Simple(LmT)ရေးသားသည်။ ဒီခမောက်လေးတွေက ထီးပေါ်ဆိုရွာမှာ လုပ်တတ်လုပ်နိုင်တဲ့သူတွေ လက်ချိုးရေရင်တောင် ဆယ်ချောင်း မပြည့်တော့ပါဘူး။ ဒီပြင်ရွာတွေမှာလည်း ဒီလိုဘဲထင်ပါရဲ့ဗျာ။ ဒီဝါးခမောက်မှ မဟုတ်ပါဘူး။ ကျန်တဲ့ဒေသလက်မှုတွေဟာလည်း ပျောက်ကွယ်လုနည်းဖြစ်နေပါပြီလေ။ အမှတ်မထင်ဘဲ ညနေခင်းတစ်ခုမှာ မရောက်တာကြာတဲ့ အကို့အိမ်ကို သွားလည်ဖြစ်ခဲ့တယ်။ အဲဒီမှာ ဒီဝါးခမောက်လှလှလေးတွေ လုပ်နေတာကို မြင်ရတော့ စိတ်ဝင်စားပြီး မေးခွန်းတချို့ကို ​မေးကြည့်ခဲ့မိတယ်။ ဒီဝါးခမောက်လေးတွေက ဝါးခွံလေးတွေကို ကောက်ပြီး ရေစိမ်ရတယ်တဲ့။ ပြီးတော့ အပ်လေးနဲ့ခြစ်ကြောင်းပေးပြီး လိုချင်တဲ့အရွယ်အစားကို လိမ်ယူရတယ်။ပြီးတော့ ပုံသွင်းဖျာယူထားတဲ့ ဝါးကျောလေးတွေကို အပ်ချည်ကြိုးလေးနဲ့ ပြန်သီချုပ်ရတယ်။ ဒါတွေလုပ်ရင် တရက် ဘယ်နှစ်လုံးပြီးလည်းဆိုတော့ မပြောတတ်ဘူးတဲ့။ အားတဲ့ချိန်လေးတွေမှာ အားသလိုလုပ်တော့ တလဆို အလုံး ၁ဝ ,၂ဝ လောက်ဘဲရတယ်တဲ့။ ကျန်တဲ့ချိန်တွေမှာတော့ တောင်ယာ လယ်လုပ်ပေါ့တဲ့။ တောင်​ယာလယ်လုပ်ချိန်ကုန်ရင် ပြန်လုပ်ဖြစ်တာပါပဲတဲ့။ ဒီလုပ်ထားတဲ့ခမောက်လေးတွေကို ဖရူဆိုဈေးမှာ အိမ်သူကသွားရောင်းတယ်တဲ့။ တစ်လုံးကို ၂၅၀ဝ နဲ့ ၃၀၀ဝ ကြား ရတယ်ပြောတယ်။ ကလေးမုန့်ဖိုးနဲ့ အိမ်စရိတ်တချို့တော့ ရတာပေါ့တဲ့။ ဒီခမောက်လေးတစ်လုံးမှာ အိမ်သူရဲ့လက်ရာပညာလေးလည်းပါတယ်ဗျ။ ခမောက်ထိပ်က ချည်ကြိုးထုံးလေးပေါ့။ သေချာကြည့်တော့ သေသပ်ပြီး […]

Simple (LMT)ရေးသားသည်။ ​ဒေသထွက်ကုန်အတွက် ဒေသလမ်းက ခက်ခဲမှတော့ ဒေသဖွံ့ဖြိုးရေးဆိုတာက ရုံးစာပွဲပေါ်ကနေ ဥုံဖွ ဟချလောင်ဆိုပြီးတိုးတက်လာပါလိမ့်မယ်။ ဒီရွာလေးကိုရောက်ဖြစ်တာ ဒီအခါနဲ့ဆို လေးခါမြောက်ပေါ့။ နွေနဲ့ဆောင်းမှာဆို ဖုန်းထောင်းထောင်းထပြီ မိုးတွင်းမှာတော့ လူမပြောနဲ့ ဖိနပ်တောင် သူ့ဟာသူချောနေရလောက်အောင် ချော်တဲ့ မြေသားလမ်းလေးကိုပဲ အားပြုသွားလာကြရတာပေါ့။ နွေနဲ့ဆောင်းမှာ သောက်သုံးရေဆိုတာ ရွှေထက်ရှားတဲ့နေရာလေးတစ်ခုပေါ့။ အိမ်ခြေ (၃၁) အိမ်လောက်သာရှိတဲ့ ဒီရွာလေးဟာ ခေတ်အဆက်ဆက်ကတည်းက စစ်ရဲ့အနိဌာရုံတွေအောက်​မှာ  ကြံ့ကြံ့ခံရင်းနဲ့ အခုဒီချိန်ထိအောင် အေးချမ်းစွာနဲ့ မိရိုးဖလာတောင်သူ အလုပ်တွေနဲ့ပဲ အသက်ဆက်နေခဲ့ကြရတာပေါ့။သူတို့ရွာလေးနာမည်က ဒေါကလော်လဲ (ညောင်ပင်အောက်ရွာ)ပေါ့။ အခုခါမှာတော့ အဲ့ရွာလေးကို ဝါးပင်အောက်ကရွာလို့ ချစ်စနိုးလေးခေါ်ချင်မိတယ်ဗျ။ မိရိုးဖလာစိုက်ပျိုးနည်းတွေနဲ့ ဒီဝါးလေးတွေဟာ ဖြစ်ထွန်းနေလိုက်တာများ လော်ဂျာရွာအောက်က ဝါးပင်လေးတွေကို စစ်ယာဉ်တန်းလေးဖြတ်သွားတော့ စစ်သားတွေဝိုင်းခုတ်နေတဲ့ ဟိုးလွန်ခဲ့တဲ့ဆယ်စုနှစ်အချိန်တွေကို ပြန်တွေးမိလိုက်တယ်ဗျာ။ ဒီဝါးပင်လေးတွေကို ဘိုးဘွားတွေဟာနောင်တချိန်အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိုက်ခဲ့ကြပေမယ်​့ ဖြစ်ထွန်းအောင်မြင်လာတဲ့အခါမှာ ဒီမြေဒီအပင်တွေဟာ သစ်တောမြေ မြေလွတ်မြေလပ် အလေ့ကျဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ တရားရုံးရောက်ကုန်ကြရောဗျာ။ ဒီမိုကရေစီရဲ့ တရားဥပဒေစိုးမိုးမှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ငါတို့မြေ၊ ငါတို့ရေ၊ ငါတို့ယဉ်ကျေးမှု၊ ငါတို့ရဲ့နေထိုင်မှုတွေက ဥပဒေမဲ့ ဖြစ်ကုန်ကြရော။ ခေါင်ရည်ဆိုတာ ဒီမိုကရေစီအသက်ဝင်လာရင် ဥပဒေမဲ့ဖြစ်သွားမှာပဲဆိုတာကို  ပြည်မကဝန်ထမ်းက ပြောတော့ ကိုယ်တွေ ဝမ်းနည်းမိတယ်။ တူမီးသေနတ်တွေဟာလည်း ဥပဒေမဲ့ပဲတဲ့။ ဒီလိုဆိုရင် ငါတို့ရွာလေးတွေက ကြပ်ခိုးစင်တွေပေါ်မှာရှိတဲ့ ဒီတောလိုက်တဲ့သေနတ်တွေက ငါတို့ကို အချိန်မရွေးလက်နက်မှုနဲ့ ထောင်ထဲရောက်စေနိုင်မှာပေါ့။ ငါတို့မြေဟာ […]

စိုင်းကျော်စံ(ကယားပြည်နယ်ဥပဒေချုပ်) ဒါကထားသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကယားပြည်နယ်မှာဆိုရင် ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ အမှတ်တရတွေလည်း မရှိသေးဘူး။ နောက်ပြီးတော့မှ ဗိုလ်ချုပ်ဆိုတာကလဲ ပြည်နယ်သူပြည်နယ်သားအားလုံး သိရှိပြီးဖြစ်တဲ့အတိုင်း လွတ်လပ်ရေးရဲ့ဖခင်ကြီး ဒီတော့ ရှိကိုရှိသင့်တယ်ထင်ပါတယ်။ နောက်ပြီးတော့ ဒီလိုရှိမယ်ဆိုရင်လဲ ပြည်နယ်သူပြည်နယ်သားတွေလည်း ဝမ်းသာသလို ကျန်တဲ့ ပုဂိုလ်တွေလဲ ဝမ်းသာမယ်လို့ထင်ပါတယ်။ —————————————————————————- ဦးဘော့စ်ကို (ဝန်ကြီး၊ ကယားပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန) ကျနော့အမြင်ကတော့ ဒါပြည်သူလူထုရဲ့ ဆန္ဒအများသဘောကိုလည်း ကောက်ခံတဲ့အတွက်ကြောင့် ပြည်သူလူထုလည်း ဆန္ဒရှိတယ်ဆိုရင်လဲ ဒါကောင်းပါတယ်။ —————————————————————————- ကိုဗညား (ဒါရိုက်တာ၊ ကရင်နီလူ့အခွင့်အရေးအဖွဲ့) ကျနော်အမြင်ပြောရရင် စဉ်းစားချက်နှစ်ခုပေးချင်ပါတယ်ပေါ့နော။ ပထမတစ်ခုကတော့ ဗိုလ်ချုပ်ကြေးရုပ်ကို ကျနော်တို့ရဲ့လက်ရှိဖြစ်ထွန်းနေတဲ့ သွားနေတဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ဒီဟာက လတ်တလောပေါ့နော လုပ်စရာမလိုသေးတဲ့အပေါ်မှာ ကျနော်ကတော့ အဲ့ဒါကိုတော့မကြိုဆိုဘူးပေါ့နော။ […]

မူအက်စတာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က လိုပွါခိုခရိုင်အတွင်း ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ဆောင်နေသော INGOsနှင့် NGO အဖွဲ့အစည်းများကို ဇန်နဝါရီလ ၂၄ ရက်နေ့က ပြန်လည်လုပ်ဆောင်ခွင့်ပြုလိုက်ပြီးဖြစ်သည်။ ယခင်က လှုံခြုံရေး အကြောင်းပြချက်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်နေသော အဖွဲ့အစည်းများကို ဒေသတွင်းမှ ထွက်ခွာပေးဖို့ ဒီဇင်ဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်စာတစောင် ထုတ်ပြန်ခဲ့သည်။ “အဓိက မိန်းလမ်းမကြီးဘေးမှာ ရှိတဲ့ရွာတွေမှာ လုပ်နေတဲ့ ပညာရေး၊ ကျန်းမာရေးစီမံကိန်းတွေက တဝက်တပျက်ဖြစ်နေတဲ့အတွက် ပြန်လုပ်ခွင့်ပြုလိုက်တာ ကျန်တဲ့နေရာတွေကတော့ နယ်မြေလုံခြုံမှုပေါ် မူတည်သေးတယ်ပေါ့ ”ဟု ကေအဲန်ပီပီအမှတ်(၁)ခရိုင် အုပ်ချုပ်ရေးမှူး ဦးဖိုးရယ်က ပြောသည်။ ထုတ်ပြန်ချက်ထဲတွင် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ အုပ်စု(၄)အုပ်စုဖြစ်သည့် (၁)ဒေါလာစောအုပ်စု (၂) ကေကောအုပ်စု၊ […]

မူအက်စတာ ဘတ်ဂျက်ပေါင်း သိန်း(၆၀၀)ခြောက်ရာဖြင့် ကြေးရုပ်နှင့်သွန်းလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် အာဇာနည်နေ့မတိုင်မှီ အပြီးဆောင်ရွက်မည်ဟု ဖေဖော်ဝါရီလ (၁)ရက်နေ့ ကယားပြည်နယ်အစိုးရရုံးတွင် ပြုလုပ်သည့် အစည်းအဝေးတွင် အတည်ပြုပြောဆိုလိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားမည့်နေရာကို အာဇာနည်ကျောက်တိုင်နှင့် အ သုံးလုံးနေရာတွင် ထားရှိရန် လျာထားကြသော်လည်း