ကေထျိုးဘိုးပွဲတော်ကို ကျင်းပဖို့အတွက် အဓိက တစ်ခုဖြစ်တဲ့ ကေထျိုးဘိုးတိုင်တော်ကို သွားရောက်ခုတ်ထွင်တဲ့နေရာမှာ အမျိုးသားတွေသာ ခုတ်ထွင်ခွင့်ရှိပါတယ်။ အမျိုးသမီးတွေကတော့ အမျိုးသားတွေ စားသောက်ဖို့အတွက် ပြင်ဆင်ပေးရတာ ဖြစ်ပါတယ်။ တိုင်တော်ကို သယ်ဆောင်လာတဲ့ အချိန်မှာ အမျိုးသမီးများဟာ ကေထျိုးဘိုးတိုင်ရဲ့ အနောက်တွင်သာ လိုက်လာခွင့်ရှိတယ်လို့ သိရပါတယ်။ https://www.youtube.com/watch?v=fmaAOhvNi9M&feature=youtu.be

ထျိုးမြာ နှစ်ရှည်နိုင်ငံခြားရင်းနှီးမြှပ်နှံမှု မြှင့်တင်ရေးစီမံကိန်း၏ ကဏ္ဍတစ်ခုဖြစ်သော ရင်းနှီးမြုပ်နှံမှု ဖိုရမ်တစ်ရပ်ကို ယခုနှစ် မေလအတွင်း ကယားပြည်နယ်အစိုးရ၏ ဖြည့်စွက်ရန်ပုံငွေဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ဖိုရမ်တွင် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ဖော်ထုတ်ပြီး ရင်းနှီးမြှပ်လိုသူများနှင့် မိတ်ဆက်ပေးနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ “ရင်းနှီးမြှပ်နှံမယ့် ပုဂ္ဂိုလ်လိုချင်တဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေကို ပေးဖို့ ကျွန်တော်တို့ ပြင်ဆင်ဖို့လုပ်နေပါတယ်။ ကျွန်တော်တို့ ကယားပြည်နယ်မှာ ရင်နှီးမြှပ်နှံနိုင်တဲ့ အခွင့်အလမ်းတွေလည်း အများကြီးရှိပါတယ်။ ဖိုရမ်ကနေ ပြီးတော့ အချောထုတ်ပြီးတော့ ရင်းနှီးမြုပ်နှံတဲ့သူတွေနဲ့ ချိတ်ဆက်မယ့်ပွဲ ဖြစ်ပါတယ်။”ဟု ကယားပြည်နယ် ရင်းနှီးမြှပ်နှံမှုကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကယားပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခမ်လျမ်စွမ်းက ပြောသည်။ ဖိုရမ်တွင် ဟိုတယ်နှင့် ခရီးသွားဆိုင်ရာကဏ္ဍ၊ သတ္တုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ […]

ထျိုးမြာ နည်းပညာပိုင်း ဖွံ့ဖြိုးမှု အားနည်းနေ၍ ခန့်မှန်ထားသည်ထက် စီးပွားရေး တိုးတက်မှု  နှေးကွေးနေသော ကယားပြည်နယ်အား အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများဖြင့် တိုးတက်ရန် ရည်မှန်းထားကြောင်း ဝန်ကြီးချုပ်က ပြောသည်။ လျှပ်စစ်မီးနှင့် လမ်းပမ်းဆက်သွယ်ရေးများ တဖြည်းဖြည်းကောင်းမွန်လာပြီဖြစ်သော်လည်း အခြားစီးပွားရေးကဏ္ဍများ တိုးတက်မှု နှေးကွေးနေမှုအပေါ် အာရုံစိုက်မည်ဟု ဝန်ကြီးချုပ်က ပြောကြားသည်။  ၎င်းက အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းဆွေးနွေးပွဲကို မတ်လ ၁၂ နှင့် ၁၃ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပပြုခဲ့သည်။ နှစ်ရက်အတွင်း၏ ဆွေးနွေးချက်များသည် ပြည်နယ်၏ SME အခန်းကဏ္ဍအတွက် တိုးတက်ရာတိုးတက်ကြောင်း အရှိန်အဟုန်နှင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ကယားပြည်နယ် ဝန်ကြီးချုပ်က […]

