူးဈေးကောင်းလိမ့်မည်ဟု တောင်သူများက ယူဆခဲ့ကြပြီး ပြောင်းမျိုးများကို တိုးချဲ့စိုက်ပျိုးကြရာတွင် ဈေးကွက်အခြေအနေ မတည်ငြိမ်ခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ တောင်သူများမှာ နွေနှောင်း-မိုးဦးရာသီတွင် အကောင်းဆုံးဖြစ်မည်ဟု ယူဆကြသည့် ပြောင်းမျိုးစေ့များကို အလုအယက်ဝယ်ယူကြပြီး စိုက်ပျိုးခဲ့ကြသည်။ အချို့မှာ တစ်ကြိမ်စိုက်ပျိုးပြီး မိုးမရခြင်း၊ အပင်ပေါက်မကောင်းခြင်း စသည်တို့ကြောင့် နှစ်ခါပြန်စိုက်ပျိုးခဲ့ကြရသည်။ အချို့ တောင်သူများတွင်မူ စိုက်ပျိုးချင်ကြသော်လည်း အရင်းအနှီးမလုံလောက်၍ အတိုးများဖြင့် ချေးငွေများချေးယူကြပြီး ပြောင်းများ စိုက်ပျိုးခဲ့ကြရသည်။ သို့သော် ယခုကဲ့သို့ တစ်နိုင်ငံလုံး ပြောင်းဈေးများ […]

ထျိုးမြာ ကယားပြည်နယ် လွိုင်ကော်မြို့မှ သာစည် ဘူတာသို့ ပြေးဆွဲနေသောမီးရထားမှာ တစ်ရက်လျှင် ကျပ်သုံးသိန်းခန့် အရှုံးပေါ်နေသောကြောင့် ရပ်နားရန်အခြေအနေရှိသည်ဟု လွိုင်ကော်ဘူတာရုံမှ ဒုတိယရုံပိုင် ဦးမင်းမင်းဦးက ပြောသည်။ “လက်ရှိမှာ အရှုံးပေါ်နေလို့ ရပ်လိုက်ဖို့အခြေအနေရှိတယ်။ တစ်ရက်တစ်ရက်ကို သုံးသိန်းလောက်ရှုံးတယ်။ ပြည်နယ်အစိုးရက ခွင့်ပြုရင် ဖြုတ်ဖို့ရှိတယ် ” ဟု ၎င်းကပြောသည်။ သာစည်အထိသာရောက်သည့် အမှတ် (၁၄၈)အစုံ လွိုင်ကော်- သာစည်မီးရထားသည် သွားလာသည့် ခရီးသည် မရှိတော့သဖြင့် အရှုံးပေါ်နေရခြင်းဖြစ်သည်။ “ ခရီးသည်တွေကမရှိဘူး။ တစ်ရက်ကို သုံးယောက်နှုန်းလောက်တောင်မရှိဘူး။ လမ်းစရိတ်ပြတ်တဲ့သူတွေပဲ လာစီးတယ် ”ဟု ဦးမင်းမင်းဦးကပြောသည်။ ပြည်နယ်အစိုးရအနေနှင့် ရပ်ရန်ခွင့်ပြုပါက ရုံးချုပ်အနေနှင့် ရပ်စဲထားရန်ရှိသော်လည်း ဝန်ထမ်းများ သွားရေးလာရေး အဆင်ပြေစေရန်နှင့် စက်ပစ္စည်းအင်္ဂါရပ်နှင့်အညီရှိစေရန်အတွက် […]

