စူးမယ် ဖရူဆိုမြို့နှင့် မိုင် ၈ဝ ဝေးသည့် သိုသီးဖိုကျေးရွာအုပ်စုတွင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးပေခန်းလိုအပ်နေသည်ဟု သိုသီးဖိုရွာမှ ဥက္ကဌ ဦးမောင်ရှေ့က ပြောသည်။ သိုသီးဖို ကျေးရွာအုပ်စုတွင် ဆေးပေးခန်းမရှိသေးသည့်အတွက် တစ်လတစ်ကြိမ် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၏ နယ်လှည့်ဆေးကုသနေသည့် အဖွဲ့ကိုသာ စောင့်ပြီး ဆေးကုနေရသည်ဟု ဆိုသည်။ ဦးမောင်ရှေ့က “ကျနော်တို့လိုအပ်တာက ဖျားနာလို့ရှိရင် လမ်းလျှောက်သွားရတာက တစ်ခု သွားလာလို့ ဝေးတာ တစ်ခု ကားစီးရင်လည်း ကားခမရှိတာ တစ်ခု အမျိုးမျိုးလိုပါတယ်။ သူတို့သွားနိုင်ရင် နည်းနည်းသက်သာမယ်။ မသွားနိုင်ရင် ဒီလိုပဲ နေတယ်။ ကံကောင်းလို့ရှိရင် နည်နည်း လူဖြစ်တယ်။ ကံမကောင်းလို့ရှိရင် သေရမယ် အဲလိုမျိုးဖြစ်တာပဲ။”ဟု ပြောသည်။ ဒေသခံများအနေနှင့် […]

စိုင်းလင်းလင်းဦး စည်ပင်သာယာရေးအဖွဲ့မှ ကောက်ခံလျှက်ရှိသော မြို့ဝင်ဘီးခွန်ခေါ်(ဘီးကောက်)ကို လာမည့် ၂၀၁၇-၁၈ ဘတ်ဂျက်နှစ်တွင် ကောက်ခံသည့်စနစ် ပြောင်းလဲသွားရန် သက်ဆိုင်ရာသို့ အဆိုပြုသွားမည်ဖြစ်ကြောင်း ကယားပြည်နယ် လွိုင်ကော်မြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနီထွန်းက ပြောသည်။ လက်ရှိကောက်ခံလျှက်ရှိသော မြို့ဝင်ဘီးခွန်စနစ်မှာ ဖြတ်သန်းသွားလာသူများအတွက် ဝန်ဆောင်မှုအဆင်မပြေခြင်းများကြောင့် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပြောင်းလဲကောက်ခံရန် စီစဉ်နေခြင်းဖြစ်သ ဘီးခွန်ကောက်ခံရာတွင် တစ်နှစ်စာ အခွန်အား သက်ဆိုင်ရာသို့ ပေးသွင်းခြင်းဖြင့်လည်းကောင်း ပေးသွင်းထားသည့်ယာဉ်များအတွက် အသိအမှတ်ပြုမှတ်ပုံတင် ကဒ်ပြားများ ချိတ်ဆွဲထားသောစနစ်ဖြင့်လည်းကောင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ဖြေရှင်းရာတွင် စက်တပ်ယာဉ်လိုင်စင်သက်တမ်းတိုးစဉ် လာရောက်ရမည့် ယာဉ်များအနေဖြင့် ကယားပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န) သို့ ငွေသွင်းစဉ် စည်ပင်သာယာရေးမြို့ဝင်ဘီးခွန်ကို တစ်ပါတည်းကောက်ခံခြင်းဖြင့် ယခင်ကထက် အခက်အခဲများလျော့ကျစေနိုင်ကြောင်း ဦးနီထွန်းက ပြောသည်။ “ဆိုတော့ […]

