လင်းသန့် နိုင်ငံဝန်ထမ်းများအားလုံးကို ဧပြီလ ၃ဝ ရက်မှ စတင်ပြီး လစာတိုးရန် ထုတ်ပြန် ထားသည့်နှုန်းထားများအတိုင်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဧပြီလ ၂၉ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။ “ဤအမိန့်ကြေငြာစာအရ ခံစားခွင့်များကို ၂၀၁၈ ခုနှစ် ဧပြီလအတွက် လစာမှစ၍ ခံစားခွင့် ရှိစေရမည်”ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း လက်မှတ်ဖြင့် ထုတ်ပြန်ထားသည်။ တိုးမြှင့်ပေးလိုက်သည့်အထဲတွင် တပ်မတော် ကြည်း၊ ရေ၊ လေ ဝန်ထမ်းများလည်း ပါဝင်သည်။   အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ၊ ဌာနတွင်းခန့်အပ်ထားသည့် ဝန်ထမ်းများ၏ ပုံသေလစာ၊ နေ့စားလုပ်ခ၊ ကျွမ်းကျင်သူများ၏ လစဉ်ထောက်ပံ့ငွေ၊ ပညာရှင်များ၏ ချီးမြှင့်ငွေများ တိုးမြှင့်သတ်မှတ်ခြင်းကိုမူ ထပ်မံထုတ်ပြန်သွားမည်ဖြစ်သည်။ ဧပြီ ၂၅ […]

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ဧပြီလ ၁ရ ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်းမှာ အမှုထမ်းဝန်ထမ်းတွေရဲ့ လစာကို ၂ဝ ရာခိုင်နှုန်း၊ အရာထမ်းဝန်ထမ်းတွေရဲ့လစာကို ၁ဝ ရာခိုင်နှုန်း တိုးမြှင့်ပေးမယ်လို့ ပြောကြားခဲ့ပြီးနောက် ဧပြီလ ၃ဝ ရက်မှာ စတင်အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ https://www.youtube.com/watch?v=3em29AdtDY8&feature=youtu.be

ဒေသခံတောင်သူလယ်သမားတွေအနေဖြင့် စိတ်ချရတဲ့ စပါးမျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးလိုအပ်တဲ့အတွက် သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနတွေအနေနဲ့ ကျေးရွာတွေဆီ ကွင်းဆင်းပြီး အသိပညာပေးတာတွေ ပြုလုပ်ပေးစေလိုတယ်လို့ ဒေသခံတောင်သူတွေက တောင်းဆိုကြပါတယ်။ https://www.youtube.com/watch?v=LKOQkQjSp2o&feature=youtu.be

ထျိုးမြာ ကယားပြည်နယ်တွင် ပြုလုပ်သည့်ဆွေးနွေးပွဲသည် မြန်မာနိုင်ငံအလယ်ပိုင်းမှအောက်ပိုင်းတစ်ခုုလုံးတွင် ငြိမ်းချမ်းရေးအလင်းရောင်ထွန်းလင်းတောက်ပံ့ရန် အလားအလာရှိမရှိ အဆုံးအဖြတ်ပေးမည့်ပွဲဖြစ်ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဌ ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ကပြောပါသည်။ ကယားပြည်နယ် လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမတွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မတီ (PNC) တို့၏တွေ့ဆုံဆွေးနွေးပွဲ၌ အဖွင့်နုတ်ဆက်စကားပြောကြားရာတွင် ပြောသွားခြင်းဖြစ်သည်။ “ဒီနေ့ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအလယ်ပိုင်းက နေ အောင်ပိုင်းတစ်ခုုလုံးငြိမ်းချမ်းရေး အလင်းရောင် ထွန်းလင်းတောက်ပံ့ဖို့အတွက်ကို အလားအလာရှိ မရှိ အဆုံးအဖြတ် ပေးတော့မှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဆွေးနွေးတဲ့အခါမှာ ကယားပြည်နယ် ပြည်သူတွေလူထုတွေ အထူးပဲလိုလားတောင်းတတဲ့ ပဏမ အရေးကြီးတဲ့ သမိုင်းမှတ်တိုင်တခုကို ထူထောင်နိင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ”ဟု […]

