ကန္တာရဝတီတိုင်း(မ်) ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)မှ ငြိမ်းချမ်းရေးကော်မရှင်(PC) တို့၏ အလွတ်သဘောဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်မတ်လ ရ ရက်နေ့၊ နံနက် ၁ဝ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ NRPC ရုံး၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့တွင် နှစ်ဖက်အကြား ချုပ်ဆိုခဲ့သော သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန်  ၎င်းတို့က အဓိကထားဆွေးနွေးသွားမည်ဖြစ်သည်။ “အဓိကကတော့ ကျနော်တို့နှစ်ဦးဘက်ကြားမှာရှိတဲ့ သဘောတူညီမှုတွေကို ဆက်ပြီးတော့ ထိထိရောက်ရောက်အကောင်အထည်ဖော်သွားမယ်ဆိုတာတွေကို အဓ်ိက သွားဆွေးနွေးဖို့ပါပဲ။”ဟု KNPP ၏ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးက ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားသည်။ ထို့အပြင် KNPP အနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တ […]

ကျော်စိုးသူ(Economic Development)ရေးသားသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီပေါ်ပေါက်လာခဲ့သော ဖယ်ဒရယ်အစိုးရစနစ်မှာ (၇) နှစ်ကျော်ကာလ သက်တမ်းသို့ပင် ရောက်ရှိခဲ့ပြီ ဖြစ်ပေသည်။ ဒီနေရာမှာ တစ်ခုပြောလိုသည်က ဖယ်ဒရယ် စစ်၊ မစစ်ဆိုသည့် အကြောင်းကိစ္စမဟုတ်ဘဲ ပေးထားချက်များပေါ်တွင် တည်ဆောက်ရမည့် စနစ်ကိုသာ ဦးတည်ထောက်ပြလိုခြင်း ဖြစ်ပေသည်။ အကူးအပြောင်းကာလ ဖွဲ့စည်းတည်ဆောက်မူဆိုင်ရာ အားနည်းချက်များကလည်း ဖယ်ဒရယ်စနစ်နှင့် ဘဏ္ဍာရေးဆိုင်ရာများကို အားလျော့နည်းစေတာကို တွေ့ရပေသည်။ ထို့ကြောင့် အကူးအပြောင်းကာလအတွက် အရေးကြီးဆုံးဖြစ်သော ဖွဲ့စည်းတည်ဆောက် အုပ်ချုပ်မှု ပုံသဏ္ဍာန်များကို ဖယ်ဒရယ်ဒီမိုကရေစီစနစ်ဖြင့် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲနိုင်ဖို့သည် အသွင်ကူးပြောင်းစနိုင်ငံများအတွက် အခြေခံအကျဆုံးသော အချက်ပင်ဖြစ်ပေသည်။ သို့မှသာ ၎င်းနှင့် ဆက်စပ်နေသော ဘဏ္ဍာရေးစနစ်များလည်း ပိုမိုအားကောင်းသက်ဝင်လာမည် ဖြစ်ပေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ဒေသအစိုးရများ […]

ဘိုထီး(ငွေတောင်ပြည်)ရေးသားသည်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ အရပ်ဘက်အဖွဲ့အစည်း နိုင်ငံရေးအဖွဲ့အစည်းနှင့် အစိုးရအဖွဲ့အစည်းအချင်းချင်း ပူးပေါင်းပြီး အတူသွား၊ အတူလာ၊ အတူနေထိုင်စားသောက်ကြတာကို ဆိုလိုတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင်လူမျိုးစု အချင်းချင်းကြားက အမုန်းတရားတွေကို ဘေးဖယ်ထားပြီး လူမျိုးဘာသာ အဆင့်အတန်းမခွဲခြားဘဲ မိသားစုသဖွယ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လုပ် ကိုင်စားသောက်ခြင်းမှတပါး အခြားမရှိတော့ပါ။ ညီလာခံမှာ ငြိမ်းချမ်းရေးရဖို့ထက် အခွင့်အရေးရဖို့ကိုသာ ဦးစားပေးဆွေးနွေးတာဟာ ရွှေပြည်တော် မျှော်လေတိုင်း ဝေးနေရုံမကပဲ ငြိမ်းချမ်းရေးခရီးလမ်းဟာ စမ်းတဝါးဝါးနဲ့ ပျောက်ဆုံးလုနီးပါး အခြေအနေကို ရောက်ရှိစေမှာ မလွဲပါဘူး။ တောင်အဖရိကနိုင်ငံဟာ အသားအရောင်ခွဲခြားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားရဲ့ ဦးဆောင်မှုအောက်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အစိုးရအဖွဲ့အစည်းနှင့် […]