ကယားပြည်နယ်၊ ဒီးမောဆိုမြို ့၊ ဒေါတမကြီးကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် စာသင်ဆောင်များလုံလောက်မူမရှိသည့်အတွက် အခက်အခဲရှိနေသည်ဟု အမည်မဖော် လိုသူဆရာမတဦးက ပြောသည်။ ပြီးခဲ့သည့်နှစ်က စာသင်ဆောင်လုံလောက်မူရှိသော်လည်း ပြိုကျမည့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ပြီး ဖျက်သိမ်းခဲ့သောကြောင့် စာသင်ဆောင်များလျော့နည်းလာခြင်းဖြစ်သည်။

တောင်ကုန်း တောင်တန်းတွေနဲ့ ထူထပ်ပေါများလှတဲ့ ကယား(ကရင်နီ)ပြည်နယ်ဖွား ကယော(ပရဲ့)လူမျိုးစုတို့ရဲ့ နေထိုင်ရာဒေသကို ရုံးစိုက်ရာ ဒီးမော့ဆိုမြို့ကနေ ကန္တာရဝတီတိုင်း(မ်) ဝိုင်းတော်သားတွေနဲ့အတူ ခရီးထွက်ခဲ့ပါတယ်။

နယ်စပ်တွင်နေထိုင်လျက်ရှိကြသော ကရင်နီဒုက္ခသည်များအနေဖြင့် နေရပ်သို့ ပြန်လည်အခြေချရန် ပြင်ဆင်မှုများ လိုအပ်နေဆဲဖြစ်သည်ဟု လူမှုအသင်းအဖွဲ့ကိုယ်စားလှယ်တချို့က ဆိုသည်။

ကယားပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများအနက် ဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးဘောလုံးပြိုင်ပွဲအားထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

စူးမယ် ဒီးမော့ဆိုမြို့နယ် ငုပလော့ ရပ်ကွက်အတွင်း ရှိ စစ်တပ် စခန်း တည်ထားသောမြေကို ဒေသခံများက ပြန်လည်တောင်းဆိုခဲ့ကြပြီးနောက်တွင် တောင်းဆိုခဲ့သည့် ဒေသခံများထဲမှ တချို့ကို စစ်တပ်မှ ခေါ်ယူတွေ့ဆုံခဲ့သည်။ ဒီဇင်ဘာ ၁ရ ရက်နေ့က ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အတူ မြေပိုင်ရှင် ရ ဦးကို ခမရ ( ၄၂၇) မှ ခေါ်တွေ့ပြီး နယ်မြေအေးချမ်းလာသည့်အချိန်တွင် ဧရိယာအလိုက် မြေများပြန်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ငုပလော့ရပ်ကွက်ရာအိမ်မှူး ဦးအယ်ရိကိုက ပြောသည်။ ဦးအယ်ရိကိုက “တကယ်လို့များ တောက်လျှောက် တစ်သက်လုံး နယ်မြေမအေးချမ်းဘူးဆိုလို့ရှိရင် တစ်သက်လုံးပဲ ဒီလိုပဲ နေလာရမလားဆိုပြီးတော့ မေးလိုက်တယ်။ သူလည်း မဖြေနိုင်ဘူးလေနော် အဲတော့ ကျနော်တို့လည်း ပြန်လည်ပြီးတော့ ရရှိဖို့အတွက်တော့ […]