ထျိုးမြာ ၂၀၁ရ ခုနှစ် ဧပြီလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကယားလူမျိုးစုဒီမိုကရေစီပါတီ၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီနှင့် ကယန်းအမျိုးသားပါတီ သုံးပါတီပူးပေါင်းပြီး မဟာမိတ်ပါတီများအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းတစ်ဦးကို ဒေသခံလူထုနှင့် ပူးပေါင်းပြီး ရွေးချယ်ခဲ့ကြသည်။ “သုံးပါတီပေါင်းပြီးတော့မှ ကိုယ်စားလှယ်တစ်ဦးရွေးချယ်ပြီးတင်သွင်းဖို့ ကျနော်တို့သဘောတူညီမှုရခဲ့ကြတယ်။ အဲဒီအပေါ်မှာလည်း ကိုယ်စားလှယ်တွေအနေနဲ့ အားလုံးဝိုင်းရွေးတဲ့အချိန်မှာတော့ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီထဲက ကိုသဲရယ် က အရွေးခံရပြီးတော့မှ ကို်ယ်စားလှယ်လောင်းအဖြစ်လျာထားခံရတယ်ပေါ့။ ဆိုတော့ ကိုသဲရယ်ကို ရွေးချယ်တဲ့နေရာမှာ ကျနော်တို့သုံးပါတီလုံးရဲ့သဘောထားဖြစ်ပါတယ်။ ကျနော်တို့သုံးပါတီလုံးကနေပြီးတော့မှ သူ့ကိုပဲ ဝိုင်းဝန်းပံ့ပိုးကြမှာဖြစ်ပါတယ် ” ဟု ကယန်းအမျိုးသားပါတီ ဥက္ကဌခွန်းဘီထူးက ပြောသည်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကယားပြည်နယ်လွှတ်တော် ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)နေရာတွင် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင်ရရှိသွားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသိုးရယ် ကွယ်လွန်သွားသည့်အတွက် ၎င်းလစ်လပ်သွားသည့်နေရာတွင် […]

လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာတချို့မှ တင်ပြလိုသည့် အခက်အခဲများ ထေးငှားလျားရွာ မှ ဦးစိုးရယ် …………………………………. “ရွာမှာက အခု တစ်ခုရှိတာက ကေဘယ်ကြိုးမြှပ်တာပေါ့။ အဲဒါကို ကန့်ကွက်တဲ့သူ တစ်ချို့ရှိနေတယ်။ ပြီးတော့ တာဝါတိုင်ထောင်တာလည်း ကန့်ကွက်သူ တစ်ချို့ရှိတယ်။ ကျနော်တို့ တစ်ရွာလုံးရဲ့ သဘောထားကို ကောက်ယူတော့ ကေဘယ်ကြိုးက ထောက်ခံသူတွေပိုများပြီးတော့ ဆက်သွယ်ရေး တာဝါတိုင်ကိုကျတော့ ကန့်ကွက်တဲ့သူ ပိုများတယ်။ သူတို့ ကန့်ကွက်တာက သူတို့စက်နဲ့လုပ်တော့ စက်သံက ဆူညံလွန်းတယ် အဲဒီတစ်ချက်ကြောင့်ပါ။ ရှမ်းပြည်နယ်ကနေ လုပ်ပြီး ကျနော်တို့ရွာကို ဖြတ်ဆင်းတာပါ။ ကျနော်တို့ တစ်ခေါက် နှစ်ခေါက်လောက် ညှိပေးပြီးတော့ ဒီနေ့ သူတို့ အပြီး လုပ်နေတယ်။ ကေဘယ်ကြိုးက ထောက်ခံသူတွေများတော့ သူတို့အပြီးလုပ်လိုက်တာပါ […]