မူအက်စတာရေးသားသည်။ ရှားတောမြို့နယ်၊ ကေ့ထျိုးဘိုးကွင်းနံဘေးရှိ ၁ ဧကဝန်းကျင်ရှိ မြေနေရာတွင် ပညာရေးဝန်ထမ်းအိမ်ယာ ဆောက်လုပ်ရန် အစပြုနေစဉ်အတောအတွင်း မြေယာပိုင်ဆိုင်မှုအငြင်းပွားစရာများ စတင်လာသည်။ ကယားတိုင်းရင်းသားတို့၏ အထွတ်အမြတ်ထားရာ ကေ့ထျိုးဘိုကွင်းနေရာအား ယင်းအဆောင်အဦးကို လာရောက်ဆောက်လုပ်ခြင်း ခွင့်မပြုဟု ရှားတောမြို့နယ်ကေ့ထျိုးဘိုးအဖွဲ့နှင့် ဖေစိုးလေးအဖွဲ့က ကြေညာထုတ် ကန့်ကွက်သည်။ မူလက ယင်းနေရာကို မြို့နယ်ဘောလုံးကွင်းတည်ဆောက်ရန် လျာထားသဖြင့် ကေ့ထျိုးဘိုးကော်မတီက ခွင့်ပြုပေးခဲ့သည်ဟု ဆိုသည်။ သို့သော် ခွင့်ပြုထားသော ဘောလုံးကွင်းအဖြစ် အကောင်အထည်ဖေါ်ခြင်းမဟုတ်ဘဲ ဝန်ထမ်းအိမ်ယာဆောက်လုပ်နေခြင်းကို ရပ်တန့်ထားရန် ၎င်းတို့က တာဝန်ရှိသူထံ တောင်းဆိုလိုက်သည်။ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပိုလျှံရန်ပုံငွေ ကျပ်သန်း ၂၃ဝ ဖြင့် ပေ ၁၅ဝ ၊ ၃ဝ ( ၆ )ခန်းတွဲ […]

၂ နှစ်ပြည့် ကယားပြည်နယ်လွှတ်တော်မှာ အဆိုပေါင်း ၅ ခု၊ ကြယ်ပွင့်ပြမေးခွန်း ၃၈ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၆ ခု၊ ကတိကဝတ်ကြယ်ပွင့်မပြမေးခွန်း ၁ ခု နဲ့ ကတိကဝတ်ကြယ်ပွင့်ပြမေးခွန်း ၁၆ ခု အားလုံးပေါင်း ၆၆ ခု နဲ့ အဆို၊ မေးခွန်းတွေအများဆုံး တင်သွင်း မေးမြန်းနိုင်ခဲ့သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံခြင်း။ ထျိုးမြာမေးမြန်းသည်။ မေး။ ။မေးခွန်းတွေကို ဘယ်လိုရွေးချယ်ပြီးတော့ မေးမြန်းခဲ့လဲ။ ဖြေ။ ။ ကျွန်တော်က လွှတ်တော်ဥက္ကဌရဲ့ လမ်းညွန်ချက်ကိုလည်း ခံယူတယ်ပေါ့နော။ ဘာလို့လဲဆို ကျနော်တို့ ကွင်းဆင်းတဲ့အခါကျရင် ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ကွင်းဆင်းတဲ့အခါကျရင် အကုန်လုံးကို လေ့လာထားတယ်ပေါ့နော။ ပြည်သူက ရွေးချယ်ထားတဲ့ […]

