ကန္တာရဝတီတိုင်း(မ်)မှ တင်ဆက်ထားသည့် ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ကရင်နီဘာသာ တိုင်းရင်းသားအွန်လိုင်းရေဒီယို အစီအစဉ်

[the_ad_placement id=”content-1″]ထျိုးမြာ ကယားပြည်နယ်တွင် ဆိုင်ကယ်ခိုးရန် ကြိုးပမ်းသူ လူ ၁ ဦးအား ရွာသားများက အုပ်စုလိုက်ဝိုင်းရိုက်ခဲ့သည့်အတွက် သေဆုံးမှုဖြစ်ပွားခဲ့ပြီး ကျူးလွန်ခဲ့သူ ရာအိမ်မှူးအပါအဝင် ရွာသား ၂၆ ဦးကို ရာဇာသတ်ကြီးပုဒ်မဖြင့် အရေးယူရန် ဆောင်ရွက်နေသည်။ ကျူးလွန်ခဲ့သူ ၂၆ ဦးကို ဖေဖေါ်ဝါရီ ၄ ရက်နေ့တွင် လွိုင်ကော်ရဲစခန်းက အမှုဖွင့်ကာ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေသည်။ ဆိုင်ကယ်ခိုးယူရန် ကြိုးစားသူကို မင်္ဂလာဆောင်၌ ချက်ပြုတ်နေကြသော လူငယ်များမှ ဖမ်းဆီးပြီး ဝိုင်းဝန်းထိုးကြိတ်ရာက ဆေးရုံတွင် သေဆုံးသွားကြောင်း ရဲမှတ်တမ်းတွင် ဖေါ်ပြထားသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် နွားလဝိုးကျေးရွာအုပ်စု၊ ကယန်းကြခူကျေးရွာ ဦးထွန်းရယ်၏ နေအိမ်တွင် […]

မူအက်စတာ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ရှိ ကျေးရွာများက ၎င်းတို့ အဓိက မှီခိုအားထားနေရသည့် အွမ်းလောင်းချောင်းကို ပြန်လည်ထိန်းသိမ်းရန် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစ၍ ယနေ့အချိန်အထိ အားစိုက်လုပ်ဆောင်နေသည်။ သဘာဝမြစ်ချောင်းများ ရေရှည်တည်တံ့ပြီး ဒေသခံများကိုယ်တိုင် စနစ်တကျ ထိန်းသိမ်းတတ်စေရန် ရည်ရွယ်လျှက် ကယားနှစ်ခြင်းအသင်းချုပ် ခရစ်ယာန်လူမှုဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာနမှ ယင်းဒေသရှိ အွမ်းလောင်းချောင်းထိန်းသိမ်းရေးအစီအစဉ်အား ပံ့ပိုးကူညီထားသည်။ သုတေသနပြု လေ့လာချက်အရ ရေစီးလမ်းကြောင်းများ ပြောင်းလဲနေကာ သဘာဝအတိုင်းမှ သွေဖယ်နေသည့် အနေအထားကို ရောက်ရှိနေသည်ဟု ကယားနှစ်ခြင်းအသင်းချုပ် ခရစ်ယာန်လူမှုဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာန၏ ချောင်းထိန်းသိမ်းရေးစီမံကိန်း၏ ညှိနှိုင်းရေးမှူး ဦးဂျူးဘာရီက ပြောသည်။ “ဒေသခံတွေ ကိုယ်တိုင်လည်း ဒီချောင်းကို တန်ဖိုးထားတတ်ဖို့၊ ဒီချောင်း ရေရှည် ရှင်သန်နိုင်အောင် သူတို့နားလည်ဖို့ သူတို့သိရှိဖို့ ကျွန်တော်တို့ ထိန်းသိမ်းရခြင်းဖြစ်ပါတယ်”ဟု […]