အစည်းအဝေးသို့တက်ရောက်လာသော ပုဂ္ဂိုလ်များ၏ သဘောထားများအရ အ သုံးလုံးနေရာကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်သွန်းလုပ်နိုင်ရန်အတွက် အများပြည်သူများ ပါဝင်လှူဒါန်းနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကယားပြည်နယ်အစိုးရမှ ကြီးမှူးကျင်းပမည်ဖြစ်သောကြောင့် ငွေကြေးအတွက်ပူစရာမလိုကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အစည်းအဝေးတွင်ပြောကြားသွားသည်။ ကြေးဖြင့်သွန်းလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ် ကို ရန်ကုန်မှ ကြေးသွန်းပညာရှင် အောင်ကျော်ထွန်းက သွန်းလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ အစည်းအဝေးသို့ လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာမှတာဝန်ရှိသူများမှ […]

မူအက်စတာ ဘိန်းအစားထိုးမယ် အကောင်ဖြူဖြူလေးနဲ့ အမွေးထူထူရှိတဲ့ သိုးကလေးတွေဟာ ဘုရားကျောင်းဝန်းထဲမှာ သွားလာလှုပ်ရှားနေပါတယ်။ သူတို့တွေဟာ ကျောင်းဝန်းထဲမှာ စိုက်ထားတဲ့အလှပင်၊ သီးပင်စားပင်တွေ တွေ့သမျှကို လိုက်စားနေပါတယ်။ ကယားပြည်နယ် ရဲ့ အဓိက ဘိန်းစိုက်ပျိုးတဲ့ ဒေသတချို့ ဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၁ရခု အောက်တိုဘာ လပိုင်းလောက်မှာ ဘိန်းအစားထိုးဖို့ ဆိုပြီး စီမံချက်နဲ့ သိုးကောင်တွေ အစုလိုက်အပြုံလိုက် ရောက်ရှိလာပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကနေပြီးတော့ ဘိန်းစိုက်ဒေသတွေ ဘိန်းအစားထိုးဖို့အတွက်ဆိုပြီး ပြည်နယ်ဝန်ကြီးဦးဘောစကို က လွှတ်တော်ကိုတင်ပြတောင်းဆိုပြီး ရရှိလာတဲ့ သိုးကောင်တွေပဲဖြစ်ပါတယ်။ ဘိန်းအစားထိုးဖို့ အတွက် သိုးကောင်တွေ လာခြင်းကောင်းပေမယ့် ပြန်လမ်းမကောင်းခဲ့ပါဘူး။“တစ်ရက်ကို လေး၊ ငါးကောင်လောက်ကို သေနေတာ၊ ဘယ်သူမှဘာမှမတတ်နိုင်ဘူး” […]

(တင်ဆက်သူ – မော်ဦးမြာ၊ ထုတ်လုပ်သူ – ကနာ္တရဝတီတိုင်းမ်)အဲ့ဒီခေါင်ရည်တန်းကနေ ကယားပြန်လက်ဆောင်အနေနဲ့ ခေါင်ရည်ဝယ်သွားတဲ့လူတွေ ရှိသလို ထိုင်သောက်တဲ့သူတွေလည်း ရှိပါတယ်။ အခုလိုမျိုးပဲ ပြည်တွင်းက အလည်လာသူတွေ သာမက ဒီးမောဆိုကို ရောက်နေတဲ့ နို်င်ငံခြားသား ခရီးသွား ဧည့်သည်တွေဟာလည်း ခေါင်ရည်တန်းကို ဝင်ရောက်လေ့လာမြည်းစမ်းနေကြတာကို တွေ့နိုင်ပါတယ်။   https://youtu.be/4KQHLyvuWBU

