မော်ဦးမြာ ဘိန်းစိုက်တောင်သူများထံမှ တိကျသော အချက်အလက်များ မရရှိသည့်အတွက် ဘိန်းအစားထိုးသီးနှံများ ချပေးရန် အခက်အခဲရှိနေသည်ဟု စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ကြီး ဦးဘော့စ်ကိုက ပြောကြားသည်။ ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ မတ်လ ၂၆ ရက်နေ့က အပြန်အလှန်တွေ့ဆုံပွဲတွင် ၎င်းက ပြောကြားခဲ့သည်။ “အချက်အလက်တွေ အကုန်မရလို့ ခုနက ပြောတဲ့ ဧကတွေ မောင်ဖြူ၊ မောင်နီ အကုန်မရလာဘူး မပေးရဲကြဘူးလေ မပူးပေါင်းရဲကြဘူး။ ပူးပေါင်းဖို့ဆိုတာ ဖမ်းဖို့ ဆီးဖို့ မဟုတ်ဘူး အပြောင်းအလဲတစ်ခု လုပ်စေချင်တာ အဲ့လိုအနေအထားပါ။”ဟု ဝန်ကြီးက ပြောသည်။ ဘိန်းစိုက်တောင်သူများအနေဖြင့် မိမိတို့ထံတွင် ရှိသည့် အချက်အလက်များ၊ စိုက်ပျိုးမှုဧကများအား ပွင့်လင်းစွာ ချပြရန် လိုအပ်သည့်အပြင် အစိုးရများနှင့် […]

“NCA မထိုးသေးခြင်းဟာ ကေအဲန်ပီပီတပ်သား အသက်ခံရတဲ့ ကိစ္စတစ်ခုတည်းကြောင့်ပဲ မဟုတ်ဘူး။”လို့ ဆိုတဲ့ KNPP ၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မီတီ PNC ၏ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးနှင့် တွေ့ဆုံမေးမြန်းခြင်း။ ကန္တာရဝတီတိုင်း(မ်) မေး။ ။ NCA မထိုးနိုင်သေးတဲ့အပေါ်မှာ တကယ်ပဲ ဒီဇင်ဘာ ၂ဝ ရက်နေ့က ဖြစ်သွားတဲ့ဖြစ်စဉ်ကြောင့်ပါတယ်လို့ ပြောလို့ရလား။ ဖြေ။ ။ Knpp NCA ကို မထိုးသေးတဲ့ကိစ္စက ဒီဇင်ဘာ ၂ဝ ရက်နေ့က ရဲဘော်သုံးယောက်နဲ့ ရွာသားတစ်ဦးအသတ်ခံရတဲ့ကိစ္စနဲ့က တစုံတရာတော့ အကြောင်းရင်းတစ်ခုကြောင့်တော့ ဖြစ်ကောင်းဖြစ်မှာပေါ့နော။ အဲ့အကြောင်းရင်း တခုတည်းကြောင့်တော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း အဲ့လိုဖြစ်သွားတော့ NCA ထိုးဖို့အတွက် အခက်အခဲပိုဖြစ်သွားတာပေါ့။ ကြန့်ကြာစေတယ်။ ဘာဖြစ်လဲဆိုတော့ […]

ဦးမြာ ၂၀၁၈ ခုနှစ် ဧပြီလ တစ်ရက်နေ့မှစ၍ လျှပ်စစ်မီတာဘောက်များအား အတန်းအစား ၃ မျိုးဖြင့် ပြည်သူများထံ ချပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ကြီး ဦးဘော့စ်ကိုက မတ်လ ၂၆ ရက်နေ့တွင် ပြောသည်။ လျှပ်စစ်ဓါတ်အား ပမာဏအလိုက်သုံးစွဲမှုအပေါ် အခြေခံ၍ လျှပ်စစ်မီတာဘောက်များကို သင့်လျှော်သည့် အတန်းအစားအလိုက် ရွေးချယ်တပ်ဆင်နိုင်မည်ဖြစ်သည်။ မီတာဘောက်များကို ၄ သောင်းခွဲ၊ ရ သောင်းခွဲနှင့် ၉ သောင်းတန် စသည်ဖြင့် အတန်းအစားအလိုက် ဈေးနှုန်း သတ်မှတ်ထားသည်။ “အရင်တုန်းက ကျတော်တို့ ၉ သောင်းနဲ့ တပြေးညီချတယ် မဟုတ်လား အခုက အဲ့လို မဟုတ်တော့ဘူး ဘယ်လိုချမလဲဆိုတော့ ၄ သောင်းခွဲတန်ရှိမယ် […]