လင်းသန့် ၂၀၁၅ ခုနှစ်ကတည်းကစ၍ လေ့လာနေသော စမ်းသပ်တိုင်းတာမှုရလဒ်အရ ပွန်ချောင်းမြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းလျာထားရာ နေရာ ၂ ခုကို ဖြစ်မြောက်နိုင်စွမ်းမရှိသဖြင့် ယင်းအစီအစဉ်ကို ရုတ်သိမ်းလိုက်ပြီဖြစ်သည်။ လေ့လာချက်အရ ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်း နမ့်ပွန်ချောင်းပေါ်ရှိ အထက်ဟော်ခမ်း (Upper Haw Khan ) လျှပ်စစ်စီမံကိန်း နှင့် အောက်နမ့်ပွန် (Lower Nam Pawn) လျှပ်စစ်စီမံကိန်းတို့ကို ဖြစ်မြောက်နိုင်စွမ်းဆိုင်ရာ လေ့လာတွေ့ရှိချက်အပေါ်အခြေခံကာ ဆက်လက်လုပ်ဆောင်တော့မည်မဟုတ်ပေ။ ယင်းစီမံကိန်းကို ရင်းနှီးမြှပ်နှံမည့် HTCT Energy Inverestment Co.Ltd က ဖေဖေါ်ရီ ၅ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရရုံးတွင် တွေဆုံခဲ့ပြီး အဆိုပါ လေ့လာစပ်သပ်မှုရလဒ်များကို အသိပေးရှင်းလင်းခဲ့ကြောင်း ကယားပြည်နယ် သယံဇာတနှင့် […]

မူအက်စတာရေးသားသည်။ စင်ပေါ်ရောက်လာတဲ့အခါမှာ စကားကို စချီတည်းက အသံတုန်တုန်ရီရီနဲ့ ကယားပြည်နယ်ရဲ့ အခြေအနေကို ဘွားဘွားပေါ်အောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံမှာ ရင်ဖွင့်ခဲ့တဲ့သူက လွိုင်လင်သား ကယန်းလူမျိုး ခွန်းမားရီယိုပဲ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်က ကယားပြည်နယ်၊ လွိုင်ကော်မှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးစကားဝိုင်း တစ်ခုမှာဖြစ်ပါတယ်။ “လူကြီးတွေအတွက် ဟင်းကောင်းကောင်းချက်ကျွေးရတယ်။ ကျနော်တို့က အကြွင်းအကျန်ပဲ စားရတယ်။” “စစ်ပြီးလို့ပြန်လာတော့ ကျနော့တို့ရဲ့ မြေနေရာမှာ တပ်သိမ်းမြေ၊ မကျူးကျော်ရဆိုပြီးဖြစ်ကုန်ပြီ။”လို့ အစချီတဲ့ စကားတွေဟာ နိုင်ငံကျော်ခဲ့ပြီး ဒီစကားတွေဟာ ခွန်းမာရီးယိုဆီကနေ ထွက်ပေါ်လာတဲ့စကားတွေပါ။ ငြိမ်းချမ်းရေးစကားဝိုင်းအပြီး ခွန်းမာရီးယိုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတွေဟာ သတင်းမီဒီယာမှာသာမက မြန်မာတစ်နိုင်ငံမှာ ငြိမ်းချမ်းရေးစကားဝိုင်းကို စောင့်ကြည့်နေကြတဲ့သူတွေ စကားသံမှာ တော်တော်လေး ပြောစမှတ်ပြုခဲ့ကြပါတယ်။ “ငြိမ်းချမ်းရေးစကားဝိုင်းမှာ ကျွန်တော်တို့လို တောသူတောင်သားတွေ၊ […]