စိုးရယ်ဦး ယခင်နှစ် အောက်တိုဘာလက ကန့်ကွက်ခဲ့သော ဆယ်တောရို လူငယ်ဖွံ့ဖြိုးရေးကျောင်း အကောင်အထည်ဖေါ်မှုကို ပြည်နယ်အစိုးရမှ ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ယင်းကျောင်း၏ တာဝန်ခံ ဦးထူးချစ်က ပြောသည်။ ၂၀၁ရ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ကယားပြည်နယ် အစုိုးရအဖွဲ့ ဝန်ကြီးချုပ်(ကုိုယ်စား)မှ KNPP လွိုင်ကော်ဆက်ဆံရေးရုံးသုို့ ကရင်နီ အမျိုးသားတုိုးတက်ရေးပါတီမှ ပံ့ပုိုးကူညီမှုပေးနေသည့် ယင်းကျောင်း တည်ဆောက်ရန် စီစဉ်နေမှုကုို ကန့်ကွက်ကြောင်း အကြောင်းကြားစာ ပေးပုို့ခဲ့ခြင်းဖြစ်သည်။ ဆင်းရဲနွမ်းပါးသည့် လူငယ်များအတွက် ရည်ရွယ်လျှက် အသက်မွေးဝမ်းကျောင်းပညာရပ် တစ်ခုုခုုကုို သင်ယူနုိုင်ရန် ဆယ်တောရိုကျောင်းက ပံ့ပိုး လုပ်ဆောင်သွားမည်ဖြစ်သည်။ ယခုနှစ် ဇွန်လအတွင် အဆိုပါ ကျောင်းကို စတင်ဖွင့်လှစ်ရန် ကနဦး စီစဉ်နေပြီဟု ဆိုသည်။ “အဓိကကတော့ ဒီကျွန်တော်တို့လူထုတွေ […]

ထျိုးမြာ ကယားပြည်နယ်တွင် မှီတင်းနေထိုင်သည့် ဌာနေတိုင်းရင်းသားလူမျိုးအားလုံး စည်းစည်းလုံးလုံးပြန်လည်ဆုံစည်းနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဌာနေတိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲတစ်ရပ်ကို လွိုင်ကော်မြို့၊ ဘာဒိုကျေးရွာဘုရားကျောင်း၌ မတ်လ ၁ ရက်နေ့တွင် စတင်ကျင်းပနေသည်။ ထိုနှီးနှောဖလှယ်ပွဲတွင် ရိုးရာစာပေနှင့် ယဉ်ကျေးမှုကို အဓိကထားဆွေးနွေးကြမည်ဟု သိရသည်။ ဌာနေတိုင်းရင်းသားရှိလူမျိုးများ၏ မူရင်းစကားများမပပျောက်စေရန် ပြန်လည်တီထွင်ပြီးပညာရေးဌာနတွင် မူလတန်းမှ အထက်တန်းထိ သင်ကြားနိုင်ရန်လိုကြိုးစားဘာသာပြန်ကြရန်လိုအပ်သည်ဟု ဌာနေတိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ခူးတူရယ်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ထည့်တွင်းပြောသွားပါသည်။ “မူရင်းစကားပျောက်ရင် လူမျိုးပါပျောက်နိုင်တဲ့အတွက်ကြောင့် မူရင်းမိခင်ဘာသာစကားမပျောက်အောင် ပြန်ပြီးတီထွင်ပြီး ပညာရေးဌာနမှာလည်း သင်ကြားခွင့်ရအောင် ဆောင်ရွက်ပေးနေတာရှိပါတယ်။”ဟု ၎င်းက ပြောပါသည်။ ထို့အပြင် တိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ ဝတ်စားဆင်ယဉ်မှုများကို ကိုယ်တိုင်တန်ဖိုးထားဝတ်ဆင်ပြနိုင်မှသာလျှင် တစ်ခြားသောလူမျိုးများက အထင်ကြီးအရိုအသေရှိနိုင်မည်ဖြစ်သောကြောင့် မိမိတို့၏ဝတ်စားဆင်ယဉ်မှုပုံစံကို ပြန်လည်ဖော်ထုတ်ကြလိုအပ်ကြောင်း […]

ခူးလီးတခဲ သဘာဝလောင်စာကနေတဆင့် ဖြစ်ပွားလာတာကြောင့် လူသားတွေအနေနဲ့ တောမီးလောင်တာကို ထိန်းချုပ်ရ မလွယ်လှပါဘူး။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ တောမီးတွေလောင်ကျွမ်းမှုကြောင့် ဆိုးရွားတဲ့ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ သဘာဝပတ်ဝန်းကျင်၊ သစ်ပင်သစ်တောတွေနဲ့ သတ္တဝါတို့ အပြန်အလှန် အမှီတဟဲပြုနေတဲ့ အသိုက်အမြုံကြီးကို သဘာဝတောမီးကြီးက ဆိုးရွားစွာ အန္တရာယ်ပြုလျက်ရှိနေပါတယ်။ သဘာဝပတ်ဝန်းကျင်၊ ရေ၊ မြေ၊ တိရိစ္ဆာန်တို့ကို ထိခိုက်နေတဲ့အပြင် လူသားတို့ ပိုင်ဆိုင်မှုဥစ္စာတွေနဲ့ လူသားတို့ရဲ့ အသက်ကိုပါ အန္တရာယ်ပြုလာပါတယ်။ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ခရီးသွားလာရေးကိစ္စရပ်တွေပါ ဆိုးကျိုး သက်ရောက်လာနေတဲ့အတွက် ကြီးမားတဲ့ ပြဿနာတခုလို့ ဆိုရတော့မှာပါ။ ဒါဟာ ကြီးမားတဲ့ပြဿနာလို့ သိနေလျက်နဲ့ ကြိုတင်ကာကွယ်မှုတွေနဲ့ ရင်ဆိုင်ဖို့ ကျွန်တော်တို့ရဲ့ လူမှုအသိုက်အမြုံထဲမှာ လက်ဆင့်ကမ်း […]

