spot_imgspot_imgspot_imgspot_img
Sunday, February 16, 2025
spot_imgspot_imgspot_imgspot_img

PNOထိန်းချုပ်နယ်မြေတွေမှာ စစ်မှုထမ်းဆက်ခေါ်နေပြီး ပြည်ပရောက်လူငယ်တွေ ဆယ်သိန်းအထိ ဒဏ်ကြေးပေးဆောင်နေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပအို့ဝ်ပြည်သူ့စစ် PNO ထိန်းချုပ်နယ်မြေတွေမှာ စစ်သားစုဆောင်းမှုကို ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းလောက်ကတည်းက စတင်ခေါ်ယူခဲ့တာဖြစ်ပြီး အခြေခံစစ်သင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၇ အထိ သင်တန်းပြီးမြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ယခုလက်ရှိမှာ ဆက်လက်ခေါ်ယူနေတယ်လို့ သိရပါတယ်။

စစ်မှုထမ်းအတွက် ယခင်က တအိမ်ထောင်ကို သုံးသိန်းခွဲကောက်ခံကာ မပေးဆောင်နိုင်တဲ့ မိသားစုတွေမှာ စစ်မှုထမ်းလိုက်ရတာတွေရှိပြီး ယခုလက်ရှိမှာလည်း ထပ်မံခေါ်ယူနေပြီး ကျေးရွာအတွင်းနေထိုင်သူတွေကို သုံးသိန်းကောက်ခံကာ၊ ပြည်ပရောက်သူတွေကိုတော့ ဆယ်သိန်းအထိ ကောက်ခံလာတယ်လို့ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုအတွင်းမှာ နေထိုင်ပြီး လက်ရှိမှာ ထိုင်းနိုင်ငံကို ရောက်ရှိသူတစ်ဦးက ပြောပါတယ်။

“အရင်က ပိုက်ဆံတောင်းတယ်။ တအိမ် သုံးသိန်းခွဲ။ မပေးနိုင်ရင် စစ်မှုထမ်းရတယ်။ သူငယ်ချင်းတစ်ယောက်ပါသွားတယ်။ အခုလည်း ကျနော်တို့လည်း ပါတယ်လေ။ အိမ်က ငွေပေးလိုက်ရတယ် ပြောတယ်။ တစ်နှစ်စာ ဆယ်သိန်း။ ရွာမှာဘဲနေတယ်ဆို တအိမ် သုံးသိန်း၊ နိုင်ငံခြားရောက်နေတယ်ဆို ဆယ်သိန်းပေါ့။” လို့ သူက ပြောပါတယ်။

ဆီဆိုင်မြို့သိမ်းတိုက်ပွဲဖြစ်ပြီးနောက် PNO က စစ်မှုထမ်းဖို့ ဆက်တိုက်ခေါ်ယူနေခဲ့တာ ဖြစ်ပါတယ်။
အသက် ၁၈ နှစ်ကနေ ၃၅ အတွင်းကို ကန့်သတ်ထားပေမယ့်လည်း တကယ့်လက်တွေ့မှာက ကွာခြားနေပြီး ရှေ့တန်းစစ်မြေပြင်မှာလည်း အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ ပါလာတာတွေ့ရတယ်လို့ ပအို့ဝ်လူငယ်အဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“တကယ့်လက်တွေ့မှာတော့ အသက် ၁၈ နှစ်ကနေ ၆၀ အတွင်း ခေါ်တဲ့ဟာမျိုးတွေ ကျမ တို့အများကြီး တွေ့ရတယ်ပေါ့နော်။ တချို့ကတော့ အသက်၁၈နှစ်အောက် လူငယ်တွေလည်း ပါလာတယ်ပေါ့နော်။၂၀၂၄ က ပင်လောင်းမှာပေးတဲ့ စစ်သင်တန်းမှာဆိုရင် ကျောင်းမပြီးသေးတဲ့ ကျောင်းသားတွေကိုလည်းခေါ်တာမျိုးရှိတယ်။ အဓိကတော့ လူတိုင်းက စစ်သင်တန်းတက်ထားသင့်တယ် တက်ဖို့လိုအပ်တယ်ဆိုတာမျိုးနဲ့ခေါ်တယ်။ အဲ့ကြောင့်မလို့ အသက်မပြည့်သေးတဲ့လူငယ်တွေ အများကြီးပါလာတယ်။ကလေးသူငယ် စစ်သားစုဆောင်းရေးက ဘယ်အဖွဲ့မှာမှ မရှိသင့်တဲ့တခုတော့ဖြစ်တယ်။ နိုင်ငံတကာ ဥပဒေကိုကြည့်ရင် လုပ်လို့မရဘူး။ ဒီနောက်ပိုင်းမှာ ရှေ့တန်းပို့တဲ့ အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေပါလာတယ်။ ဒီလိုမျိုးတွေဖမ်းဆီးရမိတဲ့ထဲမှာ ဗီဒီရိုဖိုင်နှင့်တကွ တက်လာတာမျိုးတွေ တွေ့ရတယ်။ နောက်ပိုင်း ဆီဆိုင်ရဲ့ အရှေ့ဘက်ခြမ်းမှာ ကျသွားတဲ့အထဲမှာကလေးသူငယ်တွေ အသက်မပြည့်သေးတဲ့ ၁၄ နှစ် ၁၅ နှစ် အရွယ်တွေ ပါတဲ့ဟာမျိုးတွေ ရှိတယ်” လို့ ပြောပါတယ်။