Simple(LmT)ရေးသားသည်။ ဒီခမောက်လေးတွေက ထီးပေါ်ဆိုရွာမှာ လုပ်တတ်လုပ်နိုင်တဲ့သူတွေ လက်ချိုးရေရင်တောင် ဆယ်ချောင်း မပြည့်တော့ပါဘူး။ ဒီပြင်ရွာတွေမှာလည်း ဒီလိုဘဲထင်ပါရဲ့ဗျာ။ ဒီဝါးခမောက်မှ မဟုတ်ပါဘူး။ ကျန်တဲ့ဒေသလက်မှုတွေဟာလည်း ပျောက်ကွယ်လုနည်းဖြစ်နေပါပြီလေ။ အမှတ်မထင်ဘဲ ညနေခင်းတစ်ခုမှာ မရောက်တာကြာတဲ့ အကို့အိမ်ကို သွားလည်ဖြစ်ခဲ့တယ်။ အဲဒီမှာ ဒီဝါးခမောက်လှလှလေးတွေ လုပ်နေတာကို မြင်ရတော့ စိတ်ဝင်စားပြီး မေးခွန်းတချို့ကို ​မေးကြည့်ခဲ့မိတယ်။ ဒီဝါးခမောက်လေးတွေက ဝါးခွံလေးတွေကို ကောက်ပြီး ရေစိမ်ရတယ်တဲ့။ ပြီးတော့ အပ်လေးနဲ့ခြစ်ကြောင်းပေးပြီး လိုချင်တဲ့အရွယ်အစားကို လိမ်ယူရတယ်။ပြီးတော့ ပုံသွင်းဖျာယူထားတဲ့ ဝါးကျောလေးတွေကို အပ်ချည်ကြိုးလေးနဲ့ ပြန်သီချုပ်ရတယ်။ ဒါတွေလုပ်ရင် တရက် ဘယ်နှစ်လုံးပြီးလည်းဆိုတော့ မပြောတတ်ဘူးတဲ့။ အားတဲ့ချိန်လေးတွေမှာ အားသလိုလုပ်တော့ တလဆို အလုံး ၁ဝ ,၂ဝ လောက်ဘဲရတယ်တဲ့။ ကျန်တဲ့ချိန်တွေမှာတော့ တောင်ယာ လယ်လုပ်ပေါ့တဲ့။ တောင်​ယာလယ်လုပ်ချိန်ကုန်ရင် ပြန်လုပ်ဖြစ်တာပါပဲတဲ့။ ဒီလုပ်ထားတဲ့ခမောက်လေးတွေကို ဖရူဆိုဈေးမှာ အိမ်သူကသွားရောင်းတယ်တဲ့။ တစ်လုံးကို ၂၅၀ဝ နဲ့ ၃၀၀ဝ ကြား ရတယ်ပြောတယ်။ ကလေးမုန့်ဖိုးနဲ့ အိမ်စရိတ်တချို့တော့ ရတာပေါ့တဲ့။ ဒီခမောက်လေးတစ်လုံးမှာ အိမ်သူရဲ့လက်ရာပညာလေးလည်းပါတယ်ဗျ။ ခမောက်ထိပ်က ချည်ကြိုးထုံးလေးပေါ့။ သေချာကြည့်တော့ သေသပ်ပြီး […]