မူအက်စတာ ကယားပြည်နယ် ဖရူဆိုမြို့နယ် အနောက်ဖက်ရှိ ဒိုးလာစောအုပ်စုသည် လမ်းပန်းဆက်သွယ်ရေး အခက်ခဲဆုံးဒေသအဖြစ် တည်ရှိနေဆဲဖြစ်သည်။ နေ့စဉ်စားဝတ်နေရေးအဖြစ် ရာသီဥတုအပေါ် အခြေခံသည့် တောင်ယာစပါးကို အဓိက လုပ်ကိုင်စားသောက်ကြသည်။ “ရာသီဥတုအဆင်မပြေရင် စားဝတ်နေရေးလည်း အဆင်မပြေဘူး။ ဆန်တွေဝယ်စားရတယ်၊ ဆန်တွေသွားဝယ်ရင်လည်း လူနဲ့ပဲ ပြန်သယ်လာရတယ်။ လမ်းမကောင်းလို့။ အဓိက မီးနဲ့ လမ်းနဲ့ အဆင်ပြေရင် အခြားဟာ အဆင်ပြေပြီ။ စိုက်ပျိုးရေးလုပ်ရင်လည်း သယ်ရပြုရတာ အဆင်ပြေတယ်” ဟု ဒိုးလာစောကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖရန်စစ္စကိုက ပြောသည်။ ကျေးရွာလမ်းပန်းဆက်သွယ်ရေး အဆင်မပြေ၍ ပညာရေးတွင်လည်း အဆင့်နောက်ကျကျန်ခြင်း၊ ကျန်းမာရေးတွင်လည်း လမ်းအခက်အခဲကြောင့် ဝန်ထမ်းများက လိုအပ်ချိန်တွင် ဆေးမကုသနိုင်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ “ကျေးရွာရဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေကတော့ ကယားပြည်နယ် ဖရူဆိုမြို့နယ်ရဲ့ […]

ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ “ကျွန်မ အဲဒီမြေတော့ မပေးနိုင်ဘူး သေရင်လည်းဒီမြေ ရှင်ရင်လည်း ဒီမြေပဲ” လို့ဆိုသူက နှီးဦးထုပ်ဆောက်လျှက် မျက်နှာကို မြေအောက် စိုက်ကြည့်နေတဲ့ အသက် ၅ဝ ကျော်အရွယ် ဒေါ်မဲမိုပါ။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲနဲ့အတူ ဥပဒေရဲ့အားနည်းချက်ကြောင့် ကယားပြည်နယ်အတွင်းက တောင်သူတွေရဲ့ လယ်ယာမြေတွေဟာ မတရားသိမ်းဆည်းခံရတဲ့အပြင် လယ်ယာမြေပြဿနာတွေကြောင့် တောင်သူတချို့ဟာ တရားစွဲဆိုခံနေရပါတယ်။ အသက် ၆ဝ အရွယ်ရှိ ဦးထျိုးရယ်နဲ့ ဒေါ်မဲမိုတို့ မိသားစုဟာ မြန်မာနိုင်ငံအတွက် လျှပ်စစ်စွမ်းအင်တွေကို အဓိကထုတ်ပေးတဲ့ စက်ရုံတွေ တည်ရှိရာ လွိုင်ကော်မြို့နယ် လောပိတအုပ်စု လောကထုကျေးရွာမှာ နေထို်င်တဲ့ တောင်သူလယ်သမား မိသားစုဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်တုန်းက လောပိတအမှတ် (၁) ရေအားလျှပ်စစ်စက်ရုံစီမံကိန်းအတွက် ဒေါ်မဲမိုမိသားစု […]