မူအက်စတာ တိရိစာ္ဆန်မွေးမြူရေး စိတ်ပါဝင်စားမှုရှိပါက နည်းပညာပေးပြီး မွေးမြူရန် တိရိစာ္ဆန်များကို ပေးအပ်သွားမည်ဖြစ်ကြောင်း ကယားပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြိီး ဦးဘောစ်ကိုက ပြောသည်။ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဘိန်းအစားထိုး မွေးမြူရန် ဆိတ်နှင့် ဝက် ၊ သိုး စသည့် တိရိစာ္ဆန်များ ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယမန်နှစ်က ပြည်နယ်အစိုးရမှ ကျေးရွာများသို့ သိုးနှင့် ဆိတ်များ မွေးမြူရန် ပေးအပ်ခဲ့သော်လည်း ပြုစုထိန်းသိမ်းနည်းမသိရှိသဖြင့် အဆိုပါ တိရိစာ္ဆန်များ အများအပြားသေကြေခဲ့သည်။ ဆင်းရဲမွဲတေမှု လျော့နည်းရန် ရည်ရွယ်၍ တိရိစာ္ဆန်များကို ပေးအပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ကျေးရွာများတွင် သက်ဆိုင်ရာမှ လာရောက်ပေးအပ်သည့် တိရိစာ္ဆန်များ မွေးမြူရာတွင် မအောင်မြင်ဘဲ ပြန်လည်ပေးလျော်ရမည့်အပေါ် ဒေသခံများက […]

မူအက်စတာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် မတ်လအထိ ကယားပြည်နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် ၁၄ စီးသာ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။ ကယားပြည်နယ်အတွင်း တရားမဝင်မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ ပပျောက်ရန်နှင့် ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေးခြင်း၊ တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ကော်မတီဖွဲ့ကာ ဆောင်ရွက်နေကြောင်း ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ပြောသည်။ ပြည်နယ်တွင်း တရားမဝင်လိုင်စင်မဲ့ကားများကို ဖမ်းဆီးရာတွင် မည်သည့်ဌာနဆိုင်ရာများ ပါဝင်ကြောင်းနှင့် ဖမ်းဆီးရရှိမိသော မော်တော်ယာဉ်များအား မည်ကဲ့သို့ အရေးယူဆောင်ရွက်ထားသနည်းဟု ဒီးမော့ဆိုမြို ့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တေ်ာကို်ယ်စားလှယ် ဦးသိန်းအောင်စဲရယ်က ပြည်နယ်လွှတ်တော်တွင် မေးမြန်းမှုကို လုံ/နယ်ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့သည်။ ၎င်းက […]

မော်ဦးမြာ ယင်းတလဲ(ပြန်တလိုင်)စာပေသင်ရိုးညွန်းတမ်းကို မတ်လ (၃၀)ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်သည်။ ဒီးမော့ဆို မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်(ခ)စဲရယ်မှ ယင်းစာပေသင်ရိုးညွှန်းတမ်းအား အတည်ပြုရန် အဆိုတင်သွင်းခဲ့ပြီး ဘောလခဲမဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်က ထောက်ခံဆွေနွေးခဲ့ရာ လွှတ်တော်တွင် ကန့်ကွက်သူမရှိ  အတည်ပြုနိုင်ခဲ့သည်။ ယင်းတလဲ (ပြန်တလိုင်)စာပေကို ၂၀၁၉-၂ဝ ပညာသင်နှစ်၌ အစိုးရစာသင်ကျောင်းတွင် သင်ကြားသွားနိုင်ရန် ရည်မှန်းထားသည်ဟု ယင်းတလဲ(ပြန်တလိုင်)စာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ အဖွဲ့ဝင် ခုဘန့်ရိုင်းက ပြောသည်။ “လာမယ့် ၂၀၁၉-၂ဝ လောက်တော့ သင်ဖို့တော့ ရှိတယ် ရအောင်တော့ သင်မယ်လို့တော့ ကျွန်တော်တို့ ရည်မှန်းထားတာပေါ့”ဟု ၎င်းက ကန္တာရဝတီတိုင်း(မ်)နှင့် တွေ့ဆုံစဉ် […]