လင်းသန့် ကယားပြည်နယ်၊ လွိုင်ကော် အခြေစိုက် အမှတ် (၂၅၀) ခြေလျင်တပ်ရင်းမှ မြေဧက ၁၉၄ နှင့် အမှတ်(၇) တပ်မတော်စစ်ဆေးရုံမှ ၁၅ ဧက စုစုပေါင်း ၂၁၉ ဧကကို ၅ နှစ်အကြာ သိမ်းယူထားပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်စွန့်လွှတ်ပေးလိုက်သည်။ ယင်းသိမ်းဆည်းခံမြေများကို လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ ၂၀၁ရ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ ရက်စွဲပါ စာဖြင့် နိုင်ငံတော်သို့ ပြန်လည်အပ်နှံခွင့်ပြုခဲ့သည်။ ယင်းမြေများကို ပြည်ထဲရေးဝန်ကြီးဌာနမှ နိုင်ငံတော်စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေအဖြစ် သတ်မှတ်ပေးကာ မူလတောင်သူများသို့ ပြန်လည်လုပ်ကိုင်ခွင့် ပေးအပ်လိုက်ခြင်း ဖြစ်သည်။ စွန်လွှတ်လိုက်သည့် အဆိုပါ မြေများအား သက်ဆိုင်ရာ တောင်သူများထံသို့ လယ်ယာမြေလုပ်ကိုင်ခွင့် ယာယီ […]

မိုးရာသီတောင်မှ မိုးနောက်ကျလို့ရှိရင် စိုက်ပျိုးရေးအတွက် အခက်အခဲဖြစ်နေတာကို တွေ့ရတယ်။ ဒီစိုက်ပျိုးရေး အတွက် ရေရဲ့ အရေးပါမှု ဘယ်လောက်ထိ အရေးကြီးလဲ၊ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဆွေးနွေးကြပါတယ်။

လင်းသန့် နယ်စပ်တွင် နှစ်စဉ်လောင်ကျွမ်းလေ့ရှိသည် တောမီး ကာကွယ်ရေးနှင့် မီးခိုးပပျောက်ရေး အပြန်အလှန် ပူးပေါင်းလုပ်ဆောင်ရန် ထိုင်း မြန်မာ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြသည်။ မြန်မာ-ထိုင်း နှစ်နိုင်ငံတောမီး ကာကွယ်ရေးနှင့် မီးခိုးပပျောက်ရေး စီမံကိန်းအတွက် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို မတ် ရ ရက်နေ့က ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ ဘီပီ(၁၃) နယ်စပ်ဂိတ် (ဟွေတနွန်)၌ ပြုလုပ်သည်။ နယ်စပ်ဖြတ်ကျော် တောမီးလောင်ကျွမ်းပါက နှစ်နိုင်ငံက အတူတကွ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ နယ်စပ်ဧရိယာတောမီးလောင်ကျွမ်းမှု မရှိစေရေး ကြိုတင်ကာကွယ်မှု နည်းလမ်းများကို မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ သစ်တောဦးစီးဌာန၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ စီမံချက်ချမှတ်ထားကြောင်း ဆိုသည်။ “တောမီးနဲ့ မီးခိုးကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို […]

ယင်းတလဲလူမျိုးတွေဟာ ကယား(ကရင်နီ) ပြည်နယ် ဘောလခဲမြို့နယ်မှာ အများဆုံးနေထိုင်ပြီး လူဦးရေ ၁,၅၀ဝ ဝန်းကျင်သာ ကျန်ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မိမိတို့ လူမျိုးပျောက်ကွယ်မသွားအောင် စာပေကို ဖော်ထုတ် အသုံးပြုနေတာဖြစ်တယ်လို့ ယင်းတလဲလူမျိုးတွေက ဆိုပါတယ်။ အပြည့်အစုံကိုဗွီဒီယိုမှာကြည့်ရှုနိုင်ပါတယ်။   https://www.youtube.com/watch?v=gQDb376QeEc&feature=youtu.be