နယ်စပ်တစ်နေရာမှာ စစ်ရှောင်ရင်း ကျောင်းတက်နေတဲ့ ဆီဆိုင်မြို့နယ် ၊ နောင်ကျောကျေးရွာအုပ်စုကအတွင်းမှာနေထိုင်တဲ့ အသက် ၂၀ အရွယ် နောက်ထပ်လူငယ်တစ်ဦးကလည်း သူတို့နေထိုင်ရာကျေးရွာမှာ စစ်မှုပြန်လာထမ်းဖို့ ခေါ်ဆိုနေပြီး ပြန်မလာနိုင်ရင် ငွေကြေးပေးဆောင်ရမှာ ဖြစ်တယ်လို့ သူက အခုလို ပြောပါတယ်။

“စစ်မှုပြန်လာထမ်းဖို့ခေါ်တယ်။ ပြန်မလာနိုင်ရင်တော့ ငွေကြေးပေးဆောင်ရတယ်လို့ အိမ်က ဆက်သွယ်လာတယ်။ တစ်ယောက်ကို ၁၀ သိန်းပေးရမယ်ပြောတယ်။ ကျနော်ကတော့ ပြင်ပမှာဆိုပေမယ့် အလုပ်လုပ်တာ မဟုတ်ဘူး။ နယ်စပ်မှာ စစ်ရှောင်ရင်း ကျောင်းတက်နေရတာပဲ ရှိသေးတာဆိုတော့ ကင်းလွတ်ခွင့်ပေးဖို့ကို တောင်းဆိုထားတယ်။ အကြောင်းတော့ မပြန်သေးဘူး။ အိမ်ကလူနဲ့ ဆက်သွယ်ဖို့ကလည်း သူတို့ဘက်က အင်တာနက်ခက်ခဲနေတော့ အဆင်မပြေဘူး”လို့ ပြောပါတယ်။

သက်ကြီးရွယ်အိုတွေပဲ နေထိုင်ကြတဲ့ နေအိမ်တွေ၊ ယောကျာ်းသားတွေ မရှိတဲ့ မိသားစုဝင်မှာတော့ စစ်မှုထမ်းဖို့ အဆင်မပြေတဲ့အတွက် ငွေပေးဆောင်ရတာတွေ ဒါမှမဟုတ် လူငှားပြီးပို့ရတာတွေ တွေ့ရှိတယ်လို့ ပအို့ဝ်လူငယ်အဖွဲ့ဆီက သိရပါတယ်။

ပြည်ပရောက်နေတဲ့လူငယ်တွေတော့ စစ်မှုပြန်လည်ထမ်းဆောင်တာမျိုုးတွေ မလုပ်ကြပဲ ငွေကြေးပမာဏသာ ပေးဆောင်ကြပြီး တစ်ရွာနဲ့တစ်ရွာ ရွာလူကြီးတွေအပေါ် မူတည်ပြီး ပေးဆောင်ရတဲ့ ပမာဏတွေ ၊ ပေးဆောင်ရတဲ့ အချိန်တွေ မတူဘူးလို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts