ထျိုးမြာ အနာဂတ်တွင် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ရေးတွင် ကျား- မရေးရာဂျဲန်ဒါ ဆန်းစစ်မှုများကို ပြုလုပ်ပြီး အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများတွင် ဂျဲန်ဒါကျွမ်းကျင်သည့် ပညာရှင်များထားရှိရန် ကျား-မ တန်းတူရေးရာမဟာမိတ်အဖွဲ့ (AGIPP) က စက်တင်ဘာ လ(၃)ရက်က ကြေငြာချက်တစ်စောင်ထုတ်ပြန် တောင်းဆိုလိုက်သည်။ အဆိုပါ ကြေညာချက်မှာ ၄ ရက်ကြာကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်ချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးအပြီးတွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ကျား-မတန်းတူရေးရာမဟာမိတ်အဖွဲ့ (AGIPP) ပဲကိုင်ကော်ရှင်ကော်မတီဝင် ဒေါ်သင်းသင်းအောင်က “ ကျွမ်းကျင်ပညာရှင်ဆိုတာက ကျား-မရေးရာကဏ္ဍနဲ့ ပတ်သက်ပြီး တွေးခေါ်တတ်တဲ့သူ၊ မျှတဖို့ ။ကျားကော မကော ပါဝင်မှုဘယ်လောက်ရှိသလဲ။ ဆုံးဖြတ်ချက်တစ်ခု၊ မူဝါဒတစ်ခုချလိုက်ပြီဆိုရင် အမျိုးသမီးတွေကို ဘယ်လောက်ထိ အကျိူးပြု သလဲ၊ အမျိူးသားတွေအတွက်ကော […]