ထျိုးမြာ ကယားပြည်နယ်မှ တိုင်းရင်းသားပါတီနှစ်ခုဖြစ်သည့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီနှင့် ကယားလူမျိုးစုဒီမိုကရေစီပါတီတို့ပူးပေါင်းပြီး ပါတီတစ်ခုတည်းအဖြစ် ပြန်လည်ဖွဲ့စည်းရန် စီစဉ်ထားသည်ဟု လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ ဥက္ကဌ ဦးဖိုးရယ်က ပြောသည်။ “ အဲဒီမှာ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီနဲ့ ကယားလူမျိုးစုဒီမိုကရေစီပါတီကို ဖျက်သိမ်းလိုက်ပြီးမှ ပါတီအသစ်ထောင်မယ့်အနေအထားမျိုးဖြစ်တယ်ပေါ့နော။ ဆိုတော့ အဲဒီပါတီကို မနက်ဖြန်သဘက်ခါပဲ ပုံတင်နိုင်ဖို့အတွက် ကြိုးစားသွားမယ်။” ဟု ဦးဖိုးရယ်က ပြောသည်။ ကယားလူမျိုးစုဒီမိုကရေစီပါတီနှင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီသည် ပါတီအသစ်တစ်ပါတီကို ပူးပေါင်းတည်ထောင်ကြပြီးနောက် ကယန်းအမျိုးသားပါတီက အနီးစပ်ဆုံးမဟာမိတ်အနေအထားဖြင့် ဆက်လက်ရှိနေမည်ဟု ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးက ပြောသည်။ “ အဓိက,ကတော့ ကယန်းအမျိုးသားပါတီအတွက်က ရှမ်းပြည်နယ်မှာရော ကရင်ပြည်နယ်မှာရော ရှိတဲ့ ပါတီဝင်တွေရဲ့ ဆုံးဖြတ်တဲ့အနေအထားမျိုးအပေါ်မှာလည်း အရမ်းမူတည်ပါတယ်။ ဒါကြောင့် ကျနော်တို့ပါတီက အတင်းအကြပ်ပူးပေါင်းမယ့်အနေအထားမျိူးမရှိဘဲနဲ့ ကျနော်တို့သုံးပါတီမှာတော့ […]

မူအက်စတာ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ရော်ဒိုခေါအုပ်စု ကာပရူးကျေးရွာတွင် ရွာသားများ အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် နိုဝင်ဘာလမှစ၍ ၎င်းတို့ ရွာသူရွာသားများ ပူးပေါင်း၍ လမ်းဖောက်ခဲ့ကြပြီး ကုန်ကျစရိတ်ငွေများကို ဘတ်ဂျက်ကျလာသည့်အချိန်တွင်မှ ပြန်လည်ပေးသွားမည်ဟု ဖရူဆိုမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးနော်အီးကဆိုသည်။ “ကျွန်တော်တို့ ရွာမှာ ကိုယ်ထူကိုယ်ထလမ်းဖောက်နေတယ်၊ တစ်ရွာလုံး စက် ဘက်ဖိုးငှားပြီးတော့မှ လမ်းဖောက်နေတယ်” ဟု ကာပရူးကျေးရွာမှ လူငယ် ကိုဂျိုဝါးနီက ပြောသည်။ လမ်းဖောက်လုပ်ရန်အတွက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှလည်း ကူညီသွားဖြစ်ဖြစ်ကြောင်း ဒေသခံများမှသိရသည်။ ကာပရူးကျေးရွာ လမ်းဖောက်လုပ်ပေးရန်အတွက်ကို အစိုးရထံ သို့ ၎င်း တင်ပြတောင်းဆိုထားပြီး အထက်မှ ခွင့်ပြုငွေမကျလာသေးကြောင်း ဖရူဆိုမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်ကိုယ်စားလှယ်ဦးနော်အီးကပြောသည်။ “သူတို့လမ်းမကျပဲနဲ့ ကျောင်းဆောက်ဖို့ သွားကျတယ်၊ လမ်းဖောက်ဖို့တော့ […]

စိုင်းလင်းလင်းဦး ဖားဆောင်းမြို့နယ် မော်ချီးတောင်ပေါ်ရပ်ကွက်အတွက် လျှပ်စစ်မီးသွယ်ပေးရန် ငွေကောက်ယူထားသည်မှာ တစ်နှစ်ကြာပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ မီးမသွယ်ပေးသေးကြောင်း ဒေသခံများက ပြောဆိုနေကြသည်။ ပြီးခဲ့သည့်နှစ်ကတည်းက လျှပ်စစ်မီးရရှိရန်အတွက် တာဝန်ရှိသူများက မော်ချီးတောင်ပေါ်ရပ်ကွက် တွင်နေထိုင်သူများထံမှ ငွေကောက်ခံခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် ကျပ် ၁၃၀၀၀ဝ သွင်းထားခဲ့ကြပြီးဖြစ်သည်။ “အလင်းတန်းကျေးရွာနဲ့ အောက်ရွာနဲ့ လိုခါးလိုမှာ မီးတွေရကြပြီ ဒီတောင်ပေါ်က သူတို့ အန္တရာယ်ဇုန်မို့လို့လားမသိဘူး အခုထိ မပေးသေးဘူး။ ဓါတ်တိုင်တော့ လာထောင်ထားပြီးပြီ၊ အရင်တစ်နှစ်ကတည်းက။”ဟု ငွေသွင်းထားသော အိမ်ထောင်စုထဲက တစ်ဦးဖြစ်သူ ဦးသိန်းသန်းဦးက ပြောသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလမတိုင်ခင်ကတည်းကပင် တောင်ပေါ်ရပ်ကွက်တွင် လျှပ်စစ်ဓါတ်အား မီးသွယ်တန်းရန်စီစဉ်ထားသော်လည်း အောက်တိုဘာလ ၁၁ ရက်နေ့က မြေပြိုမှုတစ်ရပ်ဖြစ်ပွားခဲ့ခြင်းကြောင့် မီးသွယ်တန်းရန် ရပ်တန့်ထားခြင်းဖြစ်ကြောင်းလည်းသိရသည်။ ထိုသို့ […]

ကယားပြည်နယ်အတွင်း ပြည်သူ့ဘဏ္ဍာငွေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေးစီမံကိန်းများတွင် စစ်ဆေးတွေ့ရှိချက်အရ လုပ်ငန်းကြီးကြပ်မှု အားနည်း သည့်အပိုင်းများတွေ့ရှိရသည်ဟု ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီမှ အဖွဲ့ဝင် ဦးစောကလိုမူး ကပြောသည်။ ဦးစောကလိုမူးက “ အဓိကတွေ့ရတဲ့အချက်က ကန်ထရိုက်တွေ လုပ်တဲ့လုပ်ငန်းတွေမှာ လက်ရာလေးတွေ နည်းနည်းညံ့တယ် အရည်အသွေးကျတော့ ကျနော်တို့က တိတိကျကျစစ်ဆေးဖို့ကျတော့ အရည်အသွေးမှာ နည်းနည်းညံ့တာလေးတွေ ရှိတယ် ဒါက မျက်မြင်အရသော်လည်းကောင်း လုပ်ငန်း အတွေ့အကြုံအရ အဲ့ဒါလေးတွေတော့ ရှိတယ်။” ဟု ပြောသည်။ ၎င်းကော်မတီသည် နိုင်ငံတော်၏ ၂၀၁၆-၁ရ ခုနှစ် ဘတ်ဂျက်တွင်ပါရှိသည့် စီမံကိန်းများကို စစ်ဆေးပြီးနောက် တွေ့ရှိချက်များကို ပြည်နယ်လွတ်တော်ဥက္ကဌထံ တင်ပြ ရခြင်းဖြစ်သည်။ ထို့နောက် ကော်မတီ၏ တင်ပြချက်များအပေါ်အခြေခံပြီး လွတ်တော်က အရေးယူသင့်သည်များကို […]