Simple (LMT)ရေးသားသည်။ ​ဒေသထွက်ကုန်အတွက် ဒေသလမ်းက ခက်ခဲမှတော့ ဒေသဖွံ့ဖြိုးရေးဆိုတာက ရုံးစာပွဲပေါ်ကနေ ဥုံဖွ ဟချလောင်ဆိုပြီးတိုးတက်လာပါလိမ့်မယ်။ ဒီရွာလေးကိုရောက်ဖြစ်တာ ဒီအခါနဲ့ဆို လေးခါမြောက်ပေါ့။ နွေနဲ့ဆောင်းမှာဆို ဖုန်းထောင်းထောင်းထပြီ မိုးတွင်းမှာတော့ လူမပြောနဲ့ ဖိနပ်တောင် သူ့ဟာသူချောနေရလောက်အောင် ချော်တဲ့ မြေသားလမ်းလေးကိုပဲ အားပြုသွားလာကြရတာပေါ့။ နွေနဲ့ဆောင်းမှာ သောက်သုံးရေဆိုတာ ရွှေထက်ရှားတဲ့နေရာလေးတစ်ခုပေါ့။ အိမ်ခြေ (၃၁) အိမ်လောက်သာရှိတဲ့ ဒီရွာလေးဟာ ခေတ်အဆက်ဆက်ကတည်းက စစ်ရဲ့အနိဌာရုံတွေအောက်​မှာ  ကြံ့ကြံ့ခံရင်းနဲ့ အခုဒီချိန်ထိအောင် အေးချမ်းစွာနဲ့ မိရိုးဖလာတောင်သူ အလုပ်တွေနဲ့ပဲ အသက်ဆက်နေခဲ့ကြရတာပေါ့။သူတို့ရွာလေးနာမည်က ဒေါကလော်လဲ (ညောင်ပင်အောက်ရွာ)ပေါ့။ အခုခါမှာတော့ အဲ့ရွာလေးကို ဝါးပင်အောက်ကရွာလို့ ချစ်စနိုးလေးခေါ်ချင်မိတယ်ဗျ။ မိရိုးဖလာစိုက်ပျိုးနည်းတွေနဲ့ ဒီဝါးလေးတွေဟာ ဖြစ်ထွန်းနေလိုက်တာများ လော်ဂျာရွာအောက်က ဝါးပင်လေးတွေကို စစ်ယာဉ်တန်းလေးဖြတ်သွားတော့ စစ်သားတွေဝိုင်းခုတ်နေတဲ့ ဟိုးလွန်ခဲ့တဲ့ဆယ်စုနှစ်အချိန်တွေကို ပြန်တွေးမိလိုက်တယ်ဗျာ။ ဒီဝါးပင်လေးတွေကို ဘိုးဘွားတွေဟာနောင်တချိန်အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိုက်ခဲ့ကြပေမယ်​့ ဖြစ်ထွန်းအောင်မြင်လာတဲ့အခါမှာ ဒီမြေဒီအပင်တွေဟာ သစ်တောမြေ မြေလွတ်မြေလပ် အလေ့ကျဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ တရားရုံးရောက်ကုန်ကြရောဗျာ။ ဒီမိုကရေစီရဲ့ တရားဥပဒေစိုးမိုးမှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ငါတို့မြေ၊ ငါတို့ရေ၊ ငါတို့ယဉ်ကျေးမှု၊ ငါတို့ရဲ့နေထိုင်မှုတွေက ဥပဒေမဲ့ ဖြစ်ကုန်ကြရော။ ခေါင်ရည်ဆိုတာ ဒီမိုကရေစီအသက်ဝင်လာရင် ဥပဒေမဲ့ဖြစ်သွားမှာပဲဆိုတာကို  ပြည်မကဝန်ထမ်းက ပြောတော့ ကိုယ်တွေ ဝမ်းနည်းမိတယ်။ တူမီးသေနတ်တွေဟာလည်း ဥပဒေမဲ့ပဲတဲ့။ ဒီလိုဆိုရင် ငါတို့ရွာလေးတွေက ကြပ်ခိုးစင်တွေပေါ်မှာရှိတဲ့ ဒီတောလိုက်တဲ့သေနတ်တွေက ငါတို့ကို အချိန်မရွေးလက်နက်မှုနဲ့ ထောင်ထဲရောက်စေနိုင်မှာပေါ့။ ငါတို့မြေဟာ […]

စိုင်းကျော်စံ(ကယားပြည်နယ်ဥပဒေချုပ်) ဒါကထားသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကယားပြည်နယ်မှာဆိုရင် ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ အမှတ်တရတွေလည်း မရှိသေးဘူး။ နောက်ပြီးတော့မှ ဗိုလ်ချုပ်ဆိုတာကလဲ ပြည်နယ်သူပြည်နယ်သားအားလုံး သိရှိပြီးဖြစ်တဲ့အတိုင်း လွတ်လပ်ရေးရဲ့ဖခင်ကြီး ဒီတော့ ရှိကိုရှိသင့်တယ်ထင်ပါတယ်။ နောက်ပြီးတော့ ဒီလိုရှိမယ်ဆိုရင်လဲ ပြည်နယ်သူပြည်နယ်သားတွေလည်း ဝမ်းသာသလို ကျန်တဲ့ ပုဂိုလ်တွေလဲ ဝမ်းသာမယ်လို့ထင်ပါတယ်။ —————————————————————————- ဦးဘော့စ်ကို (ဝန်ကြီး၊ ကယားပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန) ကျနော့အမြင်ကတော့ ဒါပြည်သူလူထုရဲ့ ဆန္ဒအများသဘောကိုလည်း ကောက်ခံတဲ့အတွက်ကြောင့် ပြည်သူလူထုလည်း ဆန္ဒရှိတယ်ဆိုရင်လဲ ဒါကောင်းပါတယ်။ —————————————————————————- ကိုဗညား (ဒါရိုက်တာ၊ ကရင်နီလူ့အခွင့်အရေးအဖွဲ့) ကျနော်အမြင်ပြောရရင် စဉ်းစားချက်နှစ်ခုပေးချင်ပါတယ်ပေါ့နော။ ပထမတစ်ခုကတော့ ဗိုလ်ချုပ်ကြေးရုပ်ကို ကျနော်တို့ရဲ့လက်ရှိဖြစ်ထွန်းနေတဲ့ သွားနေတဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ဒီဟာက လတ်တလောပေါ့နော လုပ်စရာမလိုသေးတဲ့အပေါ်မှာ ကျနော်ကတော့ အဲ့ဒါကိုတော့မကြိုဆိုဘူးပေါ့နော။ […]