လင်းသန့် ကယားပြည်နယ်အတွင်း ဒေသအသီသီးရှိ မသန်စွမ်းသူ ၅၀၉ ဦး၏ ဘဝရပ်တည်ရေးအတွက် ငွေသားနှင့် အထောက်အကူပြုပစ္စည်းများကို အစိုးရက ထောက်ပံ့ပေးအပ်သည်။ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ မသန်စွမ်းမှုနှင့် သဟဇာတဖြစ်မည့် အတားအဆီးကင်းသော(Barrier Free)ပတ်ဝန်းကျင်အခြေအနေများ ဖန်တီးပေးခြင်းဖြင့် မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာပြီး လူနေမှုဘဝများ တိုးတက်မြင့်မားလာကာ ပိုမိုသာယာပျော်ရွှင်စွာ ရပ်တည်နေထိုင်သွားနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။ ယင်းထောက်ပံ့လှူဒါန်းပွဲကို ဧပြီ ၂၅ ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ကျင်းပသည်။ “မသန်စွမ်းသူများဟာ သိမ်ငယ်မှု၊ အားငယ်မှု မရှိဖို့ လိုအပ်တယ်။ ပြည်နယ်အတွင်း မှီတင်းနေထိုင်သော မည်သည့် လူတန်းစားမဆို ပစ်ပယ်ထားမှာ မဟုတ်ဘဲ မိမိအနေနဲ့ ပြည်နယ်အတွက် မိဘနေရာမှာ ရောက်ရှိနေတာဖြစ်တဲ့အတွက် […]

ကုန်ထုတ်တံတားကို ပြန်လည်တည်ဆောက်မယ်ဆိုရင် အိုကေအုပ်စု၊ ဆောင်ဒူအုပ်စု ၊ ဒေါဘူးကူးအုပ်စုက ရွာပေါင်း ၂ဝ နီးပါးလောက် အသုံးပြုသွားလာနိုင်မယ်လို့ ဦးဒိရီက ဆက်ပြောပါတယ်။ https://www.youtube.com/watch?v=bJ4yAocWT74&feature=youtu.be

စိုးရယ် ကျေးရွာပေါင်း ၂ဝ နီးပါးရှိ တောင်သူများအတွက် အသုံးဝင်မည့် လယ်ယာကုန်ထုတ်တံတားတစ်စင်းကို ဒေါဘူးကူးကျေးရွာအုပ်စု၊ ဒေါသဲကျေးရွာအနီးရှိ ရေငုတ်တွင် ဆောက်လုပ်ပေးရန် ဒေသခံများ လိုလားနေသည်။ အိုကေအုပ်စု၊ ဆောင်ဒူအုပ်စု၊ ဒေါဘူးကူးအုပ်စုရှိ ဒေသခံများ၏ လယ်ကွက်မှ ဖြတ်သန်းဆောက်လုပ်ရမည့် ယင်းကုန်ထုတ်တံတားသည် သီးနှံများသယ်ယူရန်နှင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရာတွင် များစွာအထောက်အကူဖြစ်လာမည်ဟု ဒေါသဲကျေးရွာနေ ဦးဒိရီက ပြောသည်။ “လာမလုပ်ပေးသေးသ၍တော့ ကျနော်တို့ ဆက်ပြီး တင်ပြသွားအုန်းမှာ”ဟု ၎င်းက ပြောသည်။ ယခင်နှစ်များက လယ်ယာထွက်ကုန်များ သယ်ယူရလွယ်ကူအောင် နီးစပ်ရာ တောင်သူအချို့မှ အချင်းချင်းချိတ်ဆက်ကာ ပိုက်လုံးများဖြင့် ယာယီတံတားထိုးပြီး အသုံးပြုခဲ့သည်။ ယင်းယာယီတံတားသည် အချိန်ကာလ နည်းငယ်သာ ခိုင်ခံသဖြင့် ရေရှည်အဆင်မပြေကြောင်း ဆိုသည်။ ကုန်ထုတ်တံတား ဆောက်လုပ်ပေးရန် ဆည်မြောင်းဝန်ကြီးဌာနသို့ […]