ဖဲဘူး ကယားပြည်နယ်မှာ အသက် ၅ နှစ်မှ ၁ရ နှစ်အတွင်းရှိ အလုပ်လုပ်သော ကလေးငယ်ပေါင်း ၈ထောင်ကျော်ရှိနေသည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ ၂၀၁၅ ခုနှစ်အတွင်း ကောက်ယူထားသော အလုပ်သမားစစ်တမ်းအရသိရသည်။ ၎င်းရှစ်ထောင်ကျော်မှာ ကယားပြည်နယ်ရှိ ကလေးများ၏ ၁ဝ ရာခိုင်နှုန်း ရှိနေပြီး အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ကြကြောင်း မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးစီမံချက် စီမံကိန်းတာဝန်ခံ စောဆာကပေါ်ကပြောသည်။ “ကယားပြည်နယ်မှာ စိုက်ပျိုးရေးကဏ္ဍမှာ အများဆုံးတွေ့ရတယ်ပေါ့နော။ စိုက်ပျိုးရေးကဏ္ဍမှာ ပါဝင်ရတယ်။ ပြီးတော့ တချို့သတ္တုတွင်းနေရာမှာ ခဲလုပ်တဲ့နေရာတွေမှာ ပေါ့နော။ အဲမျိုးတွေမှာလည်း ကျနော်တို့တွေ့ရတယ်။ နောက် ဒီမှာ အရပ်ဖက် အဖွဲ့အစည်းတွေက ဒီလိုမျိုး အသက်မပြည့်ပဲနဲ့ အလုပ်ဝင်လုပ်တာ အိမ်ဖော်တွေဘာတွေလည်း […]

စူးမယ် ဒီးမော့ဆိုမြို့သည် မြို့ အင်္ဂါရပ်နှင့် ညီသော်လည်း စနစ်ကျမှု မရှိသောကြောင့် ပုံစံတကျဖြစ်ရန် ဆောင်ရွက်သွားမည်ဟု ဒီးမော့ဆိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းက ပြောသည်။ “ကျနော်တို့အခု ခြေတော်ယာသွားတဲ့ တစ်ဝိုက်မှာ အဆင်ပြေသလိုလေး သူ့အကွက် သူ့နေရာပေါ့ အဲလိုလေး သူတို့ အိမ်တွေ ခြံခတ်တာလေးတွေ ရှိတယ်”ဟု ဦးကျော်သက်ဝင်းက ပြောသည်။ ဆက်လက်ပြီး မြို့ပြများကဲ့သို့ ပန်းခြံများ၊ ကလေးကစားကွင်းနှင့် တခြား အပန်းဖြေစခန်း စသော နေရာများ လိုအပ်နေသည်ဟုဆိုပါသည်။ ဒီးမော့ဆိုမြို့ကို မြို့ပြအင်္ဂါအရပ်နှင့် အညီ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အိမ်ရာကွက်သစ်များ ဖော်ထုတ်ပေးနိုင်ရေး ( City Plan, Town Plan ) စနစ်တကျ ရေးဆွဲ […]

ကန္တာရဝတီတိုင်း(မ်) ဖရူဆိုမြို့နယ် ထီးကလူဒေါ ကျေးရွာမှ ဆိုလျားကူးကျေးရွာထိ (၂/၁.၅) မိုင် ကျောက်လမ်းခင်းရာတွင် အရည်အသွေးမပြည့်မှီသည့်အတွက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ် အစိုးရအဖွဲ့ထံ အစီရင်ခံစာတင်ပြထားသည်ဟု ပြည်သူ့ငွေစာရင်း စောင့်ကြည့် စစ်ဆေးရေးကော်မတီမှ သိရသည်။ ဘာဒို ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက်နေသော ၎င်းကျောက်လမ်းကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က သွားရောက်စစ်ဆေးခဲ့ရာ အောက်ပါ တွေ့ရှိချက်များကို ဖော်ပြအပ်ပါသည်။ ၁။ ခင်းပြီးထားသောလမ်း၏ ကန့်လန့်ဖြတ်လမ်း သုံးနေရာလမ်းထုအား တူးဖောက်စစ်ဆေးရာ ကန့်လန့်ဖြတ်နေရာ ၊ ဘေးနှစ်ဖက်နှင့် အလယ်အားစစ်ဆေးခဲ့ပါသည်။ ပထမနေရာ၌ လမ်းထုပျမ်းမျှ (၅.၇၅) လက်မ ၊ ဒုတိယနေရာ ( ၄.၈၃)လက်မ ၊ တတိယ […]