မူအက်စတာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က လိုပွါခိုခရိုင်အတွင်း ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ဆောင်နေသော INGOsနှင့် NGO အဖွဲ့အစည်းများကို ဇန်နဝါရီလ ၂၄ ရက်နေ့က ပြန်လည်လုပ်ဆောင်ခွင့်ပြုလိုက်ပြီးဖြစ်သည်။ ယခင်က လှုံခြုံရေး အကြောင်းပြချက်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်နေသော အဖွဲ့အစည်းများကို ဒေသတွင်းမှ ထွက်ခွာပေးဖို့ ဒီဇင်ဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်စာတစောင် ထုတ်ပြန်ခဲ့သည်။ “အဓိက မိန်းလမ်းမကြီးဘေးမှာ ရှိတဲ့ရွာတွေမှာ လုပ်နေတဲ့ ပညာရေး၊ ကျန်းမာရေးစီမံကိန်းတွေက တဝက်တပျက်ဖြစ်နေတဲ့အတွက် ပြန်လုပ်ခွင့်ပြုလိုက်တာ ကျန်တဲ့နေရာတွေကတော့ နယ်မြေလုံခြုံမှုပေါ် မူတည်သေးတယ်ပေါ့ ”ဟု ကေအဲန်ပီပီအမှတ်(၁)ခရိုင် အုပ်ချုပ်ရေးမှူး ဦးဖိုးရယ်က ပြောသည်။ ထုတ်ပြန်ချက်ထဲတွင် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ အုပ်စု(၄)အုပ်စုဖြစ်သည့် (၁)ဒေါလာစောအုပ်စု (၂) ကေကောအုပ်စု၊ […]

မူအက်စတာ ဘတ်ဂျက်ပေါင်း သိန်း(၆၀၀)ခြောက်ရာဖြင့် ကြေးရုပ်နှင့်သွန်းလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် အာဇာနည်နေ့မတိုင်မှီ အပြီးဆောင်ရွက်မည်ဟု ဖေဖော်ဝါရီလ (၁)ရက်နေ့ ကယားပြည်နယ်အစိုးရရုံးတွင် ပြုလုပ်သည့် အစည်းအဝေးတွင် အတည်ပြုပြောဆိုလိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားမည့်နေရာကို အာဇာနည်ကျောက်တိုင်နှင့် အ သုံးလုံးနေရာတွင် ထားရှိရန် လျာထားကြသော်လည်း အစည်းအဝေးသို့တက်ရောက်လာသော ပုဂ္ဂိုလ်များ၏ သဘောထားများအရ အ သုံးလုံးနေရာကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်သွန်းလုပ်နိုင်ရန်အတွက် အများပြည်သူများ ပါဝင်လှူဒါန်းနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကယားပြည်နယ်အစိုးရမှ ကြီးမှူးကျင်းပမည်ဖြစ်သောကြောင့် ငွေကြေးအတွက်ပူစရာမလိုကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အစည်းအဝေးတွင်ပြောကြားသွားသည်။ ကြေးဖြင့်သွန်းလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ် ကို ရန်ကုန်မှ ကြေးသွန်းပညာရှင် အောင်ကျော်ထွန်းက သွန်းလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ အစည်းအဝေးသို့ လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာမှတာဝန်ရှိသူများမှ […]