ဖဲဘူး ပြည်နယ်အစိုးရအဖွဲ့ပိုင် စက်ယန္တရား ၁ဝ စီး၏ နှစ်အလိုက် ငှားရမ်းခနှင့် ပြင်ဆင်ထိန်းသိမ်းစရိတ်နှင့် ကုန်ကျစရိတ်များကို သိလိုကြောင်း လွှတ်တော်တွင် မေးမြန်းရာ သက်ဆိုင်ရာဝန်ကြီးမှ သေချာသည့် အဖြေပြန်ပေးနိုင်ခြင်းမရှိပေ။ ဒုတိယအကြိမ် ကယားပြည်နယ် နဝမပုံမှန် လွှတ်တော်အစည်းအဝေးတွင် အမှတ် ၁ မယ်စဲ့မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက မေးမြန်းခဲ့ခြင်းဖြစ်ပြီး အစိုးရရကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။ “ကျနော်တို့ သိထားတာကတော့ ဒီစက်ယန္တရားကို ငှားထားတာကတော့ တစ်လလျှင် သိန်း ၅ဝ ။ ဒီ သိန်း ၅ဝ ဆိုတာက ပြည်သူ့ဘဏ္ဍာငွေ။ ပြည်သူ့ ဘဏ္ဍာငွေကို တင်ပြရမယ်။ စက်ယန္တရား ၁ဝ စီးရှိတယ်၊ ရှိတဲ့ဟာကို […]

စိုးရယ် ကယားပြည်နယ်အတွင်းရှိ နားရောဂါဝေဒနာရှင် လူနာ(၄ဝဝ)ဦးကို လွိုင်ကော်ပြည်သူ့ဆေးရုံတွင် အခမဲ့ကုသပေးနေသည်။ အဆိုပါ ‘‘နားအကြားအာရုံရောဂါ”ကုသမှုကို အစီအစဉ်တစ်ရပ်အနေဖြင့် နေ့အထိ ၂၆ ရက်နေ့မှ ၂၈ နေ့အထိ ၃ ရက်တာ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ‘‘နားအကြားအာရုံရောဂါ” ကုသမှု အစီအစဉ်ကို မြန်မာနှင့် ထိုင်း သံတမန်ဆက်ဆံမှု ထူထောင်ခြင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ်  ပြုလုပ်ရခြင်းဖြစ်သည်။ ‘‘နားအာကြားအာရုံရောဂါ”အစီအစဉ်ကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ခွဲစိတ်ကုသပြီး မတ်လ ၂၆ ရက်နေ ့မှစ၍ ကုသပေးနေသည်ဟု သိရသည်။ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှ Dr.Soontom Antarasena ခွဲစိတ်ဆရာဝန်ကြီးနှင့် အဖွဲ့၊ မယ်ဟောင်ဆောင်ခရိုင်ဝန်Mr.SuebsakEaimvijarn၊ထိုင်း TBC(မယ်ဟောင်ဆောင်)ဥက္ကဌ ဗိုလ်မှူးကြီး ဝါရာတက်ဘွန်ရတို့ပါဝင်သော ထိုင်းနယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် နား၊ နှာခေါင်း၊ လည်ချောင်း၊ […]

မူအက်စတာ လုပ်သား အများအပြား ဝင်ရောက်လုပ်ကိုင်နိုင်သည့် စက်ရုံ၊ အလုပ်ရုံများ မရှိသည့်အတွက် ကယားပြည်နယ်၌ အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးနေခြင်းဖြစ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုးက ပြောကြားသည်။ “ကျွန်တော်မေးမယ် ကျွန်တော်တို့ ပြည်နယ်မှာ စက်ရုံအလုပ်ရုံတွေ ရှိလား။ ဘာစက်ရုံ၊ အလုပ်ရုံတွေရှိလဲ။”ဟု ဝန်ကြီးချုပ်က မေးခွန်းထုတ်သည်။ ၎င်းက မတ်လ ၂ဝ ရက်နေ့တွင် ကျင်းပခဲ့သော ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်၏ အမှတ်စဉ် ၄ ၏ သင်ယူမှုပြီးမြောက်ခြင်း လက်မှတ်ပေးအပ်ပွဲအခမ်းအနားတွင် ကျောင်းသားများက လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းရှားပါးနေခြင်းအပေါ် ဝန်ကြီးချုပ်ကို မေးမြန်းခဲ့သည်။ “လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်း ဘာကြောင့်နည်းပါးနေရတာလဲ။”ဟု ဆယ်သဲ၏ ကျောင်းသားတစ်ဦးဖြစ်သူက မေးမြန်းသည်။ မြန်မာနိုင်ငံရှိ အခြားသော တိုင်းနှင့် ပြည်နယ်များတွင် လျှပ်စစ်ကဏ္ဍ၊ ဘိလပ်မြေစက်ရုံ၊ […]