စူးမယ် ကရင်နီပြည်နယ်ကို မြန်မာပြည်နဲ့ ပူးပေါင်းဖို့ မြန်မာပြည် ဖဆပလ အစိုးရဟာ နိုင်ငံရေးနည်းအရ စည်းရုံးခဲ့ကြပေမယ့် ကရင်နီခေါင်းဆောင်များက လက်မခံခဲ့ကြပါဘူး။ ဖဆပလ အစိုးရ စစ်တပ်တွေဟာ သီးခြားလွတ်လပ်တဲ့ ကရင်နီပြည်ကောင်စီ       ဥက္ကဌ ဦးဘီတူရီ  နေထိုင်တဲ့ မြလဲရွာကို ၁၉၄၈ ဩရုတ်လ ၉ ရက် နံနက် ၂ နာရီအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ကရင်နီခေါင်းဆောင် ဦးဘီတူရီနဲ့ ရဲ့ဘော်တွေကနေ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပေမယ့် လက်နက်၊ လူအင်အား မမျှ မှုကြောင့်    မြလဲရွာ ကနေ ဖရူဆိုမြို့အထိ ဆုတ်ခွာပေးခဲ့ရပါတယ်။ အဲဒီနေ့ကစပြီး ဦးဘီတူရီဟာ ကရင်နီအမျိုးသား တပ်မတော် တစ်ရပ်ကို ပြန်လည်ဖွဲ့စည်းထူထောင်နိုင်တဲ့အတွက်ကြောင့် […]

ရှားမြာ  တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်သရုပ်ဆောင်ထားသည့် The Team Myanmar ဇာတ်ကားကို ရပ်ရွာများအတွင်း မတူကွဲပြားမှု၊ ကလေးအခွင့်အရေး၊လူ့အခွင့်အရေး၊ ပုံသေသတ်မှတ်သည့် အယူသည်းမှုလျှော့ချရန် ရည်ရွယ်ပြီး ပြသမှုများ ပြုလုပ်လျှက်ရှိသည်ဟု ငြိမ်းဖောင်ဒေးရှင်းမှ စီမံကိန်းမန်နေဂျာ ကိုဒေဝါကဆိုသည်။ “ဗီဒီယိုပြပေးပြီးတော ရရှိတဲ့ ဗဟုသုတ မေးခွန်းတွေမေးတယ်။ကျောင်းနေအရွယ်ကလေးတွေ ကျောင်းမနေရပဲ အလုပ်လုပ်နေရတယ်။ ဒါမဖြစ်သင့်ဘူးပေါ့။ကိုယ့်ရွာကိုယ့်ဒေသမှာ ရှိတဲ့ ပုံသေအယူဆတွေ ဥပမာ အပျိုကြီးတွေက ဇီဇာကြောင်တယ်။ အပျိုကြီးတိုင်းက ဇီဇာမကြောင်ဘူးလေ။ ကယားကဖဲရိုက်တယ်။ ကယားအားလုံးက ဖဲရိုက်တာ မဟုတ်ဘူးလေ။”ဟု ကိုဒေဝါက ပြောသည်။ ကယားပြည်နယ်အတွင်း ကလေးအခွင့်အရေးမဆုံးရှုံးရန် ၊ လူ့အခွင့်အရေးမဆုံးရှုံးရန် ၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ   မတူကွဲပြားသော်လည်း အတူယှဉ်တွဲနေထိုင်သွားနိုင်ရန် စသည့် […]

ကော်မိန်း နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီး ၃ဝ ရာခိုင်နှုန်းပါဝင်နိုင်ရန် တောင်းဆိုကြသည့်အပေါ် အရည်ချင်းရှိပါက ၃ဝရာခိုင်နှုန်းသာမက ၁၀ဝရာခိုင်နှုန်းပါဝင်ခွင့်ရှိသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး    ဦးစိုင်းညွှန့်လွင်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။ “အမျိုးသမီးတွေကို လမ်းဖွင့်ပေးသင့်တယ်။ လမ်းဖွင့်ပြီးတော့ တိုးတက်အောင်လုပ်ပေးသင့်တယ်။ အရည်ချင်း ရှိတဲ့အမျိုးသမီး ၁၀ဝရှိရင် ၁၀ဝလုံးပါဝင်လို့ရတယ်။ အရည်ချင်းပေါ်မှာပဲ သတ်မှတ်ချင်တယ်။ ကျတော့်အိုင်ဒီယာနဲ့ပေါ့။ အရည်ချင်းရှိရင် ၃ဝ ရာခိုင်နှုန်းမဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။ ခေါက်ရိုးကျိုးနေသော အစဉ်အလာများအရ အမျိုးသားများက နိုင်ငံရေးတွင် အမျိုးသမီးများ မပါဝင်သင့်ကြောင်း ယူဆချက်များမှာ အတားအဆီးတခုဖြစ်နေသည်။ ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း အမျိုးသမီးများ ပါဝင်မှုကို ကန့်သန့်ထားသည့် အချက်များရှိနေကြောင်း ကရင်နီအမျိုးသမီး အစည်းအရုံးမှ […]