ဖဲဘူး – နေ့စားခနှင့်စားစရိတ် ၊ လမ်းစရိတ်မထောက်ပံ့နိုင်သည့် အစိုးရဌာနဆိုင်ရာ လူထုဖွံ့ဖြိုးရေးစီမံကိန်း အစည်းအဝေးတွင် လူထုများက တက်ရောက်လာမှုအား နည်းနေသည့်အခက်အခဲ တွေ့နေရသည်ဟု ဒီးမော့ဆိုကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးနိုင်ကပြောသည်။ ဒေသတွင်း ကွင်းဆင်းဆောင်ရွက်သည့်အခါတွင် အသေးစားထောက်ပံ့မှုများပေးနိုင်သည့် NGO , INGO အဖွဲ့အစည်းများ ကဲ့သို့မဟုတ်သည့်အတွက် လူထုများကို တွေ့ဆုံရန် အခက်အခဲနှောက်နှေးမှုများ ရှိစေသည်ဟု ဆိုပါသည်။ ” ဘာဖြစ်လို့လဲဆိုရင် သူတို့က ထမင်းစားစရိတ်တွေ လည်းကျွေးနိုင်တယ်။ ခရီးစရိတ်လည်းပေးနိုင်တယ်။ နေ့စားခလည်းပေးနိုင်တယ်။ အဲလိုဖြစ်နေတဲ့ အနေအထားမှာ ကျနော်တို့ ဦးစီးဌာနဆိုတဲ့ ဒီအစိုးရအနေနဲ့ပေါ့နော။ ဌာဆိုင်ရာတွေအားလုံးပဲ။ ဘာပဲလုပ်လုပ် .. ရွာသားအနေနဲ့ ခုချက်ချင်း လက်ငင်းရမှာ လာမယ်ဆိုတဲ့ပုံစံမျိုးတွေ ရှိတယ်ပေါ့နော။” ဟု […]

ဦးမြာ မော်ချီးမြေပြိုမှုကြောင်း ရွေ့ပြောင်းနေထိုင်ကြရတဲ့ ဒေသခံတွေဟာ နေရာသစ်မှာ နေထိုင်ပြီး စီးပွားရေး လုပ်ကိုင်ရတာ အဆင်မပြေကြောင်း သိရပါတယ်။ မြေပြိမှုထဲအိုးအိမ်များ ဆုံးရှူံးသွားရတဲ့လူတွေကိုတော့ လက်ရှိမှာမော်ချီးဒေသနဲ့ လေးမိုင်ခန့်ဝေးတဲ့နေရာမှာ အလင်းတန်းကျေးရွာအမည်ဖြင့် ပြန်လည်နေရာချထားရေးကိုအစိုးရမှ ဆောင်ရွက်ပေးထားတာ ဖြစ်ပါတယ်။ “အဲ့ဒီမှာကသူတို့ချပေးတဲ့နေရာနဲ့က စီးပွားရေးလုပ်စားလ ို့မရဘူးစီးပွားရေးတစ်ခုဖြစ်ဖို့အတွက် ဝမ်းစာကိုရှာလို့မလွယ်ဘူး။ ကိုယ်တတ်ထားတဲ့ပညာနဲ့ အဲ့ဒီနားမှာလည်း လုပ်လို့မရဘူး။ ကျတော်ဆိုရင် ပရိဘောဂတတ်တယ် ကျတော့်မိန်းမဆိုရင် စက်ချုပ်တယ်။ အဲ့မှာအိမ်ခြေလေးငါးဆယ်လောက်နဲ့ ကျတော်တို့ ပရိဘောဂသွားလုပ်လို့ မရဘူးစက်ချုပ်လို့မရဘူး။ အဲ့ဒါကြောင့် နောက်ဆုံးဟိုမှာက စားဝတ်နေရေး ကျပ်တည်းလာတယ်။” ဟု အလင်းတန်းကျေးရွာတွင် နေထိုင်သူ ကိုဒိုးလုံးကပြောသည်။ မော်ချီးဒေသရှိဒေသခံများဟာသတ္တုကိုသာအဓိကကထားပြီးစားဝတ်နေရေးအတွက် လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။ မြေပြိုမှုဖြစ်ပြီးနောက်ပို်င်းမှာအလုပ်ရှားပါးလာတဲ့အမျှ တစ်ပိုင်တစ်နိုင်စီးပွားရေးအဖြစ် ဈေးရောင်းလုပ်ကိုင်နေကြတဲ့ အိမ်ရှင်မတွေအတွက်လည်း ထိခိုက်မှုတွေ ရှိလာတယ်လို့ […]