မော်ဦးမြာ ၂၀၁၉ -၂ဝ ပညာသင်နှစ်အရောက်တွင် ယင်းတလဲ(ပြန်တလိုင်)စာပေကို အစိုးရကျောင်းတွင် ထည့်သွင်းသင်ကြားနိုင်ရန် ကြိုးပမ်းနေသည်ဟု ယင်းတလဲစာပေနှင့် ယဉ်ကျေးမှုကော်မတီက ပြောသည်။ ကျောင်းစာသင်ချိန်အတွင်း သင်ကြားနိုင်ရေးသည် ကယားပြည်နယ်အတွင်းရှိ လူမျိုးစုများအနက် အရေအတွက် အနည်းဆုံးသာ ကျန်ရှိတော့သည့် ယင်းတလဲလူမျိုးစု၏ သမိုင်းနှင့် ရိုးရာယဉ်ကျေးမှုများကို စာပေဖြင့် ပြန်လည်ထိန်းသိမ်းဖေါ်ထုတ်ရန် ကြိုးပမ်းမှုတရပ်ဖြစ်သည်။ ကြယ်ဖိုးဗျည်းအက္ခရာအခြေခံထားသည့် ယင်းတလဲစာပေကို ၂၀၁၄-၁၅ ခုနှစ်မှာ စတင်ဖော်ထုတ်ခဲ့သည်။ ယင်းတလဲလူမျိုးရဲ့ လူမျိုးနဲ့ စာပေတွေ ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းမြှင့်တင်မှုကို ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကာ ယင်းစာပေအား ထည့်သွင်းသင်ကြားနိုင်ရေးအတွက် ပြည်နယ်အစိုးရ၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တွေ့ဆုံညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့အပြီး စာသင်ကျောင်းတွင် ထည့်သွင်းသင်ကြားနိုင်ရေး အကောင်အထည်ပေါ်လာခဲ့သည်။ “အခက်အခဲကတော့ အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာတော့ ငွေကြေးအရကော၊ ပညာရှင်တွေကော […]

မူအက်စတာ ကယားပြည်​နယ်​ရှိ မြို့နယ်​တိုင်းရှိ အ​ခြေခံပညာအဆင်​့​ကျောင်​းသား/သူများအား ​နွေရာသီ​ကျောင်​းပိတ်​ရက်​အတွင်​း အ​ခြေခံအားကစားနည်​းများကို ​တစ်လအကြာ သင်​ကြား​ပေးမည် ဖြစ်သည်။ မြို့လူဦးရေ အနေအထားအပေါ်မူတည်း၍ အားကစားနည်း အရေအတွက်အလိုက် သင်ကြားပေးမည်ဖြစ်သည်။ လွိုင်ကော်မြို့တွင် ကစားနည်း ၁၉ မျိုးအထိ သင်ကြားပေးမည်ဖြစ်သော်လည်း လူဦးရေနည်းပါးသော မြို့နယ်တွင်မူ အနည်းဆုံး ၃ မျိုးအထိ သင်ကြားပေးမည်ဖြစ်သည်။ မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်​ရွယ်​ပြီးဖွင်​့လှစ်​ထားခြင်​း ဖြစ်​​ကြောင်​း တာဝန်ရှိသူက ပြောသည်။ “၁ ရက်​​နေ့က​နေ ၃ဝ ရက်​​နေ့ထိ ဖွင်​့ထားပါတယ်​။” ဟု ကယားပြည်​နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ တာဝန်ရှိသူ တစ်ဦးက ​ပြောသည်​။ ဘောလုံး၊ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း ၊ ဝူရှူး ၊ […]