မူအက်စတာ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အိုကေအုပ်စု၊ သာယပ်ကျေးရွာတွင် ဩဂုတ်လ ၁၂ရက်နေ့ နံနက်(၀၁းဝ၀)အချိန်တွင် မူးယစ်ဆေးဝါးနှင့် အခြားသက်သေခံပစ္စည်းများ ထပ်မံဖမ်းမိခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ်၊ မြို့မရဲစခန်း၊ ရဲမှတ်တမ်းများမှ သိရှိရ သည်။ ဒီးမော့ဆိုမြို့နယ် အိုကေအုပ်စု၊ သာယပ်ကျေးရွာနေ ဦးသာရှို(ခ)မောင်ရှို၏နေအိမ်တွင် မူးယစ်ဆေးဝါးရောင်း ဝယ်နေကြောင်းနှင့် သုံးစွဲသူများ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူယစ်ဆေးဝါးရှာဖွေ ဖမ်းဆီးခွင့်ဝရမ်းအမှတ်(၁/၂၀၁၆)ဖြင့် သက်သေများနှင့်အတူ ဦးသာရှို၏နေအိမ်သို့ ဒီးမော့ဆိုမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးစိုးမိုးနိုင်ဦးစီးတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ သာရှို၏နေအိမ်တွင် သာရှို၊ စောသာထူး၊ မောင်သန်း၊ မောင်ယုန်းတို့အား တွေ့ရှိရပြီး (WY) စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၁၇)ပြား ခန့်မှန်းတန်ဖိုးငွေ ကျပ်(၃၀ဝ ဝ၀ဝ )ခန့်၊ ပွိုင့် […]

မူအက်စတာ ကယားပြည်နယ် ခရီးသွားလုပ်ငန်းအထင်ကရနေရာတစ်ခုဖြစ်သည့် ဒီးမောဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ၊ ကန်ခုနှစ်ဆင့်  တွင် စိုက်ပျိုးထားသည့် သစ်ပင်များ ဖျက်ဆီးခံရသည်ဟု ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှ တောခေါင်း ဦးပါတလိုက ပြောသည်။ “နွားတွေ တက်နင်းကုန်တယ် ကျနော်တို့ ကန့်ကွက်လည်း မရဘူးကော၊ ကျနော်တို့ ဆိုင်းဘုတ်တွေလည်း ဖျက်ကုန်တယ် ငါတို့တောင်ယာတွေမှာ သစ်ပင်စိုက်ရလားဆိုပြီးတော့မှ သစ်ပင်တွေ ဆွဲနုတ်လိုက်ကုန်တယ် ကျနော်တို့ ဆက် မစိုက်ဖြစ်တော့ဘူး ” ဟု ဦးပါတလိုက ပြောသည်။ ကန်ခုနှစ်ဆင့်ပတ်လည်ရှိ စိုက်ထားသောသစ်ပင်များသည် နွားများအား စည်းကမ်းမဲ့ ပရမ်းပတာ မောင်းနှင်ခြင်းကြောင့် ပျက်စီးခဲ့ရပြီး ပြီးခဲ့သည့် ဇူလိုင်လတွင်း စိုက်ပျိုးထားသည့် သစ်ပင်များသည်လည်း နွားများကြောင့် ဆက်လက်မရှင်သန်နိုင်ပဲ စိုက်ထူထားသည့် ပနက်သာ ကျန်ရှိတော့ကြောင်း […]

စိုင်းလင်းလင်းဦး မော်ချီးဒေသတွင် တယ်လီနောဆက်သွယ်ရေးတာဝါတိုင် စိုက်ထူနိုင်ရန် အတွက် တယ်လီနောဘက်မှတာဝန်ရှိသူများက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် စီစဉ်လျက်ရှိသည်။ ယခင်လများက မော်ချီးဒေသ၌ KNPP ထိန်းချုပ်နယ်မြေရှိ နေရာအချို့တွင် ဆက်သွယ်ရေးတာဝါတိုင်များ လာရောက်စိုက်ထူရန်အတွက် စတင်လုပ် ဆောင်ခဲ့သော်လည်း KNPP မှ ၎င်းအတွက် အခွန်ကောက်ခံခြင်းကြောင့် ဆက်လက်လုပ်ဆောင်ရန် ကြန့်ကြာနေခဲ့ခြင်းဖြစ်သည်။ “အခွန်က မူပေါ်လစီရှိတယ် ပြောတာပေါ့နော်။ ပွင့်ပွင့်လင်းလင်းပြောတယ်။ ခင်ဗျားတို့ပေးရမယ်။ သူတို့ကိုပြောတော့ သူတို့က ပေးဖို့ခက်တယ် ရှိတယ်ပေါ့နော့။” ဟု KNPP ဆက်ဆံရေးတာဝန်ခံ(လွိုင်ကော်) ဆက်ဆံရေးတာဝန်ခံ ခူညေးရယ်က ပြောသည်။ ဆက်သွယ်ရေးလိုအပ်ချက်ရှိနေသော ဖါးဆောင်းမြို့နယ် မော်ချီးဒေသတွင် ဆက်သွယ်ရေးဖုန်းတာဝါတိုင် ဆောက်လုပ်ရန်အတွက် တယ်လီနောဆက်သွယ်ရေးကုမ္ပဏီမှ လက်နက်ကိုင် အဖွဲ့အစည်းနှင့် ညှိနှိုင်းနေရပြီး […]

ကော်မိန်း ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအနက်မှ တစ်မျိုးဖြစ်သော ယင်းတလဲ လူမျိုးများအနေဖြင့် လူမျိုးမကွယ်ပျောက်ရေးအတွက် မိမိလူမျိုးအပေါ် အလေးအနက်ထားကြစေလိုကြောင်း ယင်းတလဲ လူငယ်အကြံပေး ကိုဝင်းဇော်က    ပြောသည်။ “အရင်တုန်းကဆိုရင် ဒီဝမ်ဗလတို့၊ ဟော်ခမ်းတို့ဆိုရင် ယင်းတလဲတွေရှိခဲ့တယ် ဒါမယ့် ကိုယ့်ကိုယ်ကိုယ် ယင်းတလဲလို့မခံယူ ကြဘူး။ ကိုယ့်ကိုယ်ကိုယ် ယင်းတလဲလို့ မပြောကြဘူး။ အဲ့ကြောင့် ယင်းတလဲတွေက ပျောက်ကုန်တယ်။ ကိုယ့်လူမျိုးကိုလည်း အလေးနက်မထားကြတာလည်းပါတယ်” ဟု ၎င်းက ပြောသည်။ ယခင်ပြည်တွင်း စစ်ဖြစ်ပွားခဲ့သည့်အချိန်တွင် စစ်ဘေးလွတ်ရာ ရှောင်ရှားနေရခြင်းကလည်း ယင်းတလဲ လူမျိုးများကို တကွဲ တပြားဖြစ်စေခဲ့ပြီး တခြားသောလူမျိုးများနှင့် အတူနေလာခဲ့ကြရာမှ ကိုယ်တိုင်လည်း ယင်းတလဲလူမျိုးဟု မခံယူခဲ့ကြတော့ဘဲ တခြားသောမျိုးနွယ်စုအမည်သို့ ခံယူလိုက်ကြသည့်သူများလည်း များစွာရှိခဲ့သည်ဟုသိရသည်။ “ယင်းတလဲဟုတ်ပါရက်နဲ့အလွယ်ေလးလုပ်သွားကြတာမျိုးပေါ့။ ကိုယ့်လူမျိုးနဲ့ကိုယ်မခံယူရဲတာတွေ လည်းရှိတာပေါ့။ […]

မူအက်စတာ ကယား(ကရင်နီ) ပြည်နယ်အတွင်း ရဲတပ်သားတာဝန်ထမ်းဆောင်ရန် အမျိုးသားများထက် အမျိုးသမီးများက ပိုမိုစိတ်ဝင်စား လျက်ရှိပြီး လာရောက်လျှောက်ထားသူများပြားခဲ့သည်ဟု ပြည်နယ်ဒု/ရဲအုပ် လင်းသူမောင်က ပြောသည်။ “ ရဲက ဝါသနာနဲ့လည်းဆိုင်တယ်၊ မိန်းကလေးတွေ ပိုများနေတယ်ဆိုတာကတော့ ဒီကယားပြည်နယ်မှာ မိန်းကလေးတွေက ရဲမေလုပ်ဖို့ ပိုပြီးတော့ဝါသနာပါတယ် လို့ ပြောရမှာပေါ့ ” ဟု ဒုရဲအုပ်လင်းသူမောင်က ပြောသည်။ ကယားပြည်နယ်တွင် ရဲတပ်သားပေါင်း (၁၉၀)ဦး စုဆောင်းရန်အတွက် လျှောက်လွှာများခေါ်ယူခဲ့ရာတွင် လာရောက်လျှောက်ထားသူပါင်း (၂၄၀) ဦးရှိခဲ့ပြီး ထိုအထဲတွင်မှ အမျိုးသမီးဦးရေ (၁၆၀) ဦး ပါဝင်လာခဲ့သည်။ပြည်နယ်အတွင်း အလုပ်သမားကဒ် လာရောက်လျှောက်ထားသူများထဲတွင်လည်း ရဲမေအလုပ်အတွက်လျှောက်ထားသူအများဆုံး ဖြစ်ခဲ့သည်ဟု အလုပ်သမားဦးစီးဌာနမှ ဒုဦးစီးမှူးကပြောသည်။ “အများဆုံးလာလျှောက်ထားတာကတော့ ရဲလုပ်မယ့်သူတွေပဲ၊ ရဲမေတွေရောပေါ့။ ရဲတွေကိုသီးသန့်လုပ်ပေးတာ […]

မူအက်စတာ ယခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အယ်လ်နီညိုရာသီဥတုကြောင့် ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာအများစုတို့မှာ ရေရရှိရေးစီမံကိန်းများကိုသာ အများဆုံးလိုအပ်နေကြသည်ဟု လူထုဗဟိုပြုစီမံကိန်း (CDD)ပရောဂျက် နည်း       ပညာအကြံပေးအဖွဲ့ ခေါင်းဆောင် ကိုကျော်စွာက ပြောသည်။ “ရေရှားလို့ အယ်နီညိုရာသီဥတုဖြစ်ပေါ်လို့ ရေခမ်းကုန်တာ” ဟု ကိုကျော်စွာက ပြောသည်။ လူထုလိုအပ်ချက်များအတွက် ပြုလုပ်ပေးသည့် လူထုဗဟိုပြုစီမံကိန်းတွင် ဖရူဆိုမြို့နယ်အတွင်း ရေရရှိရေးမှာ အရေးကြီးဆုံး ကဏ္ဍ ဖြစ်လာခဲ့ပြီး စီမံကိန်းတွင်ပါဝင်နေသည့် လုပ်ငန်းပေါင်း ၆၄ ခုထဲမှ မဖြစ်မနေလုပ်ဆောင်သွားရမည့် အစိတ်အပိုင်း    လည်း ဖြစ်လာခဲ့သည်။လုပ်ဆောင်ခဲ့ပြီးသည့် စီမံကိန်းများကိုလည်း စောင့်ကြည့်လျှက်ရှိပြီး နှစ်စဉ်နှစ်တိုင်း ပြန်လည်ပြုပြင်ထိန်းသိမ်းသည့်အပိုင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဖရူဆိုမြို့နယ် လူထုဗဟိုပြုစီမံကိန်း၊ မြို့နယ်စီမံကိန်း […]

မူအက်စတာ ရာသီဥတုပြောင်းလဲလာသည့်နောက်ပိုင်းတွင် လယ်ယာလုပ်ကိုင်သည့်သူများသည် တောင်ယာအဖြစ်သို့ လုပ်ကိုင်လာ           ကြသည့်အတွက် တောင်ယာခုတ်ခြင်း ၊ တောင်ယာမီးရှို့ခြင်း ၊ တောင်ယာတိုးချဲ့ခုတ်ယူခြင်း လုပ်ငန်းကို ယခုနှစ်ပိုင်းတွင်        တော်တော် များများပြုလုပ်လာကြသည်။ “လယ်မလုပ်နိုင်တော့တဲ့အတွက်ကြောင့် တောင်ယာကို ပိုခုတ်လာကြတယ်။ တောင်ယာပိုခုတ်လာတော့ ကျွန်တော်တို့ဆီမှာ တောင်ယာခုတ်တဲ့ ပြဿနာက၊ ကျွန်တော်တို့ဆီမှာ မြေရှိတယ်၊ ဒါပေမဲ့ အပင်မကောင်းဘူး၊ အပင်မကောင်းတဲ့အခါကျတော့     အခြားနေရာသွားခုတ်တယ်၊” ဟု ဒီးမော့ဆိုမြို့နယ် ဟန်လီကျေးရွာမှ ဦးတိုးအီက ၎င်းတို့ နှစ်စဉ်တောင်ယာပိုပို ခုတ်နေရမှု အကြောင်းကို ပြောသွားသည်။ လွန်ခဲ့သည့် ၂၀၁၅ခုနှစ် ဩဂုတ်လတွင်းတွင် […]