ဧပြီလ ၁ရ ရက်နေ့မှာ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဒေါဖုကျေးရွာမှာ ပျက်စီးဆုံးရှုံးမှုများပြီး ဒေါပဲဒူ၊ ဘိုးလျားစတဲ့ ကျေးရွာမှာလည်း အနည်းငယ် ပျက်စီးဆုံးရှူံးမှုတွေ ရှိတယ်လို့ သိရပါတယ်။ အိမ်ခြေ ၁၂ လုံးထက်မနည်း ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှူံးမှုတန်ဖိုးမှာ သိန်း ၄ဝ ဝန်းကျင်ရှိတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနရဲ့ စာရင်းအရ သိရပါတယ်။ https://www.youtube.com/watch?v=1MMnqxU1giU&feature=youtu.be

ဧပြီလ ၂၃ ရက်နေ့မှာ ပြုလုပ်တဲ့ ဒီဆန္ဒပြပွဲကို တောင်သူ ၂၀ဝ ဝန်းကျင်ပါဝင်ခဲ့ပြီး လွိုင်ကော်မြို့တွင်းမှာ စီတန်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ တောင်သူတွေရဲ့မြေတွေကို တပ်ကသိမ်းယူခဲ့တဲ့အပြင် စရဖတပ်မှူးဟောင်းတစ်ဦးနာမည်နဲ့ ပုံစံ ရ ထုတ်ပေးထားတာတွေလည်းရှိတယ်လို့ ဆန္ဒထုတ်ဖော်သူတွေက ပြောဆိုပါတယ်။ https://www.youtube.com/watch?v=zZM_cSfJm2I&feature=youtu.be

စိုးရယ် တပ်သိမ်းမြေ ပြန်လည်ရရှိရရန်နှင့် အကျင့်ပျက်ဝန်ထမ်းများကို အလိုမရှိကြောင်း လွိုင်ကော်ဒေသခံ ၂၀ဝ ကျော်က ဧပြီလ ၂၃ ရက်နေ့တွင် ဆန္ဒထုတ်ဖေါ်သည်။ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(လွိုင်ကော်)မှ ၂၀၀ရ ခုနှစ်ကတည်းက သိမ်းယူထားခြင်းအပေါ် ပြန်စွန့်လွှတ်ရန် မထောခူရွာနှင့် ဇရပ်ဖြူရွာသူ/သားတို့စုပေါင်း၍ လူအင်အား ၂၀ဝ ကျော်က လွိုင်ကော်မြို့အတွင်း စီတန်းလမ်းလျှောက်ကာ တောင်းဆိုသည်။ လောပိတကျေးရွာအနီးတွင် ၎င်းတို့၏ မြေကို ဒကစက သိမ်းယူခဲ့ပြီးနောက် စရဖ တပ်မှူး(ငြိမ်း) ဦးထွန်းရွှေ၏ နာမည်ဖြင့် မြေစာရင်း ပုံစံ ရ ထုတ်ပေးခဲ့ခြင်းအပေါ် တောင်သူများက မကျေနပ်ပေ။ အစောပိုင်းကာလ၌ ယင်းမြေယာပြဿနာကို ကယားပြည်နယ်လွှတ်တော်က ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ယင်းနောက် လွှတ်တော်က ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြသည်။ ဝန်ကြီးချုပ်ကမူ […]