စည်သူ တောင်သူတွေထံမှ သိမ်းဆည်းထားသော မြေယာများပြန်ပေးရေးနှင့် အာမခံချက်ရှိသော ဈေးကွက် ဖော်ဆောင်ပေးဖို့ အတွက် ကရင်နီတောင်သူလယ်သမား သမဂ္ဂ က အစိုးရကို တိုက်တွန်းလိုက်သည်။ ဇန်နဝါရီလ ၃ဝ ရက်နေ့မှာ ကျင်းပခဲ့သော ဒုတိယအကြိမ် ကရင်နီတောင်သူလယ်သမား သမဂ္ဂ ညီလာခံတွင် ယခုလို တိုက်တွန်းလိုက်တာဖြစ်ပြီး အခြားအကြံပြုချက် ၁ဝ ကိုလည်း ထည့်သွင်းထားတယ်ကြောင်း သတင်းရရှိသည်။ ထိုညီလာခံတွင် တောင်သူလယ်သမားများသည် ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ၏ ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲခြင်းနှင့် ဗဟိုကော်မတီဝင်များပြန်လည် ရွေးချယ်ဖြည့်စွက်ခြင်းများ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိအစိုးရများထံသို့ ညီလာခံမှတဆင့် တိုက်တွန်းနိုးဆော်ခြင်းများ ပြုလုပ်သွားရန် ရည်ရွယ်ကြောင်း ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ၏ ဥက္ကဌ ခူးတူရယ်က ပြောသည်။ “ဒီချေးငွေစုငွေကိစ္စက ဥပဒေမှာ ပြဋ္ဌန်းထားတာ တောင်သူလယ်သမားတွေကို […]

ခူးလီးတခဲ တောင်နဲ့ မြောက်ဘက်က အအေးဒါဏ်တွေကြောင့် နေရာအသီးသီးက အပူချိန်တွေ ကျဆင်းလာပါတယ်။ ဒါကြောင့် လူ့ရဲ့ခန္ဓာကိုယ်ထဲက အပူချိန်ဟာလည်း သာမာန်ထက် တဖြည်းဖြည်း ကျဆင်းသွားပါတယ်။ အအေးဒါဏ်ဟာ သက်ကြီးရွယ်အို၊ ကလေးငယ်၊ နှလုံးရောဂါသည်နဲ့ အကြောသေလူနာတို့အတွက် အန္တရာယ်ပိုများစေပြီး အထူးသဖြင့် ဦးနှောက်ပိုင်းဆိုရင် ချို့ယွင်းမှု၊ အာရုံကြောဖွဲ့စည်းမှုစနစ်နဲ့ နှလုံးတို့ကို ထိခိုက်စေပါတယ်။ ရာသီဥတုအေးလှတဲ့ ခုလိုဆောင်းရာသီမျိုးမှာ ကျနော်တို့ရဲ့ ကျန်းမာရေးကို ပိုမို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အအေးဒါဏ်ကြောင့် မကြာခဏ ဖျားလေ့ရှိတဲ့သူတွေအတွက် အောက်ပါအချက် ၅ ချက်ကို အကြံပြုပေးလိုပါတယ်။ ၁။ ဆောင်းရာသီမှာ ခြေတိုလက်တိုအဝတ်အစားတွေကို ရှောင်ရှားပြီး ကိုယ်ခန္ဓာကို အနွေးပေးနိုင်မယ့် အင်္က ျီလက်ရှည်၊ ဘောင်းဘီရှည်နဲ့ အနွေးထည်တို့ကို တတ်နိုင်သဘောက်ဝတ်ပေးပါ။